LOVELY DORM

112 11 0
                                    



ပုံစံတူနေ့တွေဖြတ်သန်းလာပြီးသည့်တိုင် Jaeအတွက်လေ့လာစရာတွေကမကုန်နိုင်သေး။သူ့
ကျန်းမာရေးကိုစောင့်ရှောက်ရုံဆိုပေမယ့် နေရာတကာဝင်ပါတတ်သောJae ၏ မွေးရာ
ပါစွမ်းရည်ထူးကြောင့်အခုဆိုသူ့Managerတစ်ပိုင်းပင် ဖြစ်နေပြီ။အခုထိတော့Jae၏မူလ
ရည်ရွယ်ချက်ရွှေရောင်အိပ်မက်Stylistနဲ့နီးစပ်မှုဆိုတာမမြင်ရသေး။မေ့တတ်
လွန်းသူအတွက်တောက်တိုမယ်ရအကုန်လိုက်လုပ်ပေးနေရတာနှင့်တင်အချိန်ကုန်
နေရင်းလက်ရှိကိုအသားကျနေခဲ့ပြီ။ အရာရာလျှိ ု့ဝှက်ချက်ကင်းသောသူ၏စနေ
နေ့တိုင်းဖုန်းဆက်သူဆိုသည်ကိုတော့စနေနေ့ပေါင်းများစွာဖြတ်သန်းခဲ့သည့်တိုင်သိခွင့်
မရသေး။သိခဲ့ချိန်တွင်လည်း ထိုနေ့ကစနေနေ့တော့မဟုတ်။
မနက်ခင်းကကြားလိုက်ရသောသတင်းစကားကြောင့်သူတစ်နေကုန်ပြုံ းပျော်နေခဲ့သည်။
"Jae yahh Hyungတို့Koreaကိုပြန်ရမယ် ဆိုတော့မင်းအိမ်ပြန်မှာလား။ Koreaမှာမိသားစုရှိလား"
ပြုံ းရွှင်မြူ းတူးနေသောသူ့ကို Jaeခေါင်းခါပြလိုက်တော့ဖြတ်ခနဲဆိုသလို ပါးချိ ု င့်များ
ပျောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်လာသောမှိုင်းညှို့ညှို့အကြည့်တစ်စုံ။မုသား
ဆိုသူမို့သူ၏ရိုးသားစွာထပ်တူခံစားပေးမှုအားလွန်စွာအားနာရသည်။
"Miyannae ဒါဆိုHyungတို့Dormမှာပဲလိုက်နေလေ။အရင်Dormထက်ပိုကျယ်တယ်"
Dormအခန်းတွေကျယ်လာကြောင်းပြောနေသောသူ့ပုံစံကကလေးတစ်ယောက်သူ့
အိမ်လှကြောင်းဂုဏ်ယူပြောဆိုနေဟန်ကဲ့သို့ဖြူ စင်လှသည်။ Dorm
ကျယ်လာသည်ထက်သူ့Membersတွေနှင့်တွေ့ခွင့်ရမည့်အရေးကိုသူတွေးပျော်နေ
ကြောင်းJaeရိပ်မိသည်လေ။ရှစ်ယောက်သောMembersတွေရဲ့ပုံတွေကိုSocial media
တွေကနေကြည့်ရင်းဝမ်းနည်းနေတတ်သူကMembersတွေအပေါ်တာဝန်မကျေသလို
ခံစားရသည်ဟုခပ်တိုးတိုးရင်ဖွင့်ခဲ့ဖူးသည် ။ရိုက်ကွင်းများတွင် ပျော်ရွှင်ရယ်
မောနေတတ်ပေမယ့်လို့အိမ်ပြန်ရောက်ချိန်တိုင်းMembersတွေနှင့်Video callခေါ်
ရင်းတောင်းပန်စကားဆိုနေတတ်သူ။
"Jaeလိုက်မယ်မလား။ အိမ်မပြန်နဲ့တော့Memberတွေကလည်းJaeကိုတွေ့ချင်နေ
ကြတယ်""
"အဆင်ပြေပါ့မလား"
"ပြေမှာ..."
စကားမဆုံးခင်ဖုန်းဝင်လာသည်။ပုံမှန်ဆိုဘယ့်သူဆီကဖုန်းလာလာ။အဆုံးသတ်
Manager ကိုလျှို့ဝှက်ထားသောMembersဟောင်းများဖုန်းဆက်လာခဲ့ရင်တောင်
Jaeရှေ့မှာပင်ပြောတတ်သူကခုတော့အိမ်ရှေ့ကိုပြေးထွက်သွား၏။
ဘယ်လောက်ပဲရင်းနှီးသည်ဆိုဆိုအလုပ်ရှင်နှင့်အလုပ်သမားကြားစည်းတစ်ခုကိုJae
မြင်တွေ့ခဲ့ပြီ။ အခန်းထဲဝင်ရမလား။ အိမ်ရှေ့တွင်ပဲဆက်ထိုင်စောင့်နေရမလားဝေခွဲမရ
ဖြစ်နေသောရှုပ်ထွေးမှုကြား 한국(Korea)ဆိုသည့်အသံထွက်သည်Chineseစကားသံကြား
အကြိမ်များစွာပါနေသည်။အလှမ်းမဝေးသောအကွာအဝေးနှင့်Speaker ကောင်းသောသူ့ဖုန်းကြောင့်
