BABY DR

110 12 0
                                    


သူ့ရင်ခွင်ထဲခေါင်းတိုးဝင်ကာအိပ်မောကျနေသောကလေးငယ်လေး။ဝဲကျနေသောဆံပင်
ပျော့ပျော့များအားသပ်တင်ပေးကာနှဖူးပြင်ဆီလက်တင်စမ်းကြည့်လိုက်တော့...
"ပူနေသေးတာပဲ"
အသာထကာကွေးကွေးလေးဖြစ်နေသောခပ်သေးသေးကောင်လေးပေါ်စောင်ကိုထပ်
ခြုံ ပေးသည့်တိုင် မနိုးသေး။
"Hyung!!ကျွန်တော်ဒီနေ့နားလို့ရမလားဟင်"
"အာာဘယ်ဖြစ်မလဲYi Xingရ။ဘာဖြစ်နေ လို့လဲ။ဆေးသောက်လေ။JaeရောJaeကိုဘာ
ဖြစ်တယ်ဆိုတာပြောပြပြီးဆေးသောက်ထားဒီနေ့Scheduleတွေက---×××€×®©£>€©"
မရနိုင်မှန်းသိသော်ငှားမတောင်းဆိုစဖူးတောင်းဆိုမှုအားငြင်းပယ်ခံရချိန်ဝမ်းနည်းမှုကတိုင်းတာမရနိုင်။
အိမ်နဲ့ဝေးရာတွင်နေမကောင်းနေသောကလေးတစ်ယောက်အနားနေချင်ပေးရုံလေး ပါ။
"ဒီလောက်ဆိုရပြီ"
ဇွန်းခဏချကာ အိပ်မောကျနေသောကလေးကိုသွားနှိုးရမည်။သူမသွားခင်လေးတော့
ဆေးသေချာတိုက်သွားချင်သည်။မနက်စာလည်းသေချာကျွေ းထားခဲ့ချင်သည်။
"Jae!!우리아이(ငါတို့ကလေးလေး)ထတော့လေ။"
သူ့ကိုကြည့်မိစဉ် ရိုက်ကူးရေးသွားမည့်လူကအိမ်နေရင်းဆွယ်တာမီးခိုးရောင်မှိုင်းမှိုင်း
နှင့်ဆံပင်ပွယောင်းယောင်း။
"ရတယ်Hyung!!ပြင်စရာရှိတာပြင်လေ။ခဏနေManager hyungလာတော့မှာ"
မျက်လုံးတွေပင်ကောင်ကောင်းမဖွင့်နိုင်သေးတာတောင်သူ့အတွက်စဉ်းစားပေးတုန်း။
Jae yahh!!မင်းငါ့ကိုလူဆိုးဖြစ်အောင်လုပ်နေမှာလား။မကြာပါ။အိမ်ရှေ့မှကားဟွန်းတီးသံကြားရပြီ
"ဒီနေ့အိမ်မှာနေခဲ့နော်။အိပ်ရေးဝဝအိပ်။ နေ့လယ်စာအတွက်ဆန်ပြု တ်ပိုချက်ထား
တယ်။နွှေးပြီးစားလိုက်နော်"
အဆက်မပြတ်မှာနေပုံက အလုပ်သွားခါနီးအမေတစ်ယောက်ကအိမ်တွင်ကျန်ခဲ့မည့်
သားငယ်လေးအားစိတ်မချဟန်ဖြစ်နေသည်။ Jae ဝမ်းနည်းရသည်။ပြီးတော့အားနာရသည်။
"Miyannae hyung!!"
"မတောင်းပန်နဲ့ အစားသာကုန်အောင်စားနေ့လယ်Hyungဖုန်းဆက်မယ်။အိမ်မှတစ်
ယောက်တည်းနေရဲတယ်မလား""
စိတ်မချ တာအသိသာကြီးပါ။အားနာ၏။ ဝမ်းနည်းနေမည့်သ့ူကို Jae ကနှိမ့်သိမ့်မပေးနိုင်သည့်အ
