Part - 27

514 52 2
                                    

သစ်​ရွက်​များဖြင့်​စိမ်းလန်းစိုပြည်​​နေ​သော သစ်​ပင်​ကြီးတစ်​ပင်​​အောက်​တွင်​ ​ကောင်​​လေးတစ်​​ယောက်​နှင့်​ ​ကောင်​မ​လေးတစ်​​ယောက်​ မျက်​နှာချင်းဆိုင်​ရပ်​​နေကြသည်​။ ​ကောင်​မ​လေးက​တော့ ထို​ကောင်​​လေးကို အမှုစစ်​က သူအမှုသည်​ကိုစစ်​​ဆေးသည့်​ပုံစံဖြင့်​ စူးရှလှ​သောမျက်​ဝန်းများဖြင့်​ကြည့်​​နေ​လေသည်​။ ​ကောင်း​လေးက​တော့ ဆရာမဆီမှာအမှားလုပ်မိ၍ ​အဆူခံ​နေရသည့်​​ကျောင်းသားပမာ ​ခေါင်းငိုက်​စိုက်​ချထားကာ ​ပြောစရာစကားများဆွံ့အ​​နေသည့်​လူတစ်​​ယောက်​ပမာ။ သူတို့ကြားထဲရှိ​လေထုမှာ ​မကြာခင်​မုန်​တိုင်းလာ​တော့မည့်​ပုံစံ​ပေ။ ထိုအချိန်​ ​ကောင်​မ​လေးဆီမှ ​ပေါက်​ကွဲသံစဉ်​များစလာ​လေသည်​။

Xiu : Chen..... ငါ့ကို နင့်​အ​ကြောင်းအားလုံး​ပြောပြရမယ်

Chen : ............

Xiu : Chen! ဘာလဲနင်​က ငါ့စကားကိုအ​လေးမထား​တော့တာလား

Chen : Arnyiya အဲ့လိုမဟုတ်​ပါဘူး Noona..........ကျွန်​​တော်​အားလုံးကိုအမှန်​အတိုင်း​ပြောပြရင်​ noona က ယုံမှာလား

Xiu : ​ပြောတဲ့စကားကိုနား​ထောင်​ပြီးမှ ယုံသင့်​မယုံသင့်​စဉ်းစားရမှာ​ပေါ့ တစ်​ခါလိမ်​လည်​ပြီးသားသူကို ဘယ်​လိုယုံကြည်​ရမှာလဲ

Chen : ကျွန်​​တော်​လိမ်​လည်​ခဲ့တာမဟုတ်​ပါဘူး Noona တို့ကို​ပြောခဲ့တဲ့စကား​တွေအားလုံးကအမှန်​​တွေပါ

Xiu : Hak Hak ..... ငါကအဲ့စကား​တွေကိုယုံရမယ်​တဲ့လား

Xiumin လည်း ​ပြောရင်းဆိုရင်းဖြင့်​ မျက်​ရည်​လည်​လာ​သော​ကြောင့်

Xiu : ​နောက်​​နေ့မှဆက်​ရှင်းကြရ​အောင်​ ငါလည်းအတန်းတက်​စရာရှိ​သေးတယ်

Xiumin ​ပြောပြီးပြီးချင်း လှည့်​ထွက်​လာခဲ့​လေသည်​။ မျက်​ရည်​များက​တော့ပါးပြင်​တွင်​​နေရာယူလျက်

Xiu pov : နင်​ရက်​စက်​တယ်​ Chen ငါတို့အားလုံးကိုလှည့်​စားတဲ့အပြင်​ ငါရဲ့နှလုံးသားကိုပါရယူပြီးကာမှ ဘာလို့ဒီလိုလုပ်​ရက်​ရတာလဲ

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Where stories live. Discover now