ခန္ဓာဗေဒစေ့ဆော်မှုတစ်ခုကြောင့် Jae ဆက်ခနဲထထိုင်ရတော့သည်။မျက်လုံးတွေကဖွင့်ဖို့ရန်
ဆန္ဒမရှိပေမယ့်သွေးသားတုံ့ပြန်မှုကိုဒီအတိုင်းပြီးသွားပါစေဆိုပြီးထားလိုက်လို့မရ
ပေဘူးလေ။အခု ရောက်နေတာApgujeong-dongမှာရှိသောJae အိပ်ခန်းမှာမှမဟုတ်တာ
အမြဲတမ်းပတ်ထားရသောနာရီမှ Dateကိုကြည့်တော့
"Ashii သုံးရက်တောင်စောနေပါလား"
ဟုတ်မှာပါ။ အခုတလောပင်ပန်းသည်။ နောက်ပြီး စိတ်ပင်ပန်းမှုတွေများသည်လေ။ခုတင်ပေါ်
မှာဝမ်းလျားမှောက်လျက်နှစ်နှစ်ခြို က်ခြို က်အိပ်ပျော်နေသူကိုတစ်ချက်ငေးကြည့်ပြီးမှ
အမြန်ကုန်းကျုံ းထရသည်။ အိပ်ရာခင်းတွေပေလို့လည်းမဖြစ်ဖူးမလားပုံမှန်ဆိုသူမနိုးခင်တ
စ်နာရီလောက်စောထရ သည်။
ယောကျာ်းလေးတစ်ယောက်လိုနေနေရသောဘဝကသာမာန်မိန်းကလေးထက်ဗာရီယပိုများသည်။ခု
လိုမိန်းကလေးတစ်ယောက်ဆိုတာကိုသတိပေးသောသဘာဝတရားကိုရင်ဆိုင်နေရချိန်ဆိုပိုဆိုး
သည်လေ ။ တဆစ်ဆစ်ကိုက်လာသောခါးမှ တစ်ရှူးစများ၏တင်းကျပ်မှုကခံရခက်၏။မနက်စာ
စားပြီးဆေးသောက်မှဖြစ်မည်။အရင်လကတော့Periodမစခင်တည်းကဆေးကြို
သောက်ထား၍အနာအကျင်ကင်းစွာဖြတ်ကျော်နိုင်ခဲ့သည်။ အခုတော့...
"Jae!!အထဲမှာလား"
ဟင်!!!နိုးလာပြီလား။
"Hyungခဏ...ခဏလေးနော်"
"မြန်မြန်~~~Hyungသန့်စင်ခန်းဝင်ချင်လို့"
အသံအနေအထားအရအရေးကြီးနေပုံ။ တောက်!! ခေါက်မိတော့သည်။
ဒီနေ့မှအဝတ်စကပိုရှည်နေသလိုပဲ...ခန္ဓာကိုယ်အထက်ပိုင်းကိုတင်းကျပ်စွာစည်း
နှောင်ထားရသည့်ဒုက္ခထက်အခန်းရှေ့မျက်နှာငယ်လေးနဲ့ဖြစ်နေမည့်သူ့ဒုက္ခကပိုကြီး
နေနိုင်သည်။ရေချို းခန်းနဲ့အိမ်သာတွဲဆက်ထားသောတရုတ်အင်ဂျင်နီယာကိုသာ
မေတ္တာပို့မိသည်။Master bed roomထဲတွဲထားတယ်ဆိုတော်သေး...အခုတော့ တစ်အိမ်
လုံးမှတစ်ခန်းထဲရှိသောBathroomနဲ့မှတွဲထားရတယ်လို့။ဒီဇိုင်းတွေချွေ တာချက်
ရေတွေသေချာမသုတ်နိုင်အဆင်သင့်ယူထားသောTshirtကိုကောက်စွတ်ဒါနဲ့စိတ်
မလုံ၍ခေါင်းစွပ်အနွေးထည်ပါထပ်ဝတ်ရသည်။ရေချို းခန်းသည်ပင်လျှင်Jae၏အဝတ်
လဲခန်း။
"ဟင်ရေတွေသေချာမသုတ်ပဲအကျီ ၤတွေထပ်ဝတ်တာလား"
"အင်း...Hyungဝင်လေ"
ဘယ်လိုပြန်ဖြေရမလဲမသိ၍ သူရှေ့မှသာခပ်သွက်သွက်ထွက်လာမိသည်။သူပြန်မထွက်
