Part - 31

541 63 2
                                    

ကျောင်းမှအိမ်​သို့ပြန်​လာရာလမ်းတစ်​​လျှောက်​ ​တွေ့သမျှမြင်​သမျှအရာရာအားလုံး ဒီ​နေ့မှထူးထူးဆန်းဆန်းထူးပြီးလှ​နေသလိုပင်​ ယခုမှဒီလမ်း​လေးကအသက်​ဝင်​လာသည့်​နှယ်​ ​ပျော်​ရွှင်​မြူးတူးစွာ မခုန်​​ပေါက်​ရုံတမယ်​ လမ်း​လျှောက်​လာ​နေ​သော​ကောင်​မ​လေးတစ်​​ယောက်​ သူမမျက်​နှာသည်​ တ​လောကလုံးကိုအပိုင်​ရထားသည့်​နှယ်​ လပြည့်​ညလဝန်းကြီးပမာ ပြုံး​နေ​လေသည်​။ သူမဘယ်​​လောက်​​တောင်​​ပျော်​​နေလဲဆိုလျှင်​ သူမကို​တွေ့သမျှလူတိုင်း သူမ၏အ​ပျော်​​တွေကူးစက်​သွားသည်​အထိ သိသာ​နေ​လေသည်​။ ထို​ကောင်​မ​လေးမှာကား အခြားသူမဟုတ်​ ည​နေက​လေးတင်​ Park Chanyeol နှင့်​ ရည်းစားဖြစ်​လာ​သော Byun Baekhyun ​ပေ။

Baek : ဟွန့်​ Yoda စုတ်​ ဒီ​နေ့ပဲ ရည်းစားဖြစ်​တာကို အတူတူပြန်​မယ်​မရှိဘူး သွားစရာရှိတယ်​တဲ့ ဘာ​တွေအ​ရေးကြီး​နေမှန်းမသိဘူး ငါ့ထက်​ပိုအ​ရေးကြီး​နေလို့လား

Baek တစ်​​ယောက်​ ပွစိပွစိ​ပြောသာ​ပြော​နေတာ အ​ပျော်​လွန်​​နေမှန်းသူ့မျက်​နှာ​ပေါ်ကအပြုံးကိုကြည့်​ရုံနဲ့သိနိုင်​​လေသည်​။

Baek စံအိမ်​​တော်​သို့​မ​ရောက်​ခင်​ လူပြတ်​ရာလမ်းတစ်​လမ်း၌ အင်​အားကြီးမားလှတဲ့ warewolf နှစ်​​ကောင်​က Baek ​ရှေ့နှင့်​​နောက်​တွင်​ပိတ်​ရပ်​ကာ

Baek : ဘယ်​သူ​တွေလဲ ဘာလို့လမ်းကိုပိတ်​ရပ်​​နေရတာလဲ ဖယ်​​ပေး

Baek pov : Baek ပြော​နေတုန်းပဲရှိ​သေးတယ်​ ထို Warewolf နှစ်​​ကောင်​က Baek ကို စတိုက်​ခိုက်​​လေသည်​။ Baek လည်းအားကုန်​သုံးတိုက်​ခိုက်​​ပေမဲ့ ဘယ်​လိုမှမယှဉ်​နိုင်​​ပေ။ ​နောက်​ဆုံး Baek မှတ်​မိသည်​က Baek ​ဂုတ်​ပိုးကို တုတ်​ဖြင့်​ရိုက်​လိုက်​သည်​ကိုသာခံစားရ​ပြီး Baek ရဲ့ ကမ္ဘာကြီးတစ်​ခုလုံးအ​မှောင်​ကျသွား​လေသည်​။

°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'

Chanyeol တို့ Sehun တို့နှင့်​​တွေပြီး အိမ်​ပြန်​လမ်းတစ်​​လျှောက်​တွင်​ ၃ ​ယောက်​လုံး​ခေတ္တမျှစကားမ​ပြောမိကြ​ပေ။ ထိုသို့တိတ်​ဆိတ်​​နေ​သောအ​ခြေအ​နေကို ဖြိုခွဲလိုက်​သည်​က

လပြည့်​ညရဲ့ ဒဏ္ဍာရီ (Full Moon's Legendary)Where stories live. Discover now