တဖြေးဖြေးနှင့် လမင်းကြီးလည်း မိုးကောင်းကင်၏အလယ်တည့်တည့်သို့ရောက်ရှိခဲ့ပြီ။
လပြည့်ညဖြစ်သောကြောင့် လမင်းကြီးမှာဝိုင်းစက်နေသော်လည်း အခြားသောလပြည့်ညများနှင့်မတူဘဲ လမင်းကြီးမှာ သူ၏မူလအရောင်မှ အနီရင့်ရင့်အရောင်သို့ ကူးပြောင်းနေလေပြီ။
Rei ကို အသက်သွင်းခြင်းလုပ်ငန်းလည်း စတင်လေပြီ။ လဝန်းနီစွမ်းအားရှင်များ၏ စွမ်းအင်များသည် Rei ဆီသို့စတင်ဝင်ရောက်နေလေသည်။
ထိုကိစ္စရပ်များကိုကြည့်၍ ဝမ်းသာနေသောသူရှိသလို စိတ်ပျက်အားလျော့စွာ ဒူးထောက်ထိုင်ချမိလိုက်သောသူများလည်းရှိလေသည်။
ထိုအဖြစ်အပျက်မတိုင်မီ ၅ မိနစ်အလိုတွင်
Sehun တို့လည်း သူတို့၏အစီအစဉ်အတိုင်း ရှေးဦးစွာ Sehun နှင့် Tao က ထွက်၍ Luhan ကို ကယ်ထုတ်ရန်ကြိုးစားသည်။ ကယ်ထုတ်၍ရခါနီးစဲစဲတွင် John ရောက်လာ၍ အားလုံးအချည်းနှီးဖြစ်ခဲ့သည်။ John နှင့် Sehun တို့ တိုက်ခိုက်နေချိန်တွင် XiuChen က အခြားသောစွမ်းအားရှင်တစ်ယောက်ကို ကယ်ထုတ်ရန်ကြိုးစားလေသည်။ သို့သော်လည်း John ကျော်လွှားနိုင်သောကြောင့် Sehun တို့နှင့်အတူတူ John ကိုတိုက်နေရသည်။
ထိုအချိန် Chanyeol နှင့် Kris က Baekhyun ကို ကယ်ထုတ်ရန်ကြိုးစားသည်ကို Dan ကတားလိုက်လေသည်။
John : လူစုံပြီနဲ့တူတယ် မင်းတို့ဘယ်အချိန်ထွက်လာမလဲစောင့်နေတာ Hkhk
Sehun : မင်းပါးစပ်ပိတ်ထား John မင်းက ဒီ planet ကြီးကို ပျောက်ကွယ်သွားစေချင်လို့လား Rei ကိုပြန်ရှင်အောင်လုပ်မယ်ဆိုတော့
John : Rei က မကောင်းဆိုးဝါးမဟုတ်ဘူး Sehun မင်းအဲ့ဒါကိုမြဲမြဲမှတ်ထားပါ သူကအသက်ပြန်ရှင်ဖို့ထိုက်တန်တဲ့လူတစ်ယောက်ပဲ
Sehun : အရင်တုန်းကတော့ဟုတ်မှာပါ ဒါပေမဲ့ မင်းအသက်ပြန်သွင်းပြီးတာနဲ့ သူကမကောင်းဆိုးဝါးဖြစ်သွားမှာ
ВЫ ЧИТАЕТЕ
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
ФанфикSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...