Jae တစ်ယောက် နေကောင်းသွားသည်နှင့်အရင်လိုဆရာပြန်လုပ်သည်။ သူဘယ်လောက်
ဆရာလုပ်လုပ်ပါအားလုံးကသူ့ဆိုချစ်ကြသည်။ အခု OMG(Oh My God!)ဆိုတဲ့Movieရိုက်ဖြစ်တော့
အရင်ရိုက်နေကျ Programတွေထက်ပိုအလုပ်ရှုပ်သည်။ နှစ်ယောက်လုံး ရိုက်ကွင်းတွင်
အိပ်ရတဲ့နေ့တွေရှိလာသည်။ Jae သည်လည်း Yi Xingh ကျန်းမာရေးကိုဂရုစိုက်ရုံသာမက
Stylistတစ်ဝက်Managerတစ်ခြမ်းPAလုံးလုံးဖြစ်လို့နေပြီ။ Yi Xing ကိုယ်တိုင်ကလည်း Jae
တိုက်သည့်ဆေးမှသောက်ရဲသလို Jae ထုတ်ပေးသည့်အဝတ်အစားများမှသာသက်တောင့်သက်
သာရှိ၍အဆင်ပြေသလိုလိုခံစားလာရသည်။သွက်သွက်လက်လက်နှင့်အမြဲရွှင်ပြုံ းနေတတ်သော jae
ကိုဆို အားလုံးက သူ့ ထက်တောင်အလိုလိုက်ကြသေးသည်။
ဘာပဲဖြစ်ဖြစ် Jaeဘာဆေးသောက်ရမလဲဆိုတာမျို းတွေ Jaeရေ စမ်းပေးပါအုံး
သွေးများတိုးနေသလားစသည့်ဖြင့်Directorကြီးကပင်အားကိုးတကြီးမေးလာလျှ င် ဘေဘီဒေါက်တာ
ကဝါရင့်အထူးကုကြီးလိုလိုဘာလိုလိုနှင့်ညွှန်ကြားတတ်သေး၏။ အရာရာမေ့တတ်သောသူ သည်
Jae ၏ချစ်စရာNoticeစာရွက်ရောင်စုံကြောင့်အရင်လို အလွဲလွဲအချာ်ချော်ဖြစ်တာမျို းတွေ
ရှားပါးလာခဲ့ပြီ။ တုံ့ပြန်မှုနှေးတဲ့ သူက Jae နှင့်စကားပြို င်လုတတ်နေခဲ့ပြီ။ဒါသည်အနိုင်လိုချင်သည်
ဆိုတာထက်စကားတတ်သည့်ကလေးအားမခံချင်အောင်စတတ်သည့် သဘောမျှ သာ။
ငြိမ်ငြိမ်သက်သက်မအိပ်တတ်သည့် သူသည် Jae နိုးသွားမည်ဆိုသောအသိဖြင့်ခုဆို
ငြိမ်သက်စွာအိပ်နေတတ်ခဲ့၏ ။ Sleep walking ဆိုးဆိုးရွားရွားမဖြစ်တော့သည့်တိုင် သူနှင့် Jaeကြား
ကဖဲကြို းချည်ခြင်းအလေ့အထကပျောက်ပျက်မသွားသေး။
သူက Jaeဆီကနေပြီး ကိုရီးယားရိုးရာစကားပုံအတိုအစလေးတွေသင်ဖြစ်သလို
ခုဆို Jae သည်လည်းChineseလိုတစ်ခွန်းစနှစ်ခွန်းစပြောတတရုံသာမကသီချင်းများ
ပင်သံယောင်လိုက်ဆိုနေတတ်ခဲ့ပြီ။ အချိန်မရှိသည့်ကြား သူ့ထံမှဂစ်တာတီးလည်းသင်နေပါ
သေး၏။ အမြဲပြုံ းရွှင်နေသော Jae နားနေဖြစ်ခဲ့လို့လားမသိ သူသည်လည်းအမြဲလိုလိုပြုံ းဖြစ်
နေခဲ့သည်မှာ ကိုယ်တိုင်သတိမထားမိစဉ်တည်းက...
