ရာသီဥတုကသာယာလွန်းနေတာမျို းမဟုတ်ပေမယ့်Yi Xing စိတ်ထဲတွင်တော့ သာယာနေသည်။
သူ့ဘေးနားဝင်ထိုင်လာသောသူလေးကတော့ အိပ်ချင်မပြေသေးသောမျက်လုံးများအား
မဖွင့်သေးဘဲ ခါးပတ်ကိုလိုက်စမ်းနေသည်။မနက်၄နာရီထိုးဆိုသည့်အချိန်ကအားလုံးမှုန်မှုန်ဝါးဝါး။
မြင်နေရသည်မှာ အဆင်မပြေရှိလှသဖြင့် Yixing ကပဲခါးပတ်ကိုယူကာပတ်ပေးလိုက်ရတော့သည်။
"ခင်ဗျားDramaတွေသိပ်မကြည့်နဲ့" နှင့် ဟုဆိုပြီးဘုတောတောသည်။ သူရယ်တော့အိပ်
မှုန်စုံဝါးမျက်လုံးများဖြင့်ရှုတူတူပြန်ကြည့်သည်။ Jae တစ်ယောက် သူ့ကို ကောက်ချင်လည်း
ကောက်စရာ။မနေ့ညကလည်းအိပ်ချင်နေပြီဟုပြောနေသော Jae အားသင်ပေးထားသော
ဂစ်တာလက်ကွက်များကိုအတင်းပြန်တီးခိုင်းခြင်းဖြင့် Jae ၏အိပ်မှုန်စုံဝါးပုံကို သူကိုယ်တိုင်ဖန်တီး
ယူခဲ့သည်။ မနက်မိုးမလင်းသေးManager hyungကဖုန်းဆက်လာသည်။Shootingတည်ရာ
နယ်မြို့လေးတစ်မြို့ကိုသွားထားနှင့်ဆိုပြီးလွှတ်သဖြင့်ခုလိုဝေလီဝေလင်းမနက်၄နာရီ
ကြီးထကာခရီးတိုလေးထွက်ဖို့ဖြစ်လာသည်။ အမှန်ကမနက်လင်းမှသွားရင်ဖြစ်သော်လည်း
သူကိုယ်တိုင်ကားမောင်းချင်တာရောသွားမည့်ခရီးနှင့်လမ်းကြောသင့်သည့်နေရာလေး
တစ်ခုကို သူ၏ ဘေဘီဒေါက်တာလေးအားခေါ်သွားချင်တာရောကြောင့်မနက်မထချင်
သေးသည့်Jae ကို အတင်းနှိုးကာဆွဲမလာခြင်းဖြစ်သည်။အားလုံးမသိသည့်လျှို့ဝှက်
ချက်တစ်ခုက Jae အိပ်မှုန်စုံဝါးဖြစ်နေပုံကို သူအရမ်းသဘောကျသည်။အဲ့ပုံစံလေး
ကိုမြင်ရ ရုံဖြင့်သူ့ကိုအသံထွက်အောင်ရယ်မောစေနိုင်စွမ်းသည်။
"ကားကိုမင်းမောင်းသင့်တယ်လို့မထင်ဘူးလား"
အပျင်းပြေစကားဆိုတာထက်ပိုမိုအရှိန်ပါစေဖို့ရန် Jae ကိုမခံချင်အောင်စလိုက်သည်။
ထင်သည့်အတိုင်းပါပဲ။
"ကားမောင်းပေးရအောင်ကျွန်တော်ကခင်ဗျားကြီးဒါရိုက်ဘာလား" ဟုချက်ချင်းပြန်ရန်တွေ့သည်။
YiXingရယ်ချင်စိတ်ကိုထိန်းရင်း
"HyungလိုIdolတစ်ယောက်ကမင်းလိုကလေးတစ်ယောက်အတွက်ကားမောင်းပေးနေရတာတော့..."
