Part - 19

543 57 2
                                    

မြို့တစ်​မြို့က​နေ တခြားမြို့တစ်​မြို့ကို ကူးတဲ့​တောလမ်း​လေးတစ်​ခုတွင်​ ​ကောင်​မ​လေး ၂ ​ယောက်​နဲ့ ​ကောင်​​လေးတစ်​​ယောက်​ မ​နှေးမမြန်​​ခြေလှမ်းများဖြင့်​ အခြားမြို့သို့ ဦးတည်​သွား​နေ​လေသည်​။

Xiu : ငါတို့ ဒီတစ်​​ခေါက်​ Mission က နဲနဲလွယ်​မယ့်​ပုံပဲ

Neji : အဲ့​လောက်​မလွယ်​ဘူး အမြင်​သာလွယ်​​ပေမဲ့ တကယ်​တမ်းလုပ်​ရမယ်​ဆိုရင်​​တော်​​တော်​ကြိုးစားရမှာ

( hehe ထည့်​စရာလူမရှိ​တော့လို့ Twinkle ကိုယ့်​ရည်းစားကိုယ်​ထည့်​လိုက်​တာ (^_^) (^_^) (^_^) )

Su : ဟုတ်​တယ်​ လွယ်​မ​ယောင်​​ယောင်​နဲ့ခက်​တယ်​ ဒါနဲ့အဲ့မြို့ကို​ရောက်​ဖို့ဘယ်​​လောက်​လို​သေးလဲ

Neji : ​နောက်​ ၁၅ မိနစ်​​လောက်​ထပ်​​လျှောက်​ရင်​​ရောက်​ပြီ

မြို့ထဲ​သို့ရောက်​ရောက်​ခြင်း Su တို့ ၃ ​ယောက် မြို့​ဈေးထဲသွားကာ အ​ခြေအ​နေကို ​စောင့်​ကြည့်​ စုံစမ်း​နေ​လေသည်​။ ည​နေ​စောင်း​တော့ အ​ခြေအ​နေလဲမထူးတာနဲ့ တည်းခိုခန်းတစ်​ခုမှာ ဝင်​တည်းလိုက်​တယ်​။ ထို့​နောက်​ ည​နေစာစားရန်​အတွက်​ ​ဈေးထဲပန်​သွားပြီး ဆိုင်​တစ်​ဆိုင်​မှာ ဝင်​စား​နေစဉ်​ မသင်္ကာစရာလူတစ်​စု​တွေ့တာနဲ့ Su တို့ ၃ ​ယောက်​လည်း ထိုလူစု​နောက်​မှ ​နောက်​​ယောင်​ခံလိုက်​သွား​လေသည်​။ ထင်​သည့်​အတိုင်း​မှောင်​ခိုလုပ်​​နေခြင်းပင်​။ Su တို့လည်းအခွင့်​အ​ရေးကို​စောင့်​ပြီးတိုက်​​လေသည်​။ လူ​တော်​​တော်​များများ အထိနာ​သွား​ပေမယ့်​ ​ခေါင်း​ဆောင်​ဖြစ်​ဟန်​တူ​သောတစ်​​ယောက်​က​တော့ ဖြုံ​တောင်​မဖြုံသည့်​ပုံပင်​။ Su တို့လည်း လူ​တော်​​တော်​များများကိုတိုက်​လိုက်​ရ၍​မောဟိုက်​​နေ​လေပြီ။ ​နောက်​ဆုံး Su တို့ ၃ ​ယောက်​နဲ့ ဟိုဘက်​က ​ခေါင်း​ဆောင်​နဲ့သာ ကျန်​​တော့သည်​။ တိုက်​​နေရင်းဖြင့်​ သူတို့သိလိုက်​တာက ဟိုဘက်​​ခေါင်း​ဆောင်​က Devil ဆိုတာပင်​။ ​နောက်​ဆုံး Xiu နှင့်​ Neji ​မေ့လဲသွား​လေသည်​။ Su တစ်​​ယောက်​သာ ကျန်​​တော့သည်​။ Devil ၏ တိုက်​ကွက်​တစ်​ခုက Su ထံတည့်​တည့်​မတ်​မတ်​လာ​လေသည်​။ Su လည်း ပြန်​ခုခံဖို့ အင်​အားမရှိ​တော့​သော​ကြောင့်​ မျက်​စိသာမှိတ်​ထားလိုက်​သည်​။ သို့​သော်​ ခန္ဓာကိုယ်​လည်းမနာကျင်​ဘဲ " ဝုန်း " ဆိုသည့်​အသံသာကြားရ၍ မျက်​လုံးဖွင့်​ကြည့်​လိုက်​ရာ။

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Tahanan ng mga kuwento. Tumuklas ngayon