Chanyeol နှင့် Xiumin လည်း Isu အိမ်သို့ရောက်သော် အိမ်ထဲဝင်မလို့လုပ်ပေမဲ့ လူ ၅ ယောက် အမှောင်ကွယ်ကာ တစ်ခုခုလုပ်နေသည်ကိုတွေ့သောကြောင့် အိမ်ထဲမဝင်ဘဲ အကွယ်တစ်နေရာမှချောင်းကြည့်နေလိုက်သည်။
Yeol : Noona သူတို့ဘာလုပ်နေကြတာလဲမသိဘူး
Xiu : ချောင်းကြည့်ရအောင်
Man : မြန်မြန်လုပ် Sir စောင့်နေပြီ
Man : Nae
ထိုအချိန် Isu ရောက်လာကာ
Isu : အားလုံးအဆင်သင့်ဖြစ်ပြီလား
Men : Yes, Sir.
Isu : သွားကြရအောင်
Isu နှင့် သူ့လူ ၅ ယောက်လည်း မျက်နှာဖုံးစွပ်ထားသော လူ ၄ ယောက်ကိုထမ်းကာ မြို့လယ်ရှိတားမြစ်ထားသော တောအုပ်ကြီးဆီသို့ဦးတည်ကာထွက်သွားလေသည်။
Xiu : သူတို့နောက်က လိုက်ကြည့်ရအောင်
Yeol : Sir Isu က ခိုးကြောင်ခိုးဝှက်နဲ့ဘာလုပ်နေတာလဲမသိဘူး
Chanyeol နှင့် Xiumin လည်း Isu တို့နောက်သို့လိုက်သွားကြလေသည်။ Isu တို့သွားရာနောက်လိုက်ရင်း Chanyeol တို့တွေ့လိုက်ရသည်က ကန့်သတ်တောကြီးအတွင်းက ဂူကြီးတစ်ခု ထိုဂူကတော့ John ရှိနေတဲ့ဂူပေ။ Isu တို့ ဂူထဲဝင်သွားတော့ Chanyeol နှင့် Xiumin လည်း သူတို့နောက်သို့ လိုက်ဝင်လေသည်။
Yeol : Noona! ...... ဒါ Chen ပြောတဲ့နေရာနဲ့တူတယ်
Xiu : အင်း ဟုတ်တယ်
Xiu pov : ဒါဆို Appa ရှိမှာပေါ့နော် Appa က တကယ်ပဲမကောင်းတဲ့လူလားဟင် တကယ်ဆိုရင် Xiu ဘာလုပ်သင့်သလဲ Appa နဲ့လည်း ထိပ်တိုက်မတွေ့ချင်ဘူး
Yeol : Noona!
Xiu တစ်ယောက်အတွေးလွန်နေသဖြင့် Isu တို့ရပ်သွားသည်ကိုမသိလိုက်ဘဲ ဆက်လျှောက်မိတော့မလိုဖြစ်သွားသဖြင့် Yeol က လက်ဆွဲကာ ထိုင်ခိုင်းလိုက်ရသည်။
Xiu : Miyan
Yeol လည်းရတယ်ဆိုသည့်သဘောဖြင့် ဘာမှမပြောဘဲခေါင်းသာငြိမ့်ပြလိုက်လေသည်။ ခဏကြာတော့ လူတစ်ယောက် ကောင်လေးတစ်ယောက်ကိုထမ်းကာ ရောက်လာလေသည်။
YOU ARE READING
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...