ခင်ပေါင်မုန့်နှစ်ချပ်ကိုစက်ထဲထည့် panထဲမှအသားပြားအရောင်မပြောင်းခင်
Manager hyungကဖုန်းဆက်လာ၏။
"Jaeနောက်ဆယ့်ငါးမိနစ်ဆိုHyungတို့ရောက်မယ်။Yi Xingကိုနှိုးထား"
"အာ...Wae? Schedule က၆နာရီမှစမှာဆိုHyungကခုရေချို းခန်းထဲမှာ"
"ဒါဆိုမြန်မြန်လုပ်ထား။Companyတစ်ခုကကြော်ငြာတစ်ခုကမ်းလှမ်းထားလို့သွားတွေ့
ရမယ်။အဆင်သင့်ပြင်ထားနော်"
အနောက်ကကျားလိုက်လာသလိုပြောပြီးဖုန်းချသွားသောManager hyungကိုပြေး
သာထုချင်မိသည်။
"Hyung!!ဘာလုပ်နေလဲ"
"ရေချို းနေတယ်"
"မြန်မြန်ထွက်ခဲ့တော့Hyung!!Manager hyungလာခေါ်မယ်တဲ့ခဏနေ..."
Jaeတံခါးမဆုံးခင်တံခါးဖွင့်မှတော့ဒီတစ်ယောက်ခြေခိုင်ပါတော့မလား။
အပေါ်ပိုင်းဗလာနှင့်ရေစက်တွေကြားသူကို မကြည့်မိအောင်မျက်နှာလွှဲရင်း
"Hyungအဝတ်အစားထုတ်ပေးထားတယ်မြန်မြန်ဝတ်။ကျွန်တော်Breakfastလုပ်ပေးထားတယ်"
မသွားသေးဘဲ လက်ထဲကိုင်ထားသောအဝတ်လိပ်တစ်ခုကိုပြသည်။MG!!သေပြီပဲ။ရင်
စည်းအဝတ်ကိုလျှော်ပြီးဒီအတိုင်းတင်ထားခဲ့မိတာ။
"ဒါjae မျက်နှာသုတ်ပဝါလား။ဘယ်နားလှန်းခဲ့ရမလဲ"
အော်မျက်နှာသုတ်ပဝါတဲ့လား ။ တော်လိုက်တဲ့CEOရယ်။ ခွီချင်စိတ်ကိုအတင်းမျို ချပြီးမှ
"အင်းအင်းပေးပါအဲ့ဒါကြီး။သွားhyungသာအဝတ်အစားမြန်မြန်သွားဝတ်။ခဏနေ
Manager hyungလာခေါ်တော့မှာ။Pali"
ဟူး...တော်သေး၏။မနက်စောစောသွေးဆောင့်တက်အောင်လာလုပ်နေသည်။ကားပေါ်ရောက်မှမနက်
စာအတင်းကျွေ းရ၏။
"ရော့Hyungဒီမှာပေါင်မုန့်။ကော်ဖီ"
"Jae!!ငါတို့အတွက်မပါဘူးလားကွ"
"Arniyar Hyungတို့ကစားလာပြီးသားမဟုတ်လား။ Yi Xing Hyungပြီးရင်ဆေးသောက်မယ်"
ဗန်ကားအမည်းကြီးထဲJaeအသံနောက်က ရယ်သံတွေသည် ဟာမိုနီလိုက်ပေးနေသကဲ့သို့ထွက်လာ
သည်။
"Jaeမင်းရောမစားရသေးဘူးမလား"
အသားပြားညှပ်ထားသောပေါင်မုန့်အားတစ်ကိုက်ကိုက်ပြီးမှသတိရသွားဟန်ဖြင့်မေးလာသည်။
ခေါင်းညိတ်ခေါင်းခါဘာလုပ်ပြရမလဲစဉ်းစားနေစဉ်မှာပင်ပေါင်မုန့်ကနှုတ်ခမ်းနားတေ့လျက်သား
"ရော့မင်းပါစား"
"အာာ...ရ...ရပါတယ်။Hyungစား"
"ဘာလဲရွံ့လို့လား"
"Ar...arnimidar"
"ဒါဆိုစား"
