Part - 25

617 56 2
                                    

နေ့လည်​စာစားချိန်​မို့ ​ကျောင်းသား​ကျောင်းသူများဖြင့်​ပြည့်​နှက်​​နေ​သော Canteen ထဲတွင်

Yeol : Baek ဘယ်​သွားမလို့လဲ

မြန်​မြန်​စားပြီး မြန်​မြန်​ထသွားရန်​ပြင်​​နေ​သော Baek ကို Yeol က ​မေးလိုက်​ခြင်း​ပေ

Baek : Library သွားမလို့ Library မှာရှာစရာ​လေးရှိလို့

Soo : အ​တော်​ပဲ Soo လည်း ရှာစရာရှိလို့အတူတူသွားရ​အောင်

Baek : အင်း

Baek နဲ့ Soo လည်း Library သို့ထွက်​ခဲ့​လေသည်​။ Baek နဲ့ Soo လည်း Library သို့​ရောက်​​သော်​ စာအုပ်​စင်​များဆီသို့​လျှောက်​သွားပြီး လိုချင်​​သောစာအုပ်​များရှာ​နေ​လေသည်​။ နှစ်​​ယောက်​စလုံးစာအုပ်​​ရွေးပြီး​သော်​ စာဖတ်​​ကောင်းမည့်​​နေရာရှာပြီး အတူတူထိုင်​ဖတ်​လိုက်​ကြသည်​။
အ​တော်​အသင့်​ကြာ​သော်​ Soo လည်း မိမိဖတ်​​နေ​သော စာအုပ်​ကိုခဏ​ဘေးချပြီး အပျင်းဆန့်​ကာ Baek ဖတ်​​နေ​သောစာအုပ်​ကို စပ်​စုလိုက်​သည်​။

Soo : Luhan နှင့်​ လဝန်းနီစွမ်းအားပိုင်​ဆိုင်​သူအ​ကြောင်း

Soo လည်း Baek ဖတ်​​နေ​သောစာအုပ်​၏အဖုံးတွင်​ ​ရေးထား​သော Title ကို သူနှင့်​ Baek ကြားယုံသာတီးတိုး ​ရေရွတ်​လိုက်​​လေသည်​။ Baek လည်း Soo ကို​မော့ကြည့်​ကာ

Baek : Soo နင်​ အဲ့အ​ကြောင်းကို ဘယ်​လိုမြင်​လဲ

Soo : အန်​...... ဘယ်​လိုမြင်​ရမှာလဲ

Baek : ငါက​တော့ တစ်​ခုခုလွဲ​နေတယ်​လို့ထင်​တယ်​ Luhan က ဘာရည်​ရွယ်​ချက်​​ကြောင့်​ အဲ့စွမ်းအားကိုသုံးရတာလဲ အကယ်​၍သူက ဒီကမ္ဘာကြီးကိုဖျက်​ဆီးချင်​လို့ဆိုရင်​လည်း သူ့မှာနာကျည်းစရာအဖြစ်​အပျက်​တစ်​ခုခုရှိရမှာ​ပေါ့ သူ့အတ္ထုပ္ပတိကိုဖတ်​ကြည့်​​တော့လဲ အဲ့လိုကိစ္စရပ်​မ​တွေ့ရဘူး တစ်​ခုခုထူးဆန်း​နေတယ်

Soo : ကဲကဲ အဲ့​လောက်​ထိ​တွေး​နေတာ စုံ​ထောက်​များလုပ်​စားမလို့လား ဒါနဲ့ဘာဖြစ်​လို့အဲ့ကိစ္စကိုအဲ့​လောက်​​တောင်​စိတ်​ဝင်​စား​နေရတာလဲ

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Donde viven las historias. Descúbrelo ahora