selfie Kingဟုနာမည်ကြီးသော သူသည်ရောက်သည့်နေရာတိုင်း Jae နှင့် selfie
တူတူဆွဲဖို့ဘယ်တော့မှမမေ့ခဲ့။ သူ့BabyDrဟုကြွားချင်ပါသော်ငြား Manager Hyung
၏အကြောင်းရင်းမဲ့တားမြစ်မှုကြောင့်social mediaများတွင်မတင်ဖြစ်သည့်တိုင်
သူ့နားအမြဲရှိနေတတ်သော Jae ကိုFansite များကသတိပြု မိလာကြသည်။သို့သော်
ထိုကလေးသည် Cameraရှောင်သည့်နေရာတွင်ဆရာတစ်ဆူပင်။Pro cameraနှင့်ဖမ်း
ယူထားသောHQများတွင်တစ်စွန်းတစပါလာတတ်သည့် Jaeပုံရိပ်သည် ဦးထုပ်အောက်မှ
နားသယ်စပ်ဖွေးဖွေးလောက်သာ။ Jae အကြောင်းဘာဆိုဘာမှမသိရသည့်တိုင်သူ့ယုံသည်။
Jae မှာ အမေမရှိတော့ဘူးဆိုသည့်အဖြစ်ကြောင့်သနားစိတ်ဝင်မိပေမယ့်ဘယ်တုန်းကဘုရားသခင်၏
ရင်ခွင်တွင်အိပ်မောကျသွားလဲဆိုတာကိုလည်း သူမေမေးရက်ခဲ့။
အဖေနဲ့သာကြီးပြင်းခဲ့ရသောJaeကလောကဓံတွေကို ဘယ်လောက်ကြုံ တွေ့ခဲ့ရလည်းမသိ
သည့်တိုင်အရွယ်နှင့်မလိုက်အောင်အလုပ်ကိုတိတိကျကျလုပ်တတ်သူဖြစ်သည်။
အမြဲပြုံ းနေတတ်သူ၏နောက်ကွယ်ဘဝမှာဘယ်လိုတွေကြုံ ခဲ့ရသလဲ။ကျောင်းထားပေး
ချင်တယ်ဆိုတဲ့သူ့စကားကို Jae ကပြုံ းပြုံ းလေးသာတုံ့ပြန်ခဲ့သည်။
Jaeကိုအသုံးအဆောင်တွေဝယ်ပေးချင်ပါသော်လည်းသူကလက်ခံလေ့မရှိ။အကြောင်း
ပြချက်ပေးဖို့သူ့မွေးနေ့တို့ဘာတို့လည်း Yi Xing မသိရပါ။
ကိုယ်ထက်အဆမတန်ကြီးနေသောအကျီ ၤပွပွတွေဝတ်တတ်သော Jaeအား
"ဘာလို့ကိုယ်နဲ့မတော်တရော်တွေဝတ်တာလဲလို့" မေးမိတော့
"ဘယ်တော်မလဲ။ဒါကျွန်တော့်ဟာတွေမှမဟုတ်တာ။ဒီကိုလာမယ်ဆိုတော့အကျ ီ ၤဝတ်
စရာကောင်းကောင်းမရှိတာနဲ့ ManagerHyungကSM MALE IDOLတွေမဝတ်တော့
တဲ့အကျီ ၤတွေတောင်းပေးထားတာတွေ။" ဆိုပြီးပြန်ဖြေခဲ့သည်။
Jaeကခံစားချက်မရှိသလိုမျက်နှာသေနဲ့ပြန်ဖြေခဲ့ပေမယ် Yi Xing ကိုယ်တိုင်ကတော့ရုတ်တရက်
အသက်ရှုမဝလောက်အောင်ဆို့နင့်သွားခဲ့ရသည်။
ထုံးစံအရ Jae သူ့ နားမှာစာချု ပ်ပေါ်ကအချိန်အကန့်အသတ်တစ်ခုနှင့်တည်ရှိနေ
လိမ့်မည်ဆိုတာသိနေပေမယ့်အဲ့အချိန်အတိုင်းအတာပမာဏကိုလည်း သူထုတ်မမေးရဲ။
တကယ်ဆို Jae သူနားမရှိတော့ရင်ဆိုသည့်အတွေးတောင် သူလက်သင့်မခံနိုင်သေး။
တစ်ချိန်ချိန်ပျောက်ကွယ်သွားမှာမို့ Jaeဟာ Yi Xing ဘဝမှာခဏတာတွေ့ခဲ့ရသူအ
ဖြစ်သာချန်ထားခဲ့ဖို့ပလန် ချထားပြီးသူပီပီ Jae အကြောင်း သူ့ကို ဘာမှမသိစေချင်တာလား လို့တွေး
မိတော့ သူ ဝမ်းပန်းတနည်းဖြစ်ရသည်။ တစ်ခါတလေတွေးမိတယ်။ Jae က သူ့ကိုဂရု
စိုက်နေတာတွေက အလုပ်သဘောအရလားဆိုသည့်အတွေး။ထိုအတေ Yi Xing
မတွေးသင့်ဘူးနော်။ Jae ကတကယ်ပဲ သူ့အပေါ်ဂရုစိုက်တတ်တာပါ။ဆရာဝန်တိုင်းအဲ့လိုပဲလားဆိုတဲ့
မေးခွန်း Arni Arni သူကိုယ်တိုင် မေးပြီး သူကိုယ်တိုင်ငြင်းရသည် ။ သူကမတူဘူး။ဟုတ်မည်။ သူက
Jae အတွက် တခြားလူတွေနဲ့မတူဘူး။ ဒါဆိုရင် Jaeကသူ့အတွက်ဆိုရင်ရော...
သူမဖြေတတ်ဘူး။မဟုတ်ဘူး။ သူမဖြေရဲသေးတာ။ Jaeကသူ့အားအထီးကျန်ခြင်းဆိုသည့်
ဝေါဟာရကိုမရင်းနှီးစေသူ။
Jaeက အသဲကွဲခြင်းဆိုသည့်အတွေ့အကြုံ ဆိုးဆိုးကိုခံစားခွင့်မရအောင်ပြု လုပ်နိုင်သူ။
စိတ်ဓာတ်ကျ ခြင်းနှင့်တာဝန်မကျေမှုဆိုသည့်ခံစားမှုတွေကို သူ့လောကသို့အဝင်မခံခဲ့သူ။
ရယ်မောခြင်းရသကို အများဆုံးပေးစွမ်းနိုင်သူ။
ထိုသို့ဖြစ်စေခဲ့သော Jae က YiXing အတွက်ဆိုရင်...
![](https://img.wattpad.com/cover/69747157-288-k476602.jpg)
VOCÊ ESTÁ LENDO
Healing
FanficThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.