စိတ်ကျေနပ်စေရန်သူကိုက်ပြီးသားနောက်မှတစ်ကိုက်ကိုက်လိုက်ရတော့သည်။
ကားBackကြည့်မှန်ကနေတစ်ဆင့်စူးစမ်းသလိုကြည့်လာသောManager Hyung၏
မျက်လုံးများကိုမသိချင်ယောင်ဆောင်လို့မရ ။ သိုးပေါက်ဖြူ ကတော့သူကိုက်လိုက်Jaeကိုခွံ့
လိုက်နှင့်ပင်။ CFတစ်ခုအတွက်လက်မှတ်ထိုးပြီးသည်နှင့်Go fightingရိုက်ကွင်းတည်ရာသို့ပြေးရ
ပြန်သည်။ ပြေးလွှားဆော့ကစား( အင်း အဲ့လိုပဲပြောရမှာပေါ့နော်)
နေသောသူ့ပုံစံက နုနည်ပျို မြစ်လှသည်။ဖြူ စင်သည်။တစ်ခါတလေထင်းခနဲပေါ်လာသော
ပါးချိုင့်များနှင့်ရယ်လိုက်လျှ င်မှိတ်သွားသောသူ့မျက်လုံးစင်းစင်းတွေ။တစ်ခုချင်းစီ
ကနေ့စဉ်မြင်နေကျမြင်ကွင်းတွေပေမယ့်လို့ငေးကြည့်မို့ငှာဘယ်သောအခါမှမပျင်းရိစေ။
ကလေးတစ်ယောက်လိုစိတ်လွတ်ကိုယ်လွတ်ရယ်မောနေသောသူသည် နားချိန်
တွင် "နော်ဝေကဘယ်လိုနိုင်ငံမျို းလဲJae" ဟူ၍ခပ်တိုးတိုးမေးလာသည်။ရင်ထဲထိတ်ခနဲဖြစ်
သွားပေမယ်လို့သူသိချင်တာဖြေပေးရမှာJaeတာဝန်လေ။
"ဥရောပကချမ်းသာတဲ့နိုင်ငံတွေထဲကတစ်ခုပေါ့"
"ရာသီဥတုကရော...အရမ်းအေးလား"
"ဆောင်းရာသီဆိုMinusရောက်တတ်ပေမယ့်ရာသီဥတုမျှ တတယ်လို့ပြောလို့ရတယ်
Koreaကရာသီစက်ဝန်းနဲ့တူတယ်"
"တော်သေးတာပေါ့"
မှိုင်းညို့ ညို့ နှင့်လေခေါ်ဆောင်ရာသို့အိန္ဒြေိကြီးဟန်ဖြင့်နှေးနှေးလေးလိုက်ပါနေသော
တိမ်တိုက်များကိုငေးနေသောသူ့၏မျက်ဝန်းတို့၏ အရောင်ကိုပြောင်းပေးချင်မိပါရဲ့။ု
ရိုက်ကွင်းထဲရယ်မောပျော်ရွှင်နေသောYi Xingနှင့် အခုJaeနားငြိမ်ငြိမ်လေးထိုင်နေသောYi
Xing။ဘယ်တစ်ယောက်ကအစစ်လဲ။
"မင်းဘယ်လိုသိတာလဲ"
သူမေးချင်တဲ့အဓိပါ္ပယ်ကိုချက်ချင်းသဘောပေါက်စွာ
"Manager hyungပြောပြတာ" ဟူ၍ Jaeကခပ်အေးအေးသာပြန်ဖြေသည်။
တစ်ခါတလေ ဒီကလေးကလူကြီးလေးတစ်ယောက်လိုပင်။သူ့စိတ်ခံစားချက်၏
ရောင်ပြန်လေးတစ်ခုပမာနှုတ်ဆိတ်နေလျှင်ခေါင်းလေးငုံ့ကာငြိမ်နေပေးတတ်သလို
ရယ်မောနေလျှ င်လည်းအရွှန်းဝိုင်းဖောက်ပေးတတ်ခဲ့သူ။သွက်သွက်လက်လက်နှင့်
ချက်ချက်ချာချာရှိသောထိုကလေးသည်သိုသိုသိပ်သိပ်လေးလည်းနေတတ်ပြန်သေး
၏။Jaeဆိုသည့်နာမည်အတိုလေးကလွဲ၍မျို းရိုးနာမည်ပင်မသိရပေမယ့်လို့ထိုကောင်
လေးကိုသူယုံကြည်နေမိသည်။
"Jae!"
