လပြည့်ညဖြစ်သော်လည်း အခြားလပြည့်ရက်များနှင့်မတူ လပြည့်ဝန်းမှာထိန်ထိန်သာနေသည်မဟုတ် အနီရောင်ဘက်သို့ကူးပြောင်းနေလေသည်။ မြို့ထဲတွင်လည်း လူများရုတ်ရုတ်သဲသဲဖြင့် ဘာတွေများဖြစ်လာမလဲ ကြောက်လန့်တကြားစိုးရိမ်စွာ စောင့်ကြည့်နေကြသည်။ တားမြစ်နယ်မြေဖြစ်သော မြို့လယ်ခေါင်ရှိ သစ်တောကြီးအတွင်း ကောင်မလေးတစ်ယောက် တိတိကျကျပြောရလျှင် ထိုလဝန်းနီစွမ်းအားပိုင်ဆိုင်တဲ့ ကောင်မလေး လျှင်မြန်လှသောအရှိန်နှုန်းဖြင့် တောအုပ်၏အလယ်ဗဟိုသို့ဦးတည်သွားနေလေသည်။
အခြားတစ်ဖက်တွင်လည်း
Flashback Start
Baek ကို ဆက်သွယ်ပြီးနောက် မေ့လဲသွားသော Su အား
John : ဒီကောင်မလေးကို သူ့အခန်းထဲသွားထည့်ထားလိုက်
Man : Nae Sir.
John လည်းလှည့်ထွက်မယ်အလုပ်
Yeol : Wae....wae....ဘာလို့ ဒီလိုလုပ်တာလဲဟင် ပြီးတော့ ကျွန်တော်နဲ့ အဲ့ကောင်မလေးဘယ်လိုပတ်သတ်နေတာလဲ
John : Hk....Hk.... မေးခွန်းတွေက များလိုက်တာ မလောပါနဲ့ဖြေးဖြေးပေါ့ မင်းလည်းမကြာခင်သေရတော့မှာဆိုတော့ မင်းဘဝအကြောင်းတော့သိသင့်တာပေါ့ ဒါပေမဲ့ ငါမှာမင်းကိုပြောပြနေဖို့အချိန်မရှိဘူး အဲ့တော့မင်းရဲ့မှတ်ဉာဏ်ကို ပြန်လွှဲပေးခဲ့မယ် သတိရတာမရတာ မင်းအပိုင်းပေါ့
John လည်း Yeol ကို သူ့ရဲ့မှတ်ဉာဏ်တွေပြန်လွှဲပေးပြီးထွက်သွားလေသည်။ Yeol ကိုချည်ထားသောသံကြိုးများလည်းပြေလျော့သွားလေသည်။ Yeol ကတော့ သူ၏မူလမှတ်ဉာဏ်များ ပြန်ရလာသော်လည်း ဟိုတစ်ခုပေါ်လာလိုက်ပျောက်သွားလိုက် ဒီတစ်ခုပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့် ဦးနှောက်နှင့်မဆံ့တိုးဝင်လာသောမှတ်ဉာဏ်များကြောင့် ခေါင်းမခံနိုင်တော့ဘဲ တဆစ်ဆစ်ထိုးကိုက်ကာ ကြမ်းပြင်ပေါ်သို့လဲကျသွားလေသည်။
BINABASA MO ANG
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...