ပြင်သူကသာပြု စုယုယနေရသည့်အဖြစ်။ စိတ်မချသလိုလှည့်ကြည့်လှည့်ကြည့်နှင့်
ထွက်သွားသူ၏ကျောပြင်ကိုငေးကြည့်ရင်းမျက်ရည်ပူတွေလိမ့်ဆင်းလာပြန်၏။
မနေ့ညကတစ်ညလုံးဆံပင်တိုစိတ်စိတ်တွေကိုယုယုယယသပ်တင်ပေးမှုတွေ။
နဖူးပြင်ပေါ်မကြာခဏရောက်လာတတ်တဲ့ Hyung ရဲ့ လက်ဖဝါးနုနု။ကျောပြင်ပေါ်ခပ်ဖွဖွ
လေးပုတ်ကာချော့မြူ နှိမ့်သိမ့်မှုတွေ။ ဘုရားသခင်၏အိမ်တော်၌Angelတစ်
ပါး၏ရင်ခွင်ထဲတညတာရောက်နေခဲ့သလို။ ထိုရင်ခွင်နွေးနွေးမရှိတော့ချိန်ကျလာတာကမျက်ရည်
ပူပူတွေ။သူအဆင်သင့်ထားပေးခဲ့တဲ့ဆန်ပြု တ်ပူနွေးနွေးကိုစားရမည်မှန်းသိသည်။
ခွက်ကလေးထဲထည့်ပေးထားခဲ့သောဆေးရောင်စုံအားသောက်ရမယ်ဆိုတာလည်း သိနေသည်။
ဒါပေမဲ့ Jae ထမှမထချင်တာရယ်။သူ့ကိုယ့်ငွေ့နည်းနည်းကြွင်းကျန်ရစ်ခဲ့သောနေရာဆီသို့
သာအသာရွေ့လျက်မျက်လုံးတွေမှိတ်ထားကာကိုယ်ငွေ့ကိုခံစားဖြေသိမ့်နေမိသည်။
သက်သာလိုသက်သာငှားပေါ့။ အမှန်ဆို အိုမား ဆုံးပြီးတည်းကဒီလိုနွေးထွေးယုယမှုတွေ
မှမရတော့တာ။ခုလိုအိမ်နဲ့ဝေးနေချိန်အနားတစ်ယောက်မှမရှိချိန်အရင်မေ့ထားခဲ့တဲ့
အထီးကျန်မှုတွေ သိမ်ငယ်အားငယ်မှုတွေကရောဂါနှင့်မဟာမိတ်ဖွဲ့ကာအ
သက်၂၀အရွယ်မိန်းမငယ်လေးတစ်ယောက်ကိုအနိုင်ပိုင်းကာတိုက်ခိုက်ကြလေရဲ့။
***
ဖုန်းခေါ်ချင်နေသည် ။သူဖုန်းခေါ်ချင်သည်သို့သော်ရောက်ကတည်းကဖုန်းနားတစ်
ချက်မကပ်နိုင်သေး။ဒီနေ့မှတစ်နေကုန်တလွဲတွေပဲဖြစ်လို့နေသည်။
ဒီကလေးဆေးမှထသောက်နိုင်ရဲ့လားမသိ။နေမကောင်းတော့အစားစားချင်မှာလည်းမဟုတ်
။ညနေစောစောပြန်ရရင်ကောင်းမည်။သူစားချင်တာလေးမေးပြီးဝယ်သွားပေးရင်ဘာပဲဖြစ်ဖြစ်ပျော်မှာပဲ
"Hyung ကျွန်တော့်ဖုန်းခဏလောက်"
ရိုက်ကူးရေးတွင်Manager hyungကအမြဲဖုန်းသိမ်းထားလေ့ရှိသည်။
"Baby Dr" ဆိုသည့်Contactလေးကိုကြည့်ပြီးအနားမှ Stylist Noonaကရယ်သည်
ဟင်! ဖုန်းလည်းမကိုင်ဘူး။အိပ်နေလို့များလား။ ဒါမှမဟုတ်တစ်ခုခုများ...သူရင်တွေပူလာသည်။
ထိုင်နေမှပင်ထ၍ဖုန်းခေါ်မိသည်။ထင်ပါသည် ။ သူ့ မျက်နှာလည်းတော်တော်ပျက်နေမယ်လို့

HealingHikayelerin yaşadığı yer. Şimdi keşfedin