Part - 24

550 58 2
                                    

အလင်း​ရောင်​မှိန်​ပျပျသာရှိ​နေ​သောစာကြည့်​ခန်းတစ်​ခုအတွင်း၌ ​ကောင်​​လေးတစ်​​ယောက်​ တစ်​ခုခု​တွေ့လို​တွေ့ငြားရှာ​နေ​လေသည်​။ အ​တော်​ကြာ​မွှေ​နှောက်​ရှာ​ဖွေပြီး​နောက်​ အံဆွဲတစ်​ခုအတွင်း ပုံစံတူစာလိပ်​​လေးများစီထားသည်​ကို​တွေ့လိုက်​​လေသည်​။

Chen pov : ဒီစာလိပ်​​တွေက ငါ​နေ့လည်​က ဂူထဲမှာ John က ငါတို့​ခေါင်း​ဆောင်​ကို​ပေးလိုက်​တဲ့ စာလိပ်​နဲ့တူလိုက်​တာ

ဆိုပြီး ​ရှေ့ဆုံးမှာရှိ​နေတဲ့စာလိပ်​ကိုယူပြီး ဖွင့်​ဖတ်​လိုက်​​လေသည်​။ ​ရေးထားတဲ့စာ​တွေက ​ဆေးစာလိုလို​တွေမို့သိပ်​နားမလည်​ချင်​​သော​ကြောင့်​ စာလုံး​တွေကိုသာမှတ်​ထားလိုက်​​လေသည်​။
စာဖတ်​​နေရင်းဖြင့်​ ထိုအခန်းသို့ဦးတည်​လာ​သော​ခြေသံတစ်​ခုကိုကြားရပြီး တံခါးလက်​ကိုင်​ကိုဆွဲလှည့်​လိုက်​​သောအသံကြားရ​သော​ကြောင့်​ ကမန်းကတမ်းစာလိပ်​ကို အံဆွဲထဲသို့ထည့်​ပြီးဟန်​မပျက်​​နေလိုက်​​လေသည်​။ ထို့​နောက်​အခန်းထဲသို့လူကြီးတစ်​​ယောက်​ဝင်​လာ​လေသည်​။

Chen : အစည်းအ​ဝေးက​နေပြန်​​ရောက်​လာပါပြီလား ​ခေါင်း​ဆောင်​ကြီး။ ကျွန်​​တော့်​ကို​ခေါ်တယ်​လို့သိရပါတယ်​။

Dan : အင်း.... ဟိုက​လေးရှာတဲ့အ​ခြေအ​နေဘယ်​လိုလဲ

Chen : ​ကျောင်းသားဦး​ရေ ၃ ပုံ ၂ ပုံ​လောက်​ကိုစမ်းပြီး​ပေမယ့်​မ​တွေ့​သေးပါဘူး မကြာခင်​မှာ​တွေ့ရ​တော့မှာပါ

Dan : အင်း ​ကောင်းပြီ ဖြစ်​နိုင်​သမျှအမြန်​ဆုံးလုပ်​ပါ

Chen : Nae ဒါနဲ့တစ်​ခု​လောက်​​မေးလို့ရမလား

Dan လည်း ဘာလဲဆိုသည့်​သ​ဘောဖြင့်​​ခေါင်းဆတ်​ပြလိုက်​​လေသည်​။

Chen : အဲ့ဒီက​လေးကိုဘာလို့ရှာ​နေတာလဲ ဘာ​တွေအကျိုးရှိမှာလဲသိချင်​လို့ပါ

Dan : သူမရဲ့အစွမ်းကိုလိုအပ်​လို့

Chen : Nae!

Dan လည်း Chen ကို ဘာလို့ဒီ​လောက်​​တောင်​သိချင်​ရတာလဲဆိုတဲ့ ပုံစံနဲ့စိုက်​ကြည့်​လိုက်​​တော့ Chen လည်း လန့်​ဖြန့်​ပြီး

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Opowieści tętniące życiem. Odkryj je teraz