FAIL

376 24 2
                                    

မသွားချင်ဘူး Mijaeတကယ်မသွားချင်ဘူး ။ တခြားလူတွေသိရင်ပြောကြပါလိမ့်မည်။
နေ့လယ်စာစားဖို့လေးကိုပင်တစ်လလောက်ကြို တင်ချိန်းဆိုထားရသည့် အာရှတိုက်၏ အချမ်းသာဆုံး
စာရင်းဝင်သူဌေးကြီးနှင့်တွေ့ရမည်ကိုဘာလို့ဒီလောက်ငြင်းဆန်နေရပါသနည်း။
အဖြေကရိုးရိုးလေးပါ။သူက Mijae၏နှစ်ယောက်မရှိနိုင်သည့် အဖေဖြစ်နေသောကြောင့်ပါ။ ယခု
လိုအငြင်းခံလိုက်ရပြီးမှဆိုတော့ပိုဆိုးသည်မသွား၍လည်းမဖြစ်။ ဟိုနေ့ကမှရောက်လာသည့်Prada က
ဒီဇိုင်း အသစ်လိုချင်နေနေသည်။ တွေ့စဉ်ကြုံစဉ် တစ်ခါတည်း ပူဆာချင်၍ ရောက်အောင်တော့သွား
တွေ့မည် စိတ်ကူးသည်။Mijae အခုမှ ကြည့်မိသည် ။ သူမအကျီၤတွင် ကြယ်သီးတစ်လုံးပြုတ်နေ
သည်။
"ဟားးးးရူးချင်တာပဲ"
ကြယ်သီးတွေကအစားဝယ်လို့မရဘူး ။ Brand logoနှင့် ဝယ်သူနာမည်ကို
သေချာထွင်းထားသည့် အကန့်အသတ်နဲ့ရောင်းသည့် ကြယ်သီး။ သွားပါပြီ လို့ သူမစိတ်ထဲ
ညည်းညူမိသည်။ အနည်းငယ်လစ်ဟာနေသောလည်ပင်းအောက်ပိုင်းသားများကို နီညို
ရောင်လည်စည်းပုဝါနှင့်စတိုင်ကျစွာစည်းနှောင်ဖုံးဖိလိုက်ရတော့သည်။ မှန်ချပ်လေးမှတစ်ဆင့်
သူမကိုယ်သူမတစ်ချက်ပြန်ကြည့်သည်။သွားတွေစေ့ကြည့်သည်။ မျက်လုံးမှ လိုင်နာတွေညီမညီ။
အားလုံး သေချာသွားတော့မှကားပေါ်ကနေလှပစွာဆင်းကာတံခါးလာဖွင့်ပေးသောဝန်ထမ်း
လေးလက်ထဲကားသော့ထည့်ပေးပြီးလာခဲ့သည့် ဧည့်ကြို ဝန်ထမ်းနောက်သို့လိုက်လာခဲ့ပြီ။
ဟောတွေ့ပါပြီကြို ရောက်နေသူကတော့...ဒီတစ်ခါmarkအောက်ကနေမဟုတ်ဘဲနှုတ်ခမ်းတွန့်ရုံအပြုံ း
တစ်ခုဖန်တီးပြသည်။ ထိုသူ၏ အပြုံ းမှာတော်တော်များများကျဆုံးခဲ့ကြသည်ဟုကြားဖူးပေမယ့်
Mijaeကတော့မြင်နေကျမို့လားမသိရိုးလွန်းနေပြီ။ အန်တီ က "ထိုင်လေ" ဟုဆိုပြီး လက်ဖက်ရည်ငှဲ့
ပေးသည်။ဘာလဲဟ။အိမ်မှာတောင်တစ်လ နေလို့တစ်ခါမဆုံဖြစ်သည့် မိသားစုကအပြင်မှာဆုံကြသည်
ဆိုတော့... ချပေးထားသမျှ အစားအသောက်တွေကို တို့ကနန်းဆိတ်ကနန်းစားနေသောMijae
အား
"Dietပဲလား။အရမ်းကြီးထိန်းနေတာတော့မကောင်းဘူးနော်။တကယ်တမ်းစားဖို့လိုအပ်လာတဲ့အချိန်
ကျ ရင်မစားနိုင်ဖြစ်နေမယ်"
Appa (အဖေ) တောင်ဘာမှမပြောဘဲ ကြားထဲကနေဆရာကြီးလုပ်တတ်သူကMijaeနဲ့ဆို
ဘယ်လိုRealationshipတပ်ရမှန်းမသိသော Chan Eun Woo
"Appaကထမင်းတွေဘာတွေရုတ်တရက်ခေါ်ကျွေ းနေတာထူးဆန်းနေတယ်"
Appaက Mijaeကိုတစ်ချက်ပြန်ကြည့်ပြီးအန်တီ့ဘက်ကိုလှည့်ကြည့်သည်။Antiကလည်း
Appaဆီကခွင့်ပြု ချက်ရသွားတော့မှစာအိတ်ညို တစ်ခုကိုထုတ်ပေးသည်။
"ဘာလဲဟင်"
စာအိတ်ကိုဖွင့်မကြည့်ပဲမေးလိုက်တော့ အန်တီက
"London Royal Medical Collageဝင်ခွင့်စာ။နောက်လစတက်ခွင့်ရတာဂုဏ်ယူပါတယ်" ဟု