တစ်ဖက်မှ မိန်းကလေးတစ်ယောက်သံကJaeရှိရာသို့လေနှင့်အတူတူရောက်ရောက်လာတတ်သည်။
မိန်းကလေးများ၏ဝမ်းတွင်းပါပညာရပ်ဟုပင်ဆိုရမလားဖုန်းထဲမှအနှီမိန်းကလေးသည်
စနေနေ့တိုင်းဖုန်းဆက်သူဟု Jaeစိတ်ထဲ အလိုလိုခံစားမိနေသည်။
" ဖုန်းစပီကာ ကလည်းကောင်းလိုက်တာနောက်ဆို Xing hyungကိုလူကြားထဲနား
ကြပ်နဲ့ဖုန်းပြောခိုင်းမှဖြစ်မယ်။ငါကChineseလိုနားမလည်တော့ထားပါတော့..."
ဟိုဖက်လျှောက်လိုက်ဒီဖက်လျှောက်နှင့်ဖုန်းပြောနေသောသူ့ဟန်ပန်တွင်ကြည်နူး
ခြင်းအစားတစ်စုံတစ်ခုအားတောင်းဆိုနေဟန်သာ။Jaeဝမ်းနည်းသလိုခံစားလာရသည်။
ဒါဘာအတွက်ကြောင့်လဲ။ သူ့ကျောပြင်ကိုငေးကြည့်နေရင်းမှသူအိမ်ပေါ်ပြန်တက်
လာတော့Jaeအလိုလိုခေါင်းငုံ့နေမိသည်။ ဒီလိုအပြု အမူတွေဖြစ်ပေါ်စေသောစိတ်ရင်း
ခံကဘာပါလိမ့်။ ဝမ်းနည်းခြင်းအလေးသာနေသောသိမ်ငယ်မှုတစ်စွန်းတစ်စလား။
"အိပ်ချင်နေပြီလားJae"
ဆံပင်များကိုခပ်ဖွဖွပွတ်သပ်ရင်းမေးလာသည်။သူ့ထက်ငယ်တဲ့ကောင်လေးတိုင်းကိုသူဒီလိုပြု မူနေကျလား။
"Ar...Arni"
ဘေးတွင်ဝင်ထိုင်သည်။ခြေထောက်များကိုဆန့်ထုတ်ပြီးခေါင်းကိုမော့ကာလေပူတစ်
ချက်မှုတ်ထုတ်သည်။မကြာသေးခင်မိနစ်ပိုင်းလောက်က ပြုံ းရွှင်နေခဲ့သောXing
မဟုတ်တော့။ စိတ်မောနေသောXingကJaeဘေးတွင်ငြိမ်သက်နေသည်။
"မင်းမှာချစ်သူရှိလားJae"
"Nae"
အစပ်အဆက်မရှိထမေးသောကြောင့်မျက်လုံးလေးပြူ းကာအံ့သြနေသော ကောင်လေးကို Xing သေချာကြည့်နေမိသည်။ အပြစ်ကင်းတယ်ဆိုတာဒီလိုမျို းပုံကိုခေါ်တာနေမှာ ဟူ၍လည်း တွေးမိသည်။
"မရှိဘူးလား။ မရှိရင်ညံ့တာပေါ့"
သူ့အခြေအနေကိုရိပ်စားမိနေဟန်ရှိ၍အလိုက်တသိနှုတ်ဆိတ်ပေးနေသော Jae
ရှေ့စိတ်ညစ်နေသောအပြု အမူတွေမပြချင်သည်က သူ့ဗီဇလား။ ဒါမှမဟုတ်...
"없어"(မရှိဘူး)
Jae တွေတွေဝေဝေမရှိဖြေရင်းမှ တွေးရပြန်သည်။ Eun wooကချစ်သူမှမဟုတ်တာနော်။မရှိဘူး
လို့ဖြေတော့ အံ့သြဟန်မပြဘဲခပ်ပြုံ းပြုံ းလေးပြန်ကြည့်နေသည်။သို့သော်လေးလံနေသော
သူ့စိတ်အစဉ်အရ အပြုံ းတွေသိပ်မပီပြင်နေ
"ချစ်သူထားရင်လေ။ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်သူ့ကိုဖုန်းဆက်ပေး။သူမလိုပါဘူး
အလုပ်ရှုပ်နေတာကိုနားလည်ပေးပါတယ်လို့ပဲပြောပြောမင်းဖုန်းကိုတော့အချိန်တိုင်းမ
ဟုတ်တောင်တစ်နေ့တစ်ခါတော့သူမျှော်နေမိမှာပဲ"
ဒါဘာလဲ။ ဒါသူ့ခံစားချက်လား။ တစ်ဖက်လူပေါ်မှီတည်နေသောသူ့မျှော်လင့်ချက်လား ဆိုတာ Jaeဝေခွဲမရပါ။
တိတ်ဆိတ်မှုကအိမ်လေးအတွင်းကြီးစိုးထားသည်။အသက်ရှုသံတိုးတိုးကြားသက်ပြင်း
ငွေ့ငွေ့ကဘယ်သူချလိုက်တာလဲ။
အင်ချွန်းလေဆိပ်ဝန်းသည် မမြဲတစေ စည်ကားရှုပ်ထွေးနေသည်။
နှစ်လကြာပြီးမှအမိမြေပေါ်ခြေပြန်ချခွင့်ရသည်နှင့်မြန်ဆန်သောခြေလှမ်းများနှင့်ပင်

HealingHikayelerin yaşadığı yer. Şimdi keşfedin