"ဟင်"
"Hyungတို့ဒီညငါးသွားမျှားရအောင်"
"အင်းလေHyungသွားချင်ရင်လိုက်ပေးမယ်"
သူ့ ကြောင်းသိနေပေမယ့်လို့ဘယ်လိုနေလဲတစ်ခွန်းမမေး။သူစိတ်ချမ်းသာစေဖို့ကိုပဲဆုံးဖြတ်ထား
ဟန်ရှိသည်။ Manager hyungကများသတိပေးထားလို့ပေများလား။
***
ဘယ်လိုစကားမျို းနဲ့နှိမ့်သိမ့်ပေးသင့်လဲမသိလို့ Jae တောင်းပန်ချင်သည်။ မရွေးချယ်ခံရသည့်
စိတ်ကိုနားလည်၏။တည်ဆောက်ထားခဲ့သောသံယောဇဉ်တွေကိုမထောက်ထားခဲ့
သူကြောင့်ဘယ်လောက်ခံစားနေရမလဲဆိုတာ Jae တွေးတောင်မတွေးပေးရဲဘူး။
လွတ်လပ်စွာအသည်းကွဲခွင့်မရှိတဲ့ဘဝတွေ Idolလောကမှာဘယ်လောက်များများရှိနေလဲနော်။
အောင်မြင်ခြင်းနောက်ပေးဆပ်လိုက်ရတဲ့ ရလဒ်တွေကFanတွေရဲ့အပြုံ းနဲ့ယှဉ်ရင်
ဘာမှမဟုတ်တော့ဘူးတဲ့လား။
တစ်နေကုန်ဆေးသောက်ဖို့အာရုံမရခဲ့သည့်အကျို းဆက်ကြောင့် နာကျင်ကိုက်ခဲမှုတွေက
တရိပ်ရိပ်တက်လာခဲ့သော်ငှား စိတ်ဖြေရာရှာနေသူရှေ့အပြုံ းမပျက်ရက်ပါ။
နှင်းမကျပေမယ့်လို့အေးစိမ့်စိမ့်လေထုကြားတစ်ချက်တစ်ချက်ပါလာသောမိုးရနံ့တွေ
ကန်ရေပြင်ကိုဖြတ်တိုက်လာသောလေအဝှေ့တွင်တစ်ချက်တုန်သွားသည့်အဖြစ်ကို
သဘောတကျရယ်မောနေ၏။ပေါ်လာသည့်အပြုံ းတွေကစစ်မှစစ်ရဲ့လားဆိုသည့်သံယ
သများမထားရက်ခဲ့ပါ။
"ငါးမျှားရတာဝါသနာပါလို့လားHyungက"
"Arni ဒီအတိုင်းဒီကန်နားလာချင်လို့။မင်းနဲ့အတိုင်းကြီးထိုင်နေရတာတစ်မျို းကြီးဖြစ်
နေမှာမဟုတ်လား"
ငါးမျှားတံများကိုနေရာတကျ ထားရင်းပြောလာသည်။
"ဒီနားကတိတ်တယ်နော်"
"အင်း။စိတ်ကြို က်ငိုလို့ရတယ်လေ။လူမရှိတော့..."
မှောင်ရိပ်ကျနေသောသူ့မျက်နှာကိုJaeကြည့်နေတာတွေ့တော့ခေါင်းငုံ့သွား၏။
"Hyung"
"Arni ရတယ်။အားပေးစကားပြောပေးချင်နေတယ်ဆို Hyungရတယ်လို့။"
တိတ်ဆိတ်မှုသည်သာဤရပ်ဝန်းတွင်အောင်ပွဲခံနေသည် ။ ဆောင်းတွင်းကြီးဘယ်ငါးကို
ဖမ်း၍ရတတ်လည်းJaeမသိပါ။အခုချိန်ထိတော့ရေပွတ်သံလေးတောင်မကြားရ။
"မင်းသောက်တတ်လားJae"
တော်တော်ကြာမှထွက်လာသောအမေးစကား။
"Hyungသောက်ချင်လို့လား ။ ကျွန်သွေားဝယ်ပေးရမလား"
"ဟားမနက်မျက်နှာကြီးဖောင်းနေမယ်ဆိုပြီးညဖက်ခေါက်ဆွဲပြု တ်တောင်မစားခိုင်းတဲ့လူက...
