တောကြီးမျက်မည်းထဲတွင် ကောင်မလေးတစ်ယောက် ပါးစပ်ကလည်းပွစိပွစိပြောရင်း တစ်နေရာသို့ဦးတည်သွားလေသည်။
Su : ဘယ်လိုနေရာကြီးလဲမသိဘူး ဒီလောက်တောနက်ကြီးထဲကို ဘာတွေများသင်ပေးမှာမို့လို့လဲ ပြီးတော့မိန်းကလေးတစ်ယောက်တည်းကို လာခေါ်မယ်လည်းမရှိဘူး တစ်ယောက်တည်းလာခိုင်းတယ် ဟွန့်........ ဒေါသထွက်လိုက်တာ .......
Su ကတော့တစ်ယောက်တည်းပြောချင်တာတွေပြောပြီး လျှောက်နေလေသည်။ အကွယ်တစ်နေရာကနေကြည့်နေတဲ့ကောင်လေးတစ်ယောက်ကတော့ Su ကိုကြည့်ပြီးရီနေလေသည်။
Lay : (^_^) (^_^) (^_^) တစ်ယောက်တည်းပြောချင်တာတွေပြောပြီးလျှောက်နေတာ အနောက်ကလူပါလာတာတောင်မသိဘူး စတောင်စချင်လာပြီ
ခဏကြာသော်.........
Lay : ဟာ ဒီကောင်မလေးဘယ်ရောက်သွားပြန်ပြီလဲမသိဘူး ခဏလေးမျက်စိအောက်ကလွတ်တာနဲ့ ပျောက်သွားတော့တာပဲ လမ်းမှားရောက်သွားပြီလားမသိဘူး.....မဖြစ်ဘူး အဲ့ဘက်က အန္တရာယ်များတယ် မြန်မြန်လိုက်သွားမှ
Lay လည်း စိတ်ပူစွာဖြင့် လမ်းမှားဆီသို့သွားလေသည်။ သွားရင်းသွားရင်းဖြင့် Su ကိုမှီလာလေသည်။
Lay : Yar......Suho
Su လည်း သူ့နာမည်ခေါ်လို့လှည့်ကြည့်လိုက်ရာ အလွန်စိတ်ပူနေသောပုံစံဖြင့် Lay ကိုတွေ့လိုက်သောအခါ ကြောင်သွားသည်။
Lay : ဘာမှမဖြစ်ဘူးနော်
Su : အင်....Su ကဘာဖြစ်ရမှာလဲ
Lay : Yar.... မြေပုံပေးထားရဲ့သားနဲ့ လမ်းမှားကိုမှရွေးသွားရသလား ရှေ့သာနဲနဲလေးပိုရောက်သွားရင် ဒုက္ခရောက်နေလောက်ပြီ...... လာ ဒီဘက်ကိုပြန်သွားရမှာ
ဆိုပြီး Su ရဲ့လက်ကိုဆွဲခေါ်သွားလေသည်။ တစ်နေရာအရောက် အိမ်ကြီးတစ်လုံးကိုတွေ့ရလေသည်။
YOU ARE READING
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...