Part - 18

560 61 4
                                    

Chen လည်း သူတို့စခန်းနား​ရောက်​​ရောက်​ချင်း အ​စောင့်​တစ်​​ယောက်​ကို​မေးလိုက်​ရာ Baek ကို အချုပ်​ခန်းထဲမှာ ချုပ်​ထား​ကြောင်း​သိရ​၍

Chen pov : အဲ့ဒီ​ကောင်​မ​လေးကို ညမ​မှောင်​ခင်​ မြန်​မြန်​ကယ်​ရမယ်​ ည​မှောင်​သွားရင်​ ဒီ​တောက ထွက်​ဖို့ခက်​တယ်​ ...... ဟူး ..... ​တော်​​တော်​ဒုက္ခ​​ပေးတဲ့​ကောင်​မ​လေးပဲ

Chenလည်း အချုပ်​ခန်းနားကပ်​လာပြီး တံခါး​စောင့်​​တွေကို ​မေ့လဲ​အောင်​လုပ်​ကာ အချုပ်​ခန်းထဲဝင်​လာ​လေသည်​။

Chen : ဟို​ကောင်​မ​လေး

Baek လည်း Chen အသံကြား၍ ​မော့ကြည့်​​လေသည်​။

Baek : နင်​.....နင်​ ..... ​နေ့လည်​က​ကောင်​​လေးမဟုတ်​လား

Chen လည်း Baek ၏ အချုပ်​ခန်းတံခါးကိုဖွင့်​​ပေးကာ Baek ကိုဆွဲထူပြီး ထွက်​​ပြေး​လေ​တော့သည်​။

Chen : အခုအဲ့ဒါ​တွေအသာထား God of Death ​တွေလက်​ထဲက လွတ်​​အောင်​​ပြေးရမယ်​ လာ မြန်​မြန်

လမ်းခွဲတစ်​ခု​ရောက်​​တော့ Chen က

Chen : နင်​ ဒီဘက်​လမ်းအတိုင်းထွက်​သွားရင်​ မြို့ကို​ရောက်​မယ်​ မြန်​မြန်​သွား​တော့ ငါတားထားလိုက်​မယ်

Baek : နင်​ အဆင်​​ပြေပါ့မလား

Chen : ငါ့ကိုစိတ်​ပူမ​နေနဲ့ သွားမှာဖြင့်​မြန်​မြန်​သွား​ သူတို့ကနင့်​ကိုပဲလိုချင်​​နေတာ ငါ့ကိုလိုချင်​တာမဟုတ်​ဘူး နင်​ပါရှိ​နေမှ ပိုဆိုးသွားလိမ့်​မယ်

Baek လည်း မြန်​မြန်​ထွက်​​ပြေးသွား​လေသည်​။
Baek အိမ်​ပြန်​​ရောက်​​တော့ အားလုံးက စိတ်​ပူ​နေကြသည်​။ မ​ပြောမဆိုနဲ့​ပျောက်​သွားသည်​ကို။

Yeol : Baek.... ဘယ်​​ပျောက်​သွားတာလဲ ဒီမှာစိုးရိမ်​​နေတာ ဘာမှမဖြစ်​ပါဘူး​နော်

Baek : Miyanaeyo မ​ပြောမဆိုဘဲ​ပျောက်​သွားမိလို့ အရင်​က​ Appa Omma တို့နဲ့​နေခဲ့တဲ့အိမ်​ကိုလွမ်းလို့ ခဏသွားရင်းနဲ့ ကြာသွားတာပါ ဘာမှမဖြစ်​ပါဘူး စိတ်​ချပါ။

Yeol : ​တော်​​သေးတာ​ပေါ့ဘာမှမဖြစ်​လို့ ​နောက်​တစ်​ခါသွားမယ်​ဆိုရင်​ ငါ့ကို​ပြော​နော်​ ငါအ​ဖော်​လိုက်​​ပေးမယ်​ နင့်​ကိုတစ်​​ယောက်​တည်းလွှတ်​ရတာစိတ်​မချဘူး

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Donde viven las historias. Descúbrelo ahora