Part - 23

534 59 4
                                    

တစ်​နှစ်​ခန့်​ကြာ​သော်​......

ညသန်း​ခေါင်​ယံအချိန်​ မြို့လယ်​ရှိ​ကန့်​သတ်​နယ်​​မြေဖြစ်​​သော ​တောအုပ်​ကြီးထဲရှိ ​ရေခဲများဖုံးလွှမ်း​နေ​သောဂူကြီးအတွင်း၌ လူ ၂ ​ယောက်​စကား​ပြော​နေကြသည်​။

Dan : ဒီမှာမင်းလိုအပ်​တာ​တွေယူလာ​ပေးတယ်

John : စားပွဲ​ပေါ်တင်​ထားခဲ့လိုက်​ ပြီး​တော့ ​နောက်​ထပ်​လိုအပ်​တာ​တွေကို စားပွဲ​ပေါ်မှာစာရွက်​နဲ့​ရေးထားတယ်​ အဲ့အတိုင်းရှာလာခဲ့​ပေး

Dan : ​ကောင်းပြီ ​ပြောစရာမရှိ​တော့ရင်​ ငါသွားပြီ

Dan လည်း လှည့်​ထွက်​လာပြီး ဂူထဲကထွက်​မလိုအလုပ်

John : ဟိုက​လေးကိစ္စ​ရောစုံစမ်းတာဘယ်​လို​နေလဲ

Dan : စိတ်​မပူပါနဲ့မကြာခင်​သိရ​တော့မှာပါ

Dan လည်း​ပြောပြီး ညစ်​ကျယ်​ကျယ်​ပြုံးရင်းထွက်​သွား​လေသည်​။

သူတို့ကိုမြင်​သွားတဲ့သူရှိတယ်​ဆိုတာကို​တော့ သတိမထားမိခဲ့ပါ။

[ ]--["""""|"""""|"""""|]>---[ ]--["""""|"""""|""""]

Chen : ပျင်းလိုက်​တာ ဒီ​နေ့​ကျောင်းပိတ်​ရက်​လည်းဖြစ်​ ဘာ mission မှလည်းမရှိ​တော့....ဟူး

Chen တစ်​​ယောက်​​တောထဲတွင်​​လျှောက်​သွားရင်း ညည်း​နေခြင်းပင်​။ တစ်​​နေရာအ​ရောက်​ အရိပ်​တစ်​ခု​တွေ့လိုက်​၍ ​နောက်​​ယောင်​ခံလိုက်​သွားရာ

Chen pov : ဒီ​တောထဲကိုအပြင်​လူ​တွေလည်းမလာပါဘူး ဘယ်​သူလဲမသိဘူး

တောလမ်း​တွေမှမဟုတ်​ဘဲ အပင်​​တွေကြားထဲမှဖြတ်​သွားခြင်း​ကြောင့်​ အားလုံးသတိမထားမိတဲ့အပြင်​ မျက်​နှာကိုလည်းအလွယ်​တကူမ​တွေ့ရ Chen က​တော့ ​နောက်​​ယောင်​ခံလိုက်​ရင်းဖြင့်​ တစ်​​နေရာအ​ရောက်

Chen : ဒီ​နေရာက တားမြစ်​ထားတဲ့​နေရာမဟုတ်​လား ဒီလူကို​တွေ့ဖူးသလိုပဲ အ​နောက်​က​နေပဲမြင်​ရ​တော့ဘယ်​သူမှန်းမသိဘူးဖြစ်​​နေတယ်

Chen လည်း ထို​သူ​နောက်​က​နေလိုက်​ကြည့်​ရင်း ​ဂူတစ်​ဂူထဲဝင်​သွားတာကို​တွေ့လိုက်ရ၍ သူလည်းလိုက်​ဝင်​ရာ ဂူထဲ​ရောက်​မှအံဩမှင်​သက်​မိသွားသည်​။

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Where stories live. Discover now