John လည်း သူ့ရဲ့ စံအိမ်တော်သို့ ပြန်ရောက်လာလေသည်။
Isu : ဆရာ အဆင်ပြေရဲ့လား အတွင်းဒဏ်ရာတွေက တော်တော်ဆိုးဝါးတယ်
John : အင်း လုံးဝအဆင်မပြေဘူး ငါ ဒဏ်ရာတွေပြန်ကောင်းတဲ့အထိ ဂူထဲမှာသွားကုနေမှာမို့လို့ မင်းကဒီကကိစ္စတွေအားလုံးကိုထိန်းထားပေး Baekhyun ကိုလည်းသေချာစောင့်ကြည့်ထားပေး
Isu : စိတ်ချပါဆရာ ကျွန်တော်အားလုံးကို ထိန်းထားပေးပါ့မယ်
John : ကောင်းပြီ ငါလည်းသွားနားတော့မယ် မင်းလည်းနားလိုက်တော့
Isu လည်း ခေါင်းငုံ့အရိုအသေပေးပြီး John ၏ စာကြည့်ခန်းထဲမှ ထွက်သွားလေသည်။ John လည်း စာကြည့်ခန်းထဲရှိ လျှို့ဝှက်လမ်းမှ ရေခဲဂူထဲသို့သွားကာ အားအမြန်ပြန်ပြည့်အောင် ကြိုးစားနေသည်။
မနက်အရုဏ်တက်အချိန်တွင် Su သတိရလာလေသည်။ ဆရာဝန်များတောင်အံ့ဩနေကြသည်။ Su က သူတို့ထင်ထားသည်ထက် အများကြီးစောပြီး နေကောင်းလာတဲ့အပြင် ဒါဏ်ရာများပင် လုံးဝမရှိတော့သောကြောင့်ပင်။
Su လည်း နိုးနိုးချင်း ဘာတွေဖြစ်နေတာလဲဆိုတာ အသည်းအသန်စဉ်းစားရင်း Baek အကြောင်းသိသွားပြီး ကုတင်မှအသည်းအသန်ထကာ Baek ရှိရာအခန်းသို့ပြေးလေသည်။ Baek အခန်းထဲသို့ရောက်သော် Baek ကိုတင်းကျပ်စွားထွေးပွေ့ထားရင်းSu : Baek ဘာမှမဖြစ်ဘူးမဟုတ်လား
Su အမေးကို Baek က ဂရုတောင်မစိုက် စကားလည်းမပြော ကုတင်ပေါ်သို့ပြန်လှဲချကာ အိပ်နေတော့သည်။ Su လည်း အံ့ဩသွားပြီး သူ့အနောက်မှာ ရပ်နေတဲ့ အိမ်တော်ထိန်းကြီးကို ကြည့်ကာ
Su : Baek ဘာဖြစ်သွားတာလဲဟင် arjushi
နေများမကောင်းသေးလို့လားဟင်အိမ်တော်ထိန်းကြီးလည်း သက်ပြင်းချရင်း
Man : Baek ကနေကောင်းသွားပါပြီ ဆရာဝန်တွေအားလုံးစစ်ဆေးပြီးပြီ
စိတ်အထိခိုက်လွန်ပြီးဒီလိုဖြစ်နေတာလို့ပြောပါတယ်
Su လည်း အခုမှနိုးလာတာဆိုတော့ ခဏလောက်ပြန်အိပ်လိုက်ပါဦးလား အားပြန်ပြည့်သွားအောင်
ESTÁS LEYENDO
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanficSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...