Lulu လည်းရှိသမျှအားလေးနှင့် မီးစုန်းများကိုငြှိမ်းရင်း Sehun ကို ကယ်ထုတ်တော့သည်။ Sehun ကတော့ အန္တရာယ်တောက လွတ်သွားပေမဲ့ Lulu သူမကတော့ အသက်မျော့မျော့သာကျန်တော့သည်။
Sehun လည်း Luhan ကို ရင်ခွင်ထဲ၌ပွေ့ထာကာ မျက်ရည်များစီးကျ၍နေလေသည်။ ကိုယ့်ချစ်သူ နောက်ဆုံးအခြေအနေတွင် ဘာမှမလုပ်နိုင်ပဲ ငြိမ်ငြိမ်ပဲထိုင်ကြည့်နိုင်တဲ့အဖြစ်၊ ဒီလိုဖြစ်ရတာဟာလည်း ကိုယ့်ကြောင့်ဆိုတဲ့အသိက Sehun နှလုံးသားကို မီးမြှိုက်ထားကဲ့သို့ ပူလောင်နေစေသည်။ ထိုအချိန်တွင် ဝမ်းနည်းမှုနှင့်အတူ နောင်တနှင့် Luhan မရှိတော့ရင်ဆိုတဲ့ အကြောက်တရားက Sehun ခေါင်းထဲစိုးမိုး၍နေလေသည်။Lulu : Hun ya
အားမရှိတော့သောကြောင့် ပါးစပ်ဖျားမှ မရှိမဲ့ရှိမဲ့အားလေးညှစ်ထုတ်ကာ စကားဆိုလာသော Luhan ကြောင့် Sehun တို့နှလုံးသားကတော့ ရစရာမရှိအောင်ဖြစ်နေချေပြီ။
Sehun : Lu ya စကားမများကြီးမပြောနဲ့လေ စကားအများကြီးပြောရင် မောနေမှာပေါ့။ ပင်ပန်းနေတယ်မဟုတ်လား တရေးလောက်အိပ်လိုက်လေ Lu ဘေးမှာ Hun စောင့်နေပေးမယ် Lu နိုးလာမယ့်အချိန်အထိ Hun ရင်ခွင်ထဲမှာ ခဏအိပ်လိုက်နော် Lu ပြန်နိုးလာရင်တော့ Hun နဲ့ကတိပေးထားတဲ့အတိုင်း မြို့စွန်မှာ အိမ်လေးဝယ်ပြီးပျော်ပျော်ရွှင်ရွှင်နေကြမယ်နော် သားသားလေးမီးမီးလေးတွေလည်းမွေးမယ်နော်
တော်တော်ပျော်ဖို့ကောင်းမှာပဲနော် Lu (╯︵╰,)(╯︵╰,)(╯︵╰,)ရင်ခွင်ထဲရှိ Luhan ကိုထွေးပွေ့ထားရင်း ကပေါက်တိကပေါက်ချာ စကားများကို တောင်ရောက်လိုက်မြောက်ရောက်လိုက် ပြောနေသော Lu ကို မကြည့်ဘဲ အဝေးတစ်နေရာကို နာကျဉ်းစွာ ကြည့်နေသော Sehun ရဲ့ မျက်နှာလေးကို Luhan သူမ၏ လက်ချောင်းသွယ်သွယ်လေးများဖြင့် Sehun ၏ပါးလေးကို အုပ်ကိုင်လိုက်လေသည်။
Sehun လည်း Luhan လက်ကလေးကို ပြန်ကိုင်ကာ ငုံ့ကြည့်လာလေသည်။ နှလုံးသားက ပူလောင်လွန်း၍ မျက်ရည်များပင် အရည်အဖြစ်မကျနိုင်တော့ဘဲ တစ်ခါတည်းအငွေ့ပျံသွားသည်ထင် မျက်ရည်များတစ်စက်မှ ကျမလာခဲ့ပါ။
Luhan လည်း သူမ၏ချစ်သူ မျက်နှာလေးကို နောက်ဆုံးအကြိမ်အဖြစ် တစိမ့်စိမ့်ကြည့်နေလေသည်။ ထိုအချိန်
ESTÁS LEYENDO
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanficSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...