ညအချိန် လပြည့်ညမဟုတ်ပေမဲ့ တိမ်ကင်းစင်နေပြီး မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပနေသော ကြယ်ကလေးများကြောင့် ညအလှကိုအပြည့်အဝပေးနိုင်သော ကောင်းကင်ကိုမော်ကြည့်နေကြသော လူ ၄ ယောက်၊ စကားသံတွေကတော့တိတ်ဆိတ်၍နေလေသည်။ ထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်က
Baek : Unnie ဘယ်တော့သွားမှာလဲ
Su : မနက်ဖြန်မနက်သွားမှာပါ
Baek လည်း အသက်မပါသောအပြုံးကို ပြုံးလိုက်ပြီး
Baek : ကောင်းကောင်းသွားပါ Unnie
Baek အိပ်ချင်လာပြီ သွားအိပ်တော့မယ် မနက်တော့ထပြီးမနှုတ်ဆက်တော့ဘူးနော်.....Baek လည်း မျက်ဝန်းက မျက်ရည်များထွက်မလာခင် ကမန်းကတမ်းထကာ အခန်းထဲသို့သာဝင်လာတော့သာယည်။ ဒါတောင် စကားအဆုံးတွင် အသံကတုန်သွားသေးသည်။
Su pov : Su လည်း Baek ကိုကြည့်ပြီးစိတ်မကောင်းပေ။ Su စစခြင်း ၂ နှစ်လောက်ထွက်သွားမယ်ဆိုပြီး ပြောတုန်းကဆိုရင် လုံးဝမယုံနိုင်တဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ပြီး ဝမ်းနည်းမှုကြောင့်မျက်ရည်များပင် ဝဲတက်လာခဲ့သည်လေ။ အခုလည်း ကျိန်းသေပါတယ် သူ့အခန်းထဲမှာငိုနေမယ်ဆိုတာ။ Su လည်း သက်ပြင်းသာချနိုင်တော့သည်။
Xiu : Baek လေး အဆင်ပြေသွားမှာပါ ငါတို့လည်း ရှိနေမှာပဲလေ။
Xiu ကတော့ Su ကိုအားပေးစကားပြောလေသည်။
Yeol : Noona စိတ်ချပါ ကျွန်တော် Baek ကို ဘယ်သူမှမထိနိုင်အောင်စောင့်ရှောက်မှာပါ။ ကျွန်တော်ရှိနေသမျှ Baek ကို ဘယ်သူမှမထိစေရဘူး
Su : Gomawoyo Chanyeol ya
Yeol : ဒါဆို ကျွန်တော်လည်း အထဲဝင်တော့မယ်နော်
Xiu နဲ့ Su လည်း ခေါင်းသာငြိမ့်ပြလိုက်သည်။
Xiu : Su ငါတို့လည်း အထဲဝင်ရအောင်လေ အပြင်မှာ လေအေးတွေတိုက်နေပြီ
ESTÁS LEYENDO
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanficSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...