မနက်ခင်းနေရောင်ခြည်က သစ်ပင်ပေါ်တွင် ကောင်လေးက ကောင်မလေးကို ရင်ခွင်ထဲထည့်ကာအိပ်ပျော်နေသော ရည်းစားမကျ သူငယ်ချင်းမကျ ကောင်လေးနှင့်ကောင်မလေးတို့ရဲ့ မျက်နှာပေါ်သို့ကျရောက်လာလေသည်။ ကျရောက်လာသောနေရောင်ခြည်ကြောင့် ကောင်လေးမှာဆက်မအိပ်နိုင်တော့ဘဲနိုးလာလေသည်။
Kai : အား...ကျွတ်...ကျွတ် လေးလိုက်တာ ငါ့ကိုယ်ပေါ်ဘာကြီးရောက်နေတာလဲ
ဆိုပြီး ငုံအကြည့် ရင်ခွင်ထဲ၌အိပ်မောကျနေသော Soo ကိုတွေ့လေသည်။
Kai pov : လှရက်လိုက်တာ Soo ရယ်။ တစ်ခုခုကိုအံဩရင်ဖြစ်ဖြစ်သွားတတ်တဲ့ မျက်လုံးပြူးပြူးလေးတွေ၊ ပြုံးလိုက်ရင်ပေါ်ပေါ်လာတတ်တဲ့အသည်းပုံနှုတ်ခမ်းလေးတွေ၊ အပြစ်ကင်းစင်လွန်းတဲ့မျက်နှာလေးတွေ အားလုံးကိုချစ်တယ် Soo ရယ်
ဆိုပြီး Soo ရဲ့ မျက်နှာကို အနည်းငယ်ဖုန်းအုပ်နေတဲ့ ဆံပင်လေးများကို သပ်တင်ပေးကာ နှဖူးလေးကိုနမ်းရန်ပြင်လိုက်စဉ် Soo ရဲ့မျက်လုံးများ ရုတ်တရက်ပွင့်လာကာ လန့်သွားပြီး Kai ကို ကန်ချလိုက်ရာ
"Yarrr!"
"ဘုန်း"
"Arrr..."
Kai မှာပြန်ပင်မထနိုင်တော့ဘဲ သစ်ပင်အောက်တွင် ပက်လက်ကလေး ကြယ်တွေလတွေမြင်နေလေရဲ့။ ထိုအခါမှ Soo လည်းသူမလွန်သွားမှန်းသိကာ သစ်ပင်ပေါ်မှအလျှင်အမြန်ဆင်းပြီး Kai နားသွားကာပြေးထူရင်း
Soo : Kai ya. Gwinchana, gwinchana, gwinchana........
စကားတစ်လုံးတည်းကိုစိတ်ပူပြီး ထပ်ကာထပ်ကာပြောနေသည်မှာ အဲ့နားတွင်ကြက်တူရွေးသာရှိပါက သေချာပေါက်အဲ့စကားကိုပြောတတ်သွားနိုင်လေသည်။
KaiSoo နှစ်ယောက်သူတို့ဘာသာသူတို့ ပတ်ရှုပ်နေသောကြောင့် ဘေးနားတွင်ရပ်ကြည့်နေသောသူများကိုသတ်မထားမိကြပေ။
ESTÁS LEYENDO
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
FanficSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...