ဂုဏ်ယူသောအပြုံး အကြည့်တို့နှင့် ပြောလာသည်။
"Appa!"
Mijae၏ဒေါသစွတ်နေသောထိတ်လန့်တကြားအော်သံကြောင့်Appaကမျက်လုံးလှန်
ကြည့်ပြီး
"ငြင်းဖို့မစဉ်းစားနဲ့Mijae။ဒီနှစ်အတွင်းသမီးနေချင်သလိုနေဖို့Appaခွင့်ပြု ပြီးသွားပြီ။ အခု မိသားစုအတွက်သမီးတာဝန်ယူပေးဖို့စလုပ်ရတော့မယ်" ဟု ယတိပြတ်ပြောသည်။
"Appa! ဟင့်အင်းMijaeမတက်ချင်ဘူး"
"Eun wooလည်းပါမှာပါ။မသွားခင်ဒီမှာစေ့စပ်သွားကြပေါ့"
Antiကလေသံအေးအေးလေးနဲ့ပြောဆိုသည်။ တကယ်ဆို သားအဖနှစ်ယောက်ကြား
ဖျောင်းဖျဖြန်ဖြေပေး သည်ဆိုပိုမှန်မည်။
"ဟာနေ...နေကြပါအုံး။အခုMijaeကEun wooနဲ့စေ့စပ်ပြီးLondonကိုလိုက်သွားရမယ်ပေါ့။
ဟုတ်လား။ အခုပြောနေတာအဲ့လိုလား"
အန်တီ့ ကိုတစ်လည့် Eun wooကိုတစ်လှည့်ကြည့်ရင်းတည်ငြိမ်သောသူတို့မျက်နှာတွေ
ကြောင့်Mijaeတုန်လှုပ်လာကာမျက်ရည်များဝိုင်းလာရုံတင်မက နှုတ်ခမ်းသားများပင်တဆက်ဆက်
တုန်လာသည်။
"Eun woo yarနင်တစ်ခုခုပြောပါအုံးဟ"
အားကိုးတကြီးပြောသော်လည်း Eun woo ကတည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလာသည်။
"ငါသဘောတူတယ်Mijae။" တဲ့။
နင် ----နင်ဒါတမင်သက်သက်"
Mijaeကိုပြန်ကြည့်သောEun wooမျက်ဝန်းများသည်လွန်ခဲ့တဲ့သုံးနှစ်အတိုင်းဝမ်း
နည်းဟန်အရိပ်တွေ။ ဟင့်အင်းအဲ့လိုတွေလာမကြည့်နဲ့ လို့ စိတ်ထဲကနေအော်ဟစ်ပစ်လိုက်သည်။
"Appaစီစဉ်တာတွေကိုခက်ခံလိုက်Mijae...Stylistဖြစ်ချင်တယ်ဆိုတဲ့ ဘာမဟုတ်တဲ့အိပ်မက်တွေကို
မေ့လိုက်တော့"
"ဘာမဟုတ်တဲ့အိပ်မက်။Appaအတွက်ဘာမဟုတ်တဲ့အိပ်မက်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
Mijaeအတွက်ကတော့စိန်စီထားတဲ့အိပ်မက်ပဲ။အခုစီစဉ်တာကိုMijaeလုံးဝလက်မခံနိုင်ဘူး"
"ဒါဆိုငါစီစဉ်တာကိုလက်မခံတဲ့နင့်ကိုလည်းလက်ခံမထားနိုင်ဘူး"
ဟင်! ဒါ--ဒါ Mijaeကိုနှင်နေတာလား။
"Appa"
"ဒါနောက်ဆုံးပြောတာMijae။တခြားလူတွေသူတို့ဘဝသူတို့ရွေးချယ်နိုင်တယ်။နင်ကတော့မရဘူး။ဘာလို့ဆိုငါ့သမီးဖြစ်နေလို့ပဲ။ နင့်လမ်းနင်လျှောက်မယ် ဆိုကားထားခဲ့ပါ"
သမီးတစ်ယောက်ကိုနှင်နေသောAppaမျက်နှာကတည်ငြိမ်လိုက်တာ။Mijaeမှာကိုယ်ပိုင်ဘဝပုံစံတည်ဆောက်ခွင့်ရှိသည်။မခံချင်စိတ်နှင့်အတူ နှစ်ဆယ်ဝင်စမိန်းကလေးတစ်ယောက်၏မာန။
ဦးညွှတ်ရင်းအခန်းထဲမှထွက်လာတော့အန်တီက လှမ်းတားသည်ကိုကြားသော်လည်း
လှည့်မကြည့်ဖြစ်တော့။ကျဆင်းလာသောမျက်ရည်တွေကိုဒေါသတကြီးသုတ်ဖယ်မိရင်းမှဝမ်းပန်း
တနည်းထပ်ငိုကျွေ းနေမိသည်။ထိုစဉ်အနောက်မှလှမ်းဆွဲလိုက်သောလက်တစ်စုံ။
အမြဲတမ်းနွေးထွေးနေသောလက်ဖဝါးနုနု။

Healingحيث تعيش القصص. اكتشف الآن