ညနေခင်းဆည်းဆာအလှနှင့်အပြိုင် ခြံဝင်းတစ်ဝင်းထဲတွင် သူမပိုင်ဆိုင်သော စွမ်းအားများကို ထိန်းချုပ်ရန်ကြိုးစားလေ့ကျင့်နေသော ကောင်မလေး Baekhyun နှင့် ထိုကောင်မလေးအတွက်ဆိုလျှင်အသက်ပင်ပေးရပေးရ ဘာမဆိုလုပ်ပေးမယ့် ကောင်လေး Chanyeol ယခုလည်း Baekhyun လေ့ကျင့်နေသည်ကို ဘေးကနေကူညီပေးနေလေသည်။
Baek : ငါနဲ့ အခုလိုအတူတူလေ့ကျင့်ပေးတာ ကျေးဇူးတင်ပါတယ် Chanyeol ya
Yeol : Yar..... အချင်းချင်းပဲကို မလိုဘူး
Baek : နင်သာမရှိရင် ငါအခုလိုနေနိုင်မှာမဟုတ်ဘူးဟ နင်ငါ့ကိုအားပေးခဲ့တာတွေကြောင့် နင့်ကိုအရမ်းကျေးဇူးတင်တာပဲ
Yeol : နင်တကယ်ကျေးဇူးတင်ရင် ကတိပေးပါ နောက်ပိုင်းအချိန်ကျလို့ ငါပြောမယ့်စကားတစ်ခွန်းကိုလက်ခံပေးပါ
Baek : ဘာစကားမို့လို့လဲ
Yeol : Top Secret
Baek : ကောင်းပြီ ငါကတိပေးတယ် အဲ့ဒီ့စကားကို လိုက်နာပါ့မယ်လို့
Yeol : ဒါနဲ့ဒီနေ့ Xiu Noona ဘာဖြစ်လာတာလဲမသိဘူး ငိုထားတဲ့ပုံပဲ နေ့လည်စာလည်းလာမစားဘူး ကျောင်းဆင်းတော့လည်း မျက်နှာတော်တော်ညိုးနေတာ
Baek : ဟုတ်တယ် ငChen နဲ့ဘာဖြစ်လာကြလဲမသိဘူး
Yeol : Chen နဲ့
Baek : အင်း ဒီနေ့ Chen ကို Unnie အဖြေမလို့လားမသိဘူး ကျောင်းဥယာဉ်ထဲမှာတွေ့ဖို့ချိန်လိုက်တယ် ဒါပေမဲ့.....
Yeol : ဘာဖြစ်လို့လဲဟင် ဟိုကောင် Chen Chen Noona ကိုအနိုင်ကျင့်လိုက်လို့လား
Baek : မဟုတ်ဘူးနဲ့တူတယ် Noona ကိုတွေ့ဖို့ထွက်သွားပြီးကတည်းက Chen ကိုမတွေ့ရတော့တာ နေ့လည်စာစားပြီးလို့အတန်းထဲရောက်တော့ Chen ရဲ့ လွယ်အိတ်ကိုမတွေ့တော့တာနဲ့ ဘေးနားက သူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တာ Baek ပြန်မရောက်ခင် ခုဏကမှလွယ်အိတ်ယူပြီးထွက်သွားတာတဲ့ လူပုံစံကလည်း အသိစိတ်မဲ့နေတဲ့ပုံနဲ့တဲ့.......Unnie ကပဲငြင်းလိုက်တာလားမသိဘူး
YOU ARE READING
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...