အသည်းကွဲရင်ဒီလိုအခွင့်အရေးတွေရတတ်တယ်လား"
နာကျင်ခြင်းဆိုသည့်ဓာတ်ပြု ပစ္စည်းထည့်ထားသဖြင့်ထွက်လာသောရယ်သံထုတ်ကုန်
တွင်ခပ်အက်အက် တုန်ခါမှုကအချို းအစားများစွာပါဝင်နေ၏။ ကရုဏာရသမြောက်စွာ
ကြည့်လိုက်သောအကြည့်တွေကိုသူကပြန်ငေးကြည့်လာပြီးမှ
"မနက်ရိုက်ကူးရေးရှိသေးတယ်လေ" ဟုခပ်တိုးတိုးပြန်ဖြေလာ၏။
"ဘာလက်ဖွဲ့ပေးသင့်လဲJae...ပိုက်ဆံဆိုရင်ရိုင်းနေမလား"
ငိုချင်လာသည်။ဘေးလူဖြစ်သည့်Jaeတောင်ဒီလိုခံရခက်နေမည်ဆိုလျှ င်...
"စိတ်မကောင်းပါဘူး။မင်းကိုဘေးနားခေါ်ပြီးစိတ်ညစ်အောင်လုပ်နေသလို့ပဲ။ဒါ
ပေမဲ့ မင်းရှိနေလို့Hyungခုလိုနေနိုင်တာဒီအချိန်အရင်လိုတစ်ယောက်ထဲဖြစ်နေရင်ရူးသွားမလားပဲ။"
"ဆယ်နှစ်ရှိပြီဆို။"
"အင်းးအကြာကြီးပဲနော်။ဒါပေမဲ့ အဖြေရခဲ့တာမနေ့တစ်နေ့ကလိုပဲခံစားရတုန်းပဲ။ သူမို့လို့ဒီ
လောက်ထိစောင့်ခဲ့ပေးတာပေါ့။ဟုတ်တယ်မလား"
အပြစ်။အပြစ်တင်ခြင်းတစ်စွန်းတစပင်ရှာဖွေမရသောသူ့နှုတ်ထွက်စကားများတွင်း
ခွင့်လွှတ်ခြင်းဆိုသည်ထက်ကျေးဇူးတင်တယ်ကိုသာတခြားဝေါဟာရတစ်ခုဖြင့်ဖော်ညွှန်းသွားသည်။
အသံတွေဆိတ်ငြိမ်သွားပြန်သည်။အင်းဆက်ပိုးကောင်များ၏အော်မြည်သံများကတိတ်ဆိတ်သော
ညအမှောင်တွင်စီစဉ်တကျမရှိထွက်ပေါ်နေသည်။
"ပြန်ရအောင်"
ဟင်! သူထိမိလိုက်သော Jae လက်ဖျားတွေသည်အေးခဲနေ၏။
"Jae!!Jae!!"
မျက်လုံးများပွင့်မလာ။ YiXing ထိတ်လန့်စိတ်နှင့်ကိုယ်ပါပါးလေးကိုကောက်ပွေ့သည့်တိုင်
လှုပ်ရှားတုံ့ပြန်မှုဆိုတာကိုရှာမရသေး။ သူမှားတာပါ။ဒီလောက်အေးခဲနေသည့်
ရာသီဥတုထဲမှာတစ်နေကုန်ပင်ပန်းထားရသည့်ကလေးကိုဘေးနားခေါ်ထားခဲ့တာ
ကိုယ့်အပူနှင့်ကိုယ်မို့သူက ပတ်ဝန်းကျင်၏အခြေအနေကိုမေ့ထားနိုင်ပေမယ့်ဒီကလေးက...
