နေရဲ့အလင်းရောင်ကိုမမြင်ရဘဲ မီးများသာထွန်းညှိထားသောကြောင့် နေ့ညမခွဲခြားနိုင်သော အလုံပိတ်အချုပ်ခန်းအတွင်း
Yeol pov : အလွန်လေးလံနေသောမျက်ခွန်များကို ကြိုးစား၍အားတင်းပြီးဖွင့်ကြည့်ရာ ကျင့်သားမရသေးသော မီးအရောင်ကြောင့် ချက်ချင်းမဖွင့်နိုင်သေးဘဲ ဖြေးဖြေးချင်းအားယူကာ မျက်စိ ၂ လုံးကိုဖွင့်ကြည့်မိတော့ မီးရောင်မှလွဲ၍ ကျန်သောအရာအားလုံး မှောင်မဲမဲသာတွေ့ရလေသည်။
Yeol : ငါ ဘယ်ရောက်နေတာလဲ။ ငါ နောက်ဆုံးမှတ်မိတာက Sir. John ရဲ့ စာကြည့်ခန်းထဲမှာ..........
Yeol လည်း မနေ့ကဖြစ်ပျက်ခဲ့သမျှကိုမှတ်မိသွားပြီး စိတ်တွေရှုပ်ထွေးကာဝေခွဲမရဖြစ်နေလေသည်။ တစ်ဖက်အခန်းမှာရှိနေတဲ့ Chen မှာလည်း ထိုနည်း၎င်းပေ.......
°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'
"Arrrrrrrrr......"
"ဟောဟဲ......ဟောဟဲ"Xiu : Baek ဘာဖြစ်တာလဲ
Xiu တစ်ယောက်ပြောလည်းပြော Baek ဆီသို့ရောက်လာလေသည်။ Baek မှာလည်း အိပ်မက်ဆိုးကြောင့် လန့်နိုးလာပြီး မောနေသောကြောင့် စကားတောင်ပြန်မပြောနိုင်ပေ။ Xiu လည်း Baek အခြေအနေကိုကြည့်ပြီး ရေတစ်ခွက်ခပ်ကာတိုက်လိုက်ပြီး Baek အမောပြေပြီးမှ မေးခွန်းထပ်မေးလိုက်လေသည်။
Xiu : အိပ်မက်ဆိုးမက်လို့လား Baek
Baek စကားတောင်မပြောနိုင်ဘဲ ခေါင်းပဲငြိမ့်ပြလိုက်မိသည်။
Xiu : ဘယ်လိုအိပ်မက်မို့လို့လဲ ဒီလောက်တောင်လန့်နေရတာလဲ Baek
Baek လည်း မျက်ဝန်းမှမျက်ရည်များကျလာကာ စကားဆိုသည်။
Baek : Yeol......Yeol......Yeol သေသွားတယ်ဆိုတဲ့အိပ်မက်မက်လို့ပါ Unnie အဲ့....အဲ့....အဲ့ဒါမဖြစ်နိုင်ဘူး မဟုတ်လား Yeol နဲ့ Baek က အခုမှပြန်တွေ့ရတာတောင် သိပ်မကြာသေးဘူးလေ......(╥﹏╥)
YOU ARE READING
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...