Part - 15

557 65 0
                                    

လွန်​ခဲ့တဲ့ နှစ်​ ၅၀၀ က ထူးဆန်းတဲ့ သတ္တဝါကြီး​ပေါ်လာတဲ့ အဖြစ်​အပျက်​က​တော့ Luhan ​ကြောင့်​ မဟုတ်​ဘဲ John က သူအကြီးအကဲ ဖြစ်​​ရေးအတွက်​ အသုံးချခဲ့ခြင်းသာ။ Sehun လည်း John နဲ့တိုက်​ရင်း ဒါဏ်​ရာအပြင်းအထန်​ရခဲ့လို့ အသက်​ကို​တောင်​မနည်းကယ်​ယူရ​လေသည်​။ ဒီကိစ္စ​တွေကိုသိတာဆိုလို့ Sehun, Kris, Tao နဲ့ John ကိုယ်​တိုင်​ပဲရှိတယ်​။ ဘယ်​သူမှမသိကြလို့လည်း John က အကြီးအကဲဖြစ်​ခဲ့တာ​ပေါ့။
Kris နဲ့ Tao လည်း ​အဲ့ဒီအ​ကြောင်းအစ​ဖော်​ချင်​​ပေမဲ့ အားချင်းမမျှ​တော့ အစမ​ဖော်​ရဲ။ Sehun ကလည်း အသက်​​တောင်​မနည်းကယ်​ယူ​နေရတဲ့အ​ခြေအ​နေဆို​တော့ ဘာမှမတတ်​နိုင်​ ပြီး​တော့ John က သူတို့ ၃ ​ယောက်​လုံးကို ဝရမ်း​ပြေးဆိုပြီးဖမ်းမိန့်​ထုတ်​ထား​တော့ ​ပြေး​နေရပြီ​ပေါ့။ Sehun ကလည်း ပြန်​သတိရတာ​တောင်​ ခန္ဓာကိုယ်​ကမလှုပ်​ရှားနိုင်​လို့ စတဲ့စတဲ့ အခက်​အခဲ​တွေအားလုံးကို​ကျော်​ဖြတ်​ခဲ့ရ​လေသည်​။ သူတို့ ၃ ​ယောက်​လုံး မူလ power ​တွေ ပြန်​ရဖို့ နှစ်​​ပေါင်း ၁၀၀ နီးပါး ကြိုးစားအားထုတ်​ခဲ့ကြရတယ်​။ John အားနည်း​နေမယ့်​အချိန်​ကို​စောင့်​ရင်း John ထက်​အင်​အားကြီး​အောင်​ တတ်​နိုင်​သမျှကြိုးစား​ခဲ့ကြသည်​။ Sehun က​တော့ အကြိုးစားဆုံး​ပေါ့။ ​နောက်​ဆုံး​တော့ John အားနည်း​နေမယ့်​အချိန်​ကို ​ရောက်​လာပြီ​လေ လွန်​ခဲ့တဲ့ နှစ်​ ၃၀၀  God of Death ​တွေကိုတိုက်​​နေတဲ့အချိန်​​ပေါ့။ Sehun တို့လည်း အစီအစဉ်​ဆွဲပြီး John ကိုတိုက်​ခိုက်​ခဲ့တယ်​။ ဒါ​ပေမဲ့ မနိုင်​ခဲ့ပါဘူး။ Sehun တို့လည်း အထိနာခဲ့သလို John လည်း ​တော်​​တော်​အထိနာခဲ့တာ။ နှစ်​ ၁၀၀ ​လောက်​ ပြန်​ကုစားလိုက်​ရတယ်​လို့ သိရတယ်​။ Sehun တို့လည်း အဲ့ဒီ​လောက်​ပြန်​ကုစားလိုက်​ရတယ်​​လေ။ အခုလည်း အရင်​အ​ခြေအ​နေနဲ့ အတူတူပဲလို့​ပြောလို့ရတယ်​။ God of Death ​တွေကို ပြန်​တိုက်​​နေတဲ့အချိန်​​လေ။

Sehun pov : ကျိန်း​သေတယ်​ John အားနည်း​နေမှာ။ အဲ့​ဒါ​ကြောင့်​ God of Death ​တွေကို မြို့ထဲမှာထားဖို့ သ​ဘောတူညီချက်​ကို လက်​ခံလိုက်​တာဖြစ်​မယ်​။

Sehun ထင်​သလို John က တကယ်​ပဲ အားနည်း​နေတာ မဟုတ်​ဘဲ တခြားအစီအစဉ်​​ကြောင့်​ God of Death ​တွေကို မြို့ထဲမှာ​ပေး​နေခဲ့တာဆိုရင်​.......

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Donde viven las historias. Descúbrelo ahora