Part - 30

505 54 0
                                    

လေ​ပြေ​လေးတ​ဝှေ့ဝှေ့တိုက်​ခတ်​​နေ​​သော ည​နေခင်း​ကျောင်းဆင်းချိန်​တွင်

Chen : Noona ကျွန်​​တော်​ဘာမှမ​တောင်းဆိုချင်​​တော့ပါဘူး Noona ကျွန်​​တော့်​ကိုမချစ်​လည်းရပါတယ်​ တစ်​ခုပဲ ကျွန်​​တော့်​ကို ယုံကြည်​​ပေးပါလား

Xiu : ငါအဲ့ဒီအ​ကြောင်း​တွေမစဉ်းစားချင်​​သေးဘူး Chen ဒီကိစ္စ​တွေကိုငါယုံကြည်​လို့မရဘူးဖြစ်​​နေတယ်​ Appa က...... ငါအရမ်း​လေးစားရတဲ့ Appa က

Xiumin မှာ စကားများပင်​ ဆက်​မ​ပြောနိုင်​​တော့ဘဲ ဝမ်းနည်းမှု​​ကြောင့်​ လည်​​ချောင်းထဲတွင်​တစ်​ခုခုဆို့​နေသလိုခံစား​နေရ​သော​ကြောင့်​ ရင်​ဘတ်​ကိုသာ လက်​နှင့်​ဖိကာထိုင်​ချမိလိုက်​​လေသည်​။

Chen : Noona ရရဲ့လား။ ငိုလိုက်​ပါ Noona။ စိတ်​​ကျေနပ်​သည်​အထိ​အော်​ပြီးငိုလိုက်​ပါ Noona.

Chen pov : Noona အရမ်းနာကျင်​​နေမှန်း ကျွန်​​တော်​သိပါတယ်​။ ကျွန်​​တော်​ ​ကျောင်း​ပေါက်​ဝ​ရောက်​​တော့ ကျွန်​​တော်​လာတာကို​တောင်​ သတိမထားနိုင်​ဘဲ ​စိတ်​လွတ်​​နေတဲ့လူတစ်​​ယောက်​လို ငူငူငိုင်​ငိုင်​ကြီးထိုင်​​နေတဲ့ Noona ​ကြောင့်​ ကျွန်​​တော်​​တောင်​လန့်​သွား​သေးတယ်​ အဲ့ဒါ​ကြောင့်​ Noona ငိုလို့ရ​အောင်​ ​ကျောင်းဥယာဉ်​ထဲပဲ​ခေါ်လာလိုက်​တာ ပြီး​တော့ အဲ့ကိစ္စကိုပဲအစပြန်​​ဖော်​ပြီး Noona ငို​အောင်​ လမ်းဖွင့်​​ပေးခဲ့တာ။
[ရှေ့အပိုင်းအစမှာ​ရေးထားတဲ့ ​ကျောင်းဂိတ်​ဝမှာ ငူငူငိုင်​ငိုင်​နဲ့ထိုင်​​နေမိတဲ့သူက Xiu က အစကစဉ်းစားထားတာ အခု​ရေး​နေတာ​တွေက ​ရှေ့အပိုင်းမှာထည့်​မလို့ပါ ဒါ​ပေမဲ့ ​CB ကို​ရေးရင်းနဲ့များသွား​တော့ ဒါ​လေးက ​နောက်​တစ်​ပိုင်းဖြစ်​သွားတာ။ (^_^) ပြီး​တော့ Twinkle လုပ်​တာနဲ့ ​ကျောင်းမှာရှိတဲ့ ဥယာဉ်​လည်း ပန်းခြံသ​ဘောကိုဖြစ်​သွားပြီ ကိုယ်​​တွေ အဲ့လို​တော်​တာ ​ပေါက်​တတ်​ကရ​ရေးတဲ့​နေရာမှာ ပြိုင်​ဘက်​ကင်းပဲ ဒီ Fic ကိုဖတ်​တဲ့သူတိုင်း Twinkle ဘယ်​​လောက်​ထိ ​ပေါက်​တတ်​ကရ မဟုတ်​ကဟုတ်​က​ရေးလဲဆိုတာသိပါတယ်​ (^_^) ]

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Where stories live. Discover now