မြို့စွန်ကိုသွားနေတဲ့ လမ်းကလေးပေါ်မှာတော့ ကောင်လေး ၂ ယောက်နဲ့ ကောင်မလေး ၂ ယောက် ဘေးချင်းယှဉ်လမ်းလျှောက်လာပေမဲ့ သူတို့ကြားထဲက လေထုကတော့ အားလုံးအတွေးကိုယ်စီနဲ့ဖြစ်၍ တိတ်ဆိတ်၍နေလေသည်။ အတော်ကြာလမ်းလျှောက်ပြီးနောက် Baek တို့စခန်းချရာအိမ်သို့ရောက်လာလေသည်။ ထိုအခါမှ Baek က
Baek : ယုံပြီလား Baek တို့ကကိုယ့်အိမ်ကိုယ်ပြန်တယ်ဆိုတာ
Chen : ဒါနဲ့နေပါဦး ငါတို့မှတ်တမ်းထဲကြည့်တုန်းက ဒီအိမ်ကပိတ်ထားတယ်လို့တွေ့ခဲ့တာပဲ
Xiu : Chen တို့မှားကြည့်မိတာနေမှာပါ
ထိုအခါ Chen က မျက်မှောင်ကြုံပြီး
Chen : နေပါဦး ခုဏက ကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တာ
Xiumin လည်း ပါးစပ်လေးပိတ်ကာ ခေါင်းငုံသွားလေသည်။
Chen : ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်မမိတ်ဆတ်ရသေးဘူးလို့ထင်တာပဲ
Chanyeol နှင့် Chen တို့ Baek နဲ့ Xiu ကို မသင်္ကာသလိုကြည့်နေစဉ်
Kai : ဌာနမှူး!
Kai ၏အသံကြောင့် အားလုံးလှည့်ကြည့်မိလေသည်။
Kai : ဌာနမှူးတို့က ဒီကိုဘာလာလုပ်တာလဲဟင်
Yeol : စုံစမ်းစရာရှိလို့လာတာ။ နေပါဦး မင်းတို့ ၂ ယောက်ကရော ဒီကိုဘာလာလုပ်တာလဲ။
Soo : ဟို .......
Baek : Baek တို့နဲ့ သူငယ်ချင်းတွေပါ
Yeol : သူငယ်ချင်းတွေ!
Chen : ဒါဆိုရင် မင်းတို့ကဘာဖြစ်လို့ ဌာနမှာအလုပ်ပြန်မလုပ်တာလဲ
Xiu : ကျောင်းတုန်းကပြဿနာရှာမိလို့ အထုတ်ခံလိုက်ရတာ
Chen : Aww ဘာပြဿနာများကြီးကြီးမားမားရှာမိလို့ ကျောင်းကနေတောင်အထုတ်ခံလိုက်ရတာလဲ
Kai : Yar!.puppy ငါတို့ကို ဒီနေရာမှာပဲရပ်ခိုင်းထားမလို့လား အိမ်ထဲမခေါ်တော့ဘူးလား
KAMU SEDANG MEMBACA
လပြည့်ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)
Fiksi PenggemarSupernatural fic လေးပါ။ Exo version နဲ့ရေးထားတာပါ။ Supernatural, Romance နဲ့ mystery ပေါင်းပြီးရေးထားတာပါ။ Main OTP က chanbaek ပါ။ အားပေးကြပါ။ ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ This is supernatural fic writing in Exo version. You c...