ခန်းမထဲတွင် ဟိုတစ်ပေါက်ဒီတစ်ပေါက် ပြောနေကြသောအသံများဆူညံနေရာမှ အကြီးအကဲလာပြီဆိုသောအသံ ကြားလျှင်ကြားချင်း မီးပေါ်သို့ ရေလောင်းချလိုက်သကဲ့သို့ ရှဲကနဲနေအောင် အသံများတိတ်ဆိတ်သွားပြီး အကြီးအကဲပြောမည့်စကားကို စောင့်မျှော်နေကြလေသည်။
John : ကျွန်တော်အခုပြောမယ့်အကြောင်းကို အခုခန်းမထဲရောက်နေတဲ့ လူတိုင်းသိပြီးဖြစ်မှာပါ
လွန်ခဲ့တဲ့ ၅ ရက်က God of Death တွေ မြို့ထဲဝင်လာခဲ့တယ် ကျွန်တော်ချထားခဲ့တဲ့စည်းကပေါက်သွားခဲ့လို့ ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်
God of Death တွေရောက်လာပြီဆိုတာသိသိချင်း ကျွန်တော်အပါအဝင် ခေါင်းဆောင် ၆ ယောက်စုစည်းပြီး သူတို့ကိုတိုက်ဖို့ mission ကို ညတွင်းချင်း တစ်ခုရေးဆွဲပြီး တိုက်ပွဲစတင်ခဲ့ကြတယ်
ဒါပေမဲ့ အဲ့ဒီ့ mission ကျဆုံးခဲ့တဲ့ ခေါင်းဆောင် ၆ ယောက်လည်းသူတို့အသက်တွေကို အားလုံးအတွက်ပေးဆပ်ခဲ့တယ်
သူတို့ရဲ့ပေးဆပ်မှုကြောင့် ကျွန်တော် God of Death တွေနဲ့ သဘောတူညီမှုတစ်ခုရခဲ့တယ် သူတို့ကို မြို့ထဲက ကန့်သတ်နယ်မြေတောကြီးထဲမှာ နေခွင့်ပေးဖို့နဲ့ သူတို့ကိုမြို့ထဲမှာလွတ်လပ်စွာ သွားလာခွင့်ပေးဖို့ပဲဖြစ်တယ်
သူတို့လည်း မြို့ထဲကလူတွေကို မနှောင့်ယှက်ပါဘူး လက်စားမချေပါဘူးလို့ သဘောတူထားတယ် ကျွန်တော်လည်းအဲ့ဒီ့သဘောတူညီချက်ကို လက်ခံထားတယ်
အဲ့ဒီ့အကြောင်းကို မြို့ခံတွေသိအောင်ပြောပြတာပါ စိတ်ချပါ သူတို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးအောင်စောင့်ရှောက်ပါ့မယ်လို့ ကျွန်တော် John က ကတိပေး သစ္စာဆိုပါတယ်ဖြောင်း......ဖြောင်း......ဖြောင်း.....ဖြောင်း......
ခန်းမကြီးအတွင်း လက်ခုပ်တီးသံများဖြင့် ပြည့်နှက်သွားလေသည်။
တစ်ဖက်တွင်လည်း John ၏ အိမ်တွင်
အင်း.....ဟင်း....ဟင်း....
YOU ARE READING
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanfictionSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...