Part - 2

1K 96 0
                                    

မြို့လယ်​​ခေါင်​တွင်​ရှိပြီး မြင်​ရသူမှန်​သမျှကြက်​သီး​မွေးညှင်းထကာ အလွန်​ကြီးမားလွန်း​သော အနက်​​ရောင်​​ဆေးများဖြင့်​ဖုံးလွှမ်းထား​သော ရဲတိုက်​ကြီးအတွင်း၌

" ဒုံး ........ ခွမ်း ........ ချလွမ်း "

ဆိုတဲ့ ​ဒေါသတကြီး ဖန်​ခွက်​ကို လွှင့်​ပစ်​လိုက်​သံတို့က ကျယ်​​လောင်​စွာထွက်​​ပေါ်လာ​လေ​သည်​။

John : မင်းတို့ဒီ​လောက်​​တောင်​အသုံးမကျဘူးလား ​မွေးကင်းစက​လေး​လေးတစ်​​ယောက်​ကို​တောင်​မရှာနိုင်​ဘူးလား

John ရဲ့ ​ဒေါသတကြီး​အော်​ဟစ်​မှုအပြီးမှာ ​အ​စောင့်​​လေး ၂​ယောက်​က​တော့ ​ကြောက်​လွန်း၍ ဒူးများပင်​တုန်​၍​နေ​လေပြီ
တခြား​ကြောင့်​မဟုတ်​ Johnရဲ့​ဒေါသကိုသိ၍ဖြစ်​သည်​။ John ​ဒေါသကြီးလာလျှင်​ ​သူမ​ကျေနပ်​သူကို သူ့ရဲ့ Ice power ဖြင့်​ ​ရေခဲထဲ ပိတ်​​လှောင်​ထားနိုင်​ပြီး ​လူကိုလည်း​ရေခဲဖြစ်​​အောင်​လုပ်​ပြီး ​သတ်​ပစ်​နိုင်​​သော​ကြောင့်​ပင်
လာ​လျှောက်​​သော အဖွဲ့​ခေါင်း​ဆောင်​မှာလည်း မျက်​ခုံးခပ်​လှုပ်​လှုပ်​ဖြင့်​ စိတ်​ကိုအသင့်​ပြင်​ကာ ​ပြေရာ​ပြေ​ကြောင်း​လျှောက်​ရ​တော့သည်

Guard : စိုးရွံ့မိပါတယ်​ သခင်​ကြီး ကျွန်​​တော်​တို့မြို့ထဲမှာ​တော့ ရှာတာနှံသွားပါပြီ သခင်​ကြီး လဝန်းနီထွက်​​ပေါ်လာချိန်​မှာ ​​မွေးတဲ့က​လေးမ​တွေ့​သေးပါဘူး သခင်​ကြီး အခုမြို့စွန်​​တွေကိုသွားရှာ​နေပါတယ်​ မကြာမီသတင်းကြားရမှာပါ သခင်​ကြီး

John : ​အေး.....​ကောင်းပြီ ...... မရရ​အောင်​ရှာလာခဲ့ ရှာမ​တွေ့လို့က​တော့ မင်းအသက်​နဲ့ခန္ဓာမြဲမယ်​မထင်​နဲ့

Guards : ဟုတ်​....... ဟုတ်​ကဲ့ပါ .....သခင်​ကြီး

John : သွားရှာကြ​တော့​လေ ဘာလုပ်​​နေတာလဲ

John ရဲ့​ဒေါသတကြီး ​ပြောဆိုမှုအပြီးမှာ တပ်​သား​လေး ၃​ယောက်​လည်း ကုတ်​​ချောင်းကုတ်​​ချောင်းဖြင့်​ထွက်​သွား​လေသည်​။
အိမ်​​တော်​ကြီး၏ ဧည့်​ခန်းမတွင်​​တော့ John ၏ ​တောက်​​ခေါက်​သံကို ကျယ်​​လောင်​စွာကြားလိုက်​ရ​လေသည်​။

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Where stories live. Discover now