"Zhang Yi Xingခင်ဗျားနည်းနည်းလွန်နေပြီနော်။ကျွန်တော်သည်းခံတာများနေပြီ။ခုခင်
ဗျားမမောင်းချင်ရင်ဘာလို့ဒီအချိန်ကြီးထလာလဲ" ဟူ၍ ဒေါသအိုးသေးလေး ကွဲအောင် ပေါက်ကွဲအော်
ဟစ်ပါလေတော့သည်။
"မင်းကိုကအိပ်ပုတ်ကြီးတာပါJaeရာ"
" ဟက် သူကပဲပြောရတယ်ရှိသေး။အချိန်တိုင်းငိုက်နေတာဘယ်သူလဲ ။ အယ်လ်တွေရေးတဲ့
FanFicတိုင်းခင်ဗျားမငိုက်တဲ့အခန်းမပါသလောက်ကိုခင်ဗျားရဲ့Imageကထင်သာမြင်သာရှိလွန်းနေ
တာ။တော်ပြီဗျာ...ကျွန်တော်အိပ်ချင်နေတဲ့ကြားခင်ဗျားနဲ့စကားပြို င်လုရတာအားယုတ်တယ်"
"ဟား ဟား ဟား"
ဒါပါပဲ။ခင်ဗျားချင်းထပ်အောင်အခေါ်ခံနေရတောင် မနိုင်နိုင်အောင်စကားပြို င်လုခံနေ
ရတာကိုများသဘောတကျရယ်နေနိုင်သေးသည့်သူ့ကိုအပြင်လူတွေတွေ့ရင်အံ့သြ
နေပါလိမ့်မည်။ကိုယ့်ထက်ငယ်တဲ့ကလေးတစ်ယောက်ကပြောဆိုနေတာကိုမနာတတ်ဘူးလား
ဆိုပြီးမေးလာခဲ့ရင်လည်းခေါင်းခါပြ ရပါလိမ့်မည်။ Jae သူ့ကိုခုလိုပြောဆိုနေတာကိုက
သူ နဲ့ရင်းနှီးလာတယ်ဆိုတဲ့သဘောပါ။ Jae နဲ့သူ့ကြားကဘောင်တွေစည်းတွေ
ကွာဟမှုတွေမှေးမှိန်လာတယ်ဆိုတဲ့သဘောပဲမဟုတ်လား။ ဒါသူလိုချင်တာတွေလေ။ဒီတော့လိုချင်
တာရ၍တကျရယ်မောမိတာသူ မမှားဘူးလို့ယူဆ၍ ရသည်မလား။
တကယ်အိပ်ချင်နေရှာပုံပါ။ လက်မောင်းလေးတစ်ဖက်ကိုခေါင်းအုံးလျက် ခွေခွေခေါက်
ခေါက်နှင့်ပင်အိပ်နေသည်။ခုလိုပုံလေးမြင်တော့လည်းစိတ်ထဲအားနာနေရပြန်၏။
ဘေးတိုက်အနေအထားနှင့်ပုစွန်တုပ်ကွေးကွေးနေသောကိုယ်ပါးလျလျ။လက်မောင်း
ကြားကွယ်ဝှက်ထားသောမျက်နှာပြင်ဖွေးဥဥလေးပေါ် ဝဲကျနေသောရွှေရောင်သန်းနေ
သောဆံပင်ပျော့စင်းစင်းတွေ။ခုမှကြည့်မိသည်။ Jae ဆံပင်တွေတောင်အနည်းငယ်ရှည်
နေခဲ့ပြီပဲ။ သူ့ဆံပင်တွေကိုသာ Jaeက အမြဲအာရုံစိုက်ပေးခဲ့ရတာ။ Jae ကိုယ်တိုင်ကတော့
ဆံပင်တွေကိုသူ့ ဆီရောက်လာချိန်ကပုံစံလေးအတိုင်းသာထားခဲ့တာ။ပုံသွင်းခြင်းဆိုတဲ့လူ
လုပ်ပြု ပြင်ခြင်းကင်းသောသူ့ဆံံပင်တွေကထိတွေ့လိုက်တိုင်းပိုးမျှ င်ပေါ့လေးတွေလို။
"Jae!!Jae"
ကားမောင်းနေရင်းမှ သူ့လက်မောင်းကိုလှုပ်ကိုင်ကာနှိုးရသည်။သဘာဝအလှတရားအာ
းသူတစ်ယောက်တည်းမခံစားလို။
"အင်း...Wae"
အိပ်ချင်မူးတူးဖြစ်နေသေးသော ကောင်လေးကို ကောင်းကင်ကိုသာလက်ညှို းထိုးပြလိုက်သည်။
" ဝိုး ဝိုး မိုက်လိုက်တာ"
ထင်ထားသည့်အတိုင်းသဘာဝကိုချစ်သေကောင်လေးကဝေဟင်နတ်သမီး၏ အိပ်ရာထစ
ရှက်သွေးရဲနေသောရောင်စဉ်ဖြာမှုကို လှိုက်လှိုက်လှဲလှဲကိုသဘောကျငေးမောကြည့်နေ၏။
"လှလားJAE!!"
