နောက်နေ့မနက် ရိပေါ်နိုးလာတဲ့အထိ ရှောင်းကျန့်မနိုးသေးဘူး။ ရိပေါ်သူ့နှဖူးလေးကို ပွတ်သပ်လိုက်ပေမယ့် လှုပ်တောင်မလှုပ်တာမို့ သူ့ဘာသာ ထလိုက်တယ်။ ရှောင်းကျန့်ဒီအိမ်ကို စရောက်တည်းက အိပ်ပျော်နေတာကို မနှိုးချင်ခဲ့တာ။ သူနိုးတာကို စောင့်ရင်း နှောင့်နှေးခဲ့ရတဲ့ ကိစ္စတွေအများကြီးရှိခဲ့ပေမယ့် တစ်ခါမှတော့ သေချာမတွေးကြည့်ဖူးဘူး။ အခုတွေးကြည့်တော့မှ အိမ်ရေးမဝပဲ မူးနောက်နောက်ဖြစ်ပြီး နေလို့မကောင်းမှာစိုးရိမ်တာဖြစ်တယ်။ အဲ့ခံစားချက်က အချစ်ဆိုတာကနေ ဖြစ်လာတာဖြစ်မယ်။
ရိပေါ် ဆေးလိပ်သောက်ချင်လို့ဝရန်တာဖက်ထွက်လာခဲ့တယ်။ သူ့မှာ သူငယ်ချင်းအပေါင်းဖော်ဆိုတာမရှိတာမို့ ဆေးလိပ်နဲ့ ဝီစကီကိုအဖေါ်ပြုရင်း နဲနဲတော့သောက်တတ်လာတယ်။ ရိပေါ် အပြင်ဖက်ကို မီးခိုးတွေ ထုတ်ရင်း သူ့ကိုကြည့်နေသလိုခံစားရတာမို့လှည့်ကြည့်လိုက်တယ်။ ရှောင်းကျန့်က ပက်လက်အနေထားကနေ တစ်ဖက်လှည့်ပြီး အိပ်နေတယ်။ ရိပေါ်ဆေးလိပ်မီးကို သတ်ပြီး ပြုံးပြုံးနဲ့ ရှောင်းကျန့်နားရောက်လာတယ်။
"Bae..."
အိပ်ချင်ဟန်ဆောင်နေပါတယ်ဆို စိမ်းသက်တဲ့အခေါ်ဝေါ်ကြီးကြောင့် ရှောင်းကျန့် ပုခုံးလေး တွန့်သွားတယ်။
"ကိုယ်ပြောမလို့မေ့နေတာ။ ကိုယ်က မင်းကို လူတွေ့အရှေ့မှာ ဟင်းချက်ကျွေးပြရမယ့်အစီစဉ်ကို လက်ခံထားတယ်။"
ရှောင်းကျန့် အိပ်နေရာက ဆက်ကနဲထလာပြီး
"ဘာလို့လက်ခံလိုက်တာလဲ။ ခင်ဗျား ဘာဟင်းချက်တတ်လို့လဲ။"
"အဲ့တာ ကိုယ့်ကို သင်ပေး။"
"ကျွန်တော်လည်း ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥပဲကြော်တတ်တာ။ "
"အာ...ဒါဆို...ကြက်ဥကြော်ပဲသင်ပေးမလား။"
"မသင်ပေးချင်ပါဘူး။"
ရုတ်တရက်ကြီး အသံပြောင်းသွားတာကြောင့် ရိပေါ် သူ့နားကိုကပ်လာတယ်။
"ညတည်းက တစ်မျိူးပဲ။"
"အထင်မှားနေတာပါ။ ဒီပုံပဲ။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။