ဘာအကြောင်းမှမရှိပါဘဲ သူနဲ့လည်း မဆိုင်ပါဘဲ လိုက်ဒုက္ခခံပေးခဲ့ရသည်။
ကားပေါ်ရောက်ချိန်Heaterဖွင့်ပြီးသည့်တိုင် Jaeကိုယ်လေးကနွေးမသွားသေး။
လက်ဖဝါးနှစ်ခုခပ်ကြမ်းကြမ်းပွတ်ကာ Jae ၏ အေးစိမ့်စိမ့်ပါးပြင်ပေါ်ဖိအုပ်ကြည့်သည်။နွေး
ထွေးမှုစီးကူးမယ့်နေနေသာသာသူ့ လက်ပင်အေးလာရသည်။ဘေးနားဒီလောက်ထိချမ်းနေတာ
တောင်ပြန်မယ်Hyungလို့တစ်ခွန်းမဟခဲ့ပဲ ငြိမ်ငြိမ်လေးထိုင်နေပေးခဲ့ရှာသူ...
"Jae!!Jae!!"
မျက်တောင်စိတ်စိတ်တို့လှုပ်ရှားသွား့ချိန်ဝင်ရောက်လာသောဝမ်းသာမှု။ ထူးဆန်းလိုက်တာ
မျက်တောင်ဖျားလေးလှုပ်လာတာကို သူအကြီးအကျယ်ဝမ်းသာနေမိသည်။
"Jae!!ဆေးရုံသွားရအောင်နော်"
ခေါင်းခါပြသဖြင့် သူနားမလည်နိုင်တော့...
"ဆေးရုံသွားမှဖြစ်မယ်။မင်းကိုယ်တွေအရမ်းပူနေတယ်"
"Arni...ဒီနားကဆေးခန်း"
ခပ်တိုးတိုးထွက်လာသောစကားသံ။
"ဆေးရုံသွားမှ..."
"Arni--Hyungကိုမှတ်မိသွားကြမယ်။ဆေးခန်းသာပို့ပေးပါ။ဆရာဝန်တစ်ယောက်
လောက်ပဲရှိတဲ့ဆေးခန်း"
ဒီလောက်ဖြစ်နေတာတောင်သူ့အတွက်စဉ်းစားပေးနေနိုင်သေးသည်။
"နေပါစေ"
"jalpa!!ကျွန်တော့်စကားနားထောင်ပါ"
Maskတွေဘာတွေမအုပ်နိုင်။ ဒီအတိုင်းပွေ့ချီ ပြီးသားဆေးခန်းသေးသေးလေးတစ်ခု
ကိုခေါ်လာရသည်။အသက်ခပ်ကြီးကြီးဆရာဝန်ကြီးက သူ့ကိုမမှတ်မိပေမဲ့လို့
Nurseလေးကတော့မှတ်မိသည်လေ။ဒါတွေကအရေးမကြီး။ အခုJaeလောက်ဘာမှအရေးမကြီး။
" ဒေါက်တာသူ သူ ဘာဖြစ်သွားတာလဲ"
"Hyungအပြင်ထွက်ပေးပါ"
"Waeyo"
"ကျွန်တော့်ကိုသနားရင်အပြင်ထွက်ပေးပါ"
ပါးပြင်ပေါ်သို့မျက်ရည်စီးကြောင်းတစ်ခုဖြတ်စီးဆင်းလာသော Jaeအား သူမသနားသင့်ပေဖူးလား။
ဘာတွေကြောင့်များဒီလောက်ထိသိုသိပ်နေရတာလဲJae။ ဒါပေမဲ့ တောင်းဆိုလာတော့လည်း သူ
အလိုက်တသိဖြင့် အပြင်ထွက်လာပေးလိုက်သည်။
"Periodကိုဖြတ်ကျော်နေရလို့ပါ။ရက်စောသွားလို့ဆေးလည်းကြို မသောက်မိလိုက်ဘူးဆရာ"
စမ်းသပ်နေသောဆရာကြီးသည်ဝါအရJaeရှင်းပြနေစရာမလိုပေမယ့်ခုအခြေအနေ
အရရှင်းပြမှဖြစ်မည်လေ။
"ဒါဆိုမင်းခန္ဓာကိုယ်ကိုမစည်းနှောင်ထားသင့်ဘူး။မင်းနားလည်တယ်မလား"
"ဟုတ်။ကျေးဇူးပြု ပြီးသူ့ကိုခုအခြေအနေရဲ့တချို့တစ်ဝက်ကိုချန်ထားပေးခဲ့ပါ"