"လှတယ်။နေထွက်ခါစအချိန်ကအဲ့လောက်လှသလား။ ကမ်းခြေမှာပဲလှတယ်ထင်တာ
ကောင်းကင်ကိုရှင်းရှင်းလင်းလင်း...အဲ ကျွန်တော်တို့မြို့ပြင်ရောက်နေပြလား"
မြင်နေကျ မိုးမျှော်တိုက်တာများမရှိသောပတ်ဝန်းကျင်၏ရှင်းလင်းလက်ဆက်နေမှုကို
အခုမှသတိပြု မိသွားဟန်ရှိသည်။ အစိမ်းရောင်လွင်ပြင်ကျယ်နှင့် သဘာဝပန်းရောင်စုံခင်း
တွေအားကားမှန်မှတစ်ဆင့်ကြည့်နေရသည်ကိုအားမလိုအားမရဖြစ်နေဟန်ရှိသဖြင့် သူကပဲ
အလိုက်တသိနှင့်ကားမှန်ချပေးချပေးတော့ဘောင်ပေါ်မေးတင်ကာတဝကြီးရှုစားလေရဲ့
လေအေးအေးနုနုနှင့်အတူစီးမျောနေသော Jaeဆံပင်ထူအုပ်အုပ်လေးတွေ။သူသဘော
ကျကြောင်းပြချင်ဟန်ဖြင့်လှည့်ပြုံ းပြတတ်သေးသော Jae မျက်နှာနုနုစင်စင်လေး။
"Hyung yahh သီချင်းလေးဘာလေးဖွင့်ပါလားHyung!!ဒီအချိန်သီချင်းဖွင့်ရမှာ"
"ဘာသီချင်းဖွင့်မလဲ"
"မြူ းလေကောင်းလေ။အာ3-6-5ဖွင့်"
Chinese versionမို့အကုန်မရပေမယ့်3-6-5ကိုတော့အတူတူလိုက်အော်သည်။
သူတို့လုပ်ခဲ့သလို လက်နှစ်ဖက်ကိုဘယ်ညာရွှေ့ကာကနေသလို ကားမောင်းနေသည့် YiXing
ကိုပါလိုက်လုပ်ခိုင်းပါသေး၏။ကားမောင်းနေရင်းမှအားသည့်လက်တစ်ဖက်နှင့် Jaeနှင့်
အတူစီးချက်လိုက်ပေးနေမိသည်။ သူမှားသွားသည်။
Jae၏အိပ်မှုန်စုံဝါးပုံစံကချစ်ဖို့ကောင်းတာမှန်ပေမယ့်အခုလိုရယ်မောတက်ကြွနေဟန်က Jaeကိုပို၍
တောက်ပကာလင်းလက်စေသည်။ဘာဆိုဘာမှ လိမ်းခြယ်ထားခြင်းမျို းမရှိ
သောJae ၏ မျက်နှာရှင်းရှင်းကသူ့စိတ်ကိုကိုယ်စားပြု နေသလို။
"She's my Black Pearl"
Playerမှထွက်လာသောChenအသံနောက်လိုက်ဆိုသော Jae ပုံစံကိုသဘောတကျ
ရယ်မိတော့...
အူတူူတူမျက်နှာလေးနှင့်ပြန်လှည့်ကြည့်လာသည် ။ Yixing ကလည်းအရယ်မရပ်နိုင်သဖြင့်
ရှက်သွားသည်ထင်ပြန်ငြိမ်သွားသည်။ပြောမယ်ဆို Jaeအ ခုလိုသီချင်းတစ်ပုဒ်ကိုစိတ်ပါလက်
ပါဆိုတာဒါပထမဆုံးပင်။
"ဘာရယ်တာလဲဗျ ။Idolလောက်တော့ဘယ်ကောင်းပါ့မလဲ"
"မင်းဟာလေ..."
စကားလုံးရှာမတွေ့၍မဟုတ်ပါ။နောက်ဆက်တွဲစကားလုံးတို့အစားသူ့ခေါင်းလေးကိုသာ
ဖွလိုက်မိတော့သည်။သိနေသည် ။ သူ့ပါးပေါ်ကပါးချို င့်အေတွ ခုချိန်ထိ ရှိနေဦးမည်ဆိုတာ...
ဒီတစ်ခါတော့ဆံပင်တွေကိုဖွနေသောသူ့လက်ကိုပြန်ပုတ်မထုတ်အားပါ။
ဖြတ်သန်းလာသောရောင်စုံခြယ်ပန်းခင်းတွေကိုသာအာရုံကျနေလေရဲ့။
***
![](https://img.wattpad.com/cover/69747157-288-k476602.jpg)
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.