ပုံစံတူနေ့တွေဖြတ်သန်းလာပြီးသည့်တိုင်
Jaeအတွက်လေ့လာစရာတွေမကုန်သေး။သူ့
ကျန်းမာရေးကိုစောင့်ရှောက်ရုံဆိုပေမယ့်လို့
နေရာတကာဝင်ပါတတ်သောJaeမွေးရာ
ပါစွမ်းရည်ထူးကြောင့်ခုဆိုသူ့Manager
တစ်ပိုင်းလိုဖြစ်နေပြီ။ခုထိတော့Jae၏မူလ
ရည်ရွယ်ချက်ရွှေရောင်အိပ်မက်Stylistနဲ့
နီးစပ်မှုဆိုတာမမြင်ရသေး။မေ့တတ်
လွန်းသူအတွက်တောက်တိုမယ်ရအကုန်
လိုက်လုပ်ပေးနေရတာနှင့်တင်အချိန်ကုန်
နေရင်းလက်ရှိကိုအသားကျနေခဲ့ပြီ။
အရာရာလျှို့ ဝှက်ချက်ကင်းသောသူ၏စနေ
နေ့တိုင်းဖုန်းဆက်သူဆိုသည်ကိုတော့စနေ
နေ့ပေါင်းများစွာဖြတ်သန်းခဲ့သည့်တိုင်သိခွင့်
မရသေး။သိခဲ့ချိန်တွင်လည်း
ထိုနေ့ကစနေနေ့တော့မဟုတ်။မနက်ခင်းကကြားလိုက်ရသောသ
တင်းစကားကြောင့်သူတနေကုန်ပြုံးပျော်နေ
ခဲ့သည်။""Jae yahh!!Hyungတို့Koreaကိုပြန်ရမယ်
ဆိုတော့မင်းအိမ်ပြန်မှာလား?Koreaမှာမိ
သားစုရှိလား""
ပြုံးရွှင်မြူးတူးနေသောသူ့အားJaeခေါင်းခါ
ပြလိုက်တော့ဖြတ်ခနဲဆိုသလို ပါးချို င့်များ
ပျောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်
လာသောမှိုင်းညှို့ ညှို့ အကြည့်တစ်စုံ။မုသား
ဆိုသူမို့သူ၏ရိုးသားစွာထပ်တူခံစားပေးမှု
အားလွန်စွာအားနာရသည်။
""Miyannae ဒါဆိုHyungတို့Dormမှာပဲ
လိုက်နေလေ။အရင်Dormထက်ပိုကျယ်
တယ်""Dormအခန်းတွေကျယ်လာကြောင်းပြော
နေသောသူ့ပုံစံကကလေးတစ်ယောက်သူ့
အိမ်လှကြောင်းဂုဏ်ယူပြောဆိုနေဟန်ကဲ့
သို့ဖြူ စင်လှသည်။တကယ်တော့Dorm
ကျယ်လာသည်ထက်သူ့Membersတွေ
နှင့်တွေ့ခွင့်ရမည့်အရေးကိုသူတွေးပျော်နေ
ကြောင်းJaeရိပ်မိသည်လေ။၈ယောက်သော
Membersတွေရဲ့ပုံတွေကိုSocial media
တွေကနေကြည့်ရင်းဝမ်းနည်းနေတတ်သူက
Membersတွေအပေါ်တာဝန်မကျေသလို
ခံစားရသည်ဟုခပ်တိုးတိုးရင်ဖွင့်ခဲ့
ဖူးသည်လေ။ရိုက်ကွင်းများတွင် ပျော်ရွှင်ရယ်
မောနေတတ်ပေမယ့်လို့အိမ်ပြန်ရောက်ချိန်
တိုင်းMembersတွေနှင့်Video callခေါ်
ရင်းတောင်းပန်စကားဆိုနေတတ်သူ။

YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.