တံခါးမှန်ကနေတစ်ဆင့်စိုးရိမ်မှုတွေနှင့်ငေးကြည့်နေသော Xing Hyung ကိုဒေါက်တာကတစ်ချက်
လှည့်ကြည့်ပြီးမှ
"ကောင်းပြီလေ။ဒါပေမဲ့ကာလရှည်ကြာ အခုလိုတွေစည်းနှောင်ထားတာမျို းတွေကမ
ကောင်းဘူးဆိုတာသိတယ်မလား"
"ဟုတ်"
"အကိုက်အခဲပျောက်ဆေးပဲ ပေးလိုက်မယ်။ဆေးတွေတော့သေချာသောက်ပါ။နှစ်ရက်လောက်
နားရင်ပိုကောင်းမယ်"
"ဟုတ်"
"ဒါနဲ့မင်းအင်္ဂလိပ်အရမ်းကောင်းတယ်။ဘယ်ကျောင်းကလဲ"
"Seoul Medical Collageကပါ"
"ကိုယ်တိုင်ဆေးပညာရပ်ကိုတက်နေရတော့ပိုသိမှာပါ။ဒီလိုတွေမလုပ်သင့်မှန်း။အပြင်
ကတစ်ယောက်ကမင်းအတွက်ဘယ်လောက်အရေးပါလဲမသိပေမယ့်မင်းကျန်းမာရေးကို
လျစ်လျူ ရှုဖို့လောက်ထိတော့မကောင်းဘူးလို့စီနီယာတစ်ယောက်အနေနဲ့အကြံပေးပါရစေ"
"ကျေးဇူးတင်ပါတယ်ဆရာ။သူကခုလိုလျစ်လျူ ရှုဖို့လောက်ထိအရေးပါသူမို့လို့ပါ"
"ဆေးပုလင်းချိတ်ဖို့လိုတယ်" ဟူသောဒေါက်တာ၏အကြံပေးချက်ကိုခေါင်းတွင်
တွင်ခါကာငြင်းဆိုလိုက်သည်။
ခုတောင်Hyungအိပ်ချိန်ကျော်နေပြီလေ။သူပုလင်းချိတ်တာသာထိုင်စောင့်နေရလို့မဖြစ်
ဘူးလေ။ ဆေးမှတ်တမ်းစာအုပ်မှ ဆေးများကိုထည့်ပေးရင်းမော့ကြည့်လာသောNurse၏စူး
စမ်းအကြည့်တွေကိုခေါင်းငုံ့ရှောင်လွှဲလိုက်သည်။
ဆေးခန်းကအထွက်
"ရပါတယ်" ဟူ၍အသံတိုးတိုးလေးနှင့်တောင်းပန်တိုးလျှို းနေသည့်ကြားမှစွေ့ခနဲရအောင်ပွေ့ချီသည်။
"ခါး...ခါးနာမယ်Hyungရဲ"့
"ပေါ့လိုက်တာJaeရာ။ယောကျာ်းလေးတစ်ယောက်ကိုယ်ကဒီလောက်ပေါ့ရွှတ်နေတာတော့မကောင်းဘူး။"
သူပြောတော့ အရင်လိုနှုတ်လှန်မထိုးနိုင်။ သူချီပိုးထားသည့်အတိုင်းသာ ငြိမ်ငြိမ်လေးလိုက်လာသည်။
"အဝတ်တွေလဲမလား။နည်းနည်းစိုနေသလိုပဲ"
ခုတင်ပေါ်ဂရုတစိုက်ချပေးရင်းအဝတ်လဲရန်လှမ်းလာသောလက်တွေကို အထိတ်
တလန့်ဖမ်းတားရသည်။မျက်ခွံတွေလေးံနေပြီ။ Jaeအိပ်လိုက်ချင်ပြီ။သို့သော်အသိစိတ်
မပျောက်အောင်ထိန်းရင်း
"ကျွန်တော့်ဘာသာလုပ်မယ်" ဟုပြောရသည်။
"ရပါတယ်Hyungကိုအားမနာနဲ့။"
"အပြင်ထွက်ပေးပါJalpa"
ငိုသံလေးနဲ့ပြောနေပြန်ပါပြီ။ယောကျာ်းလေးအချင်းချင်းကိုပင်ဘာကိုရှက်နေရပါသလဲ
သူမစဉ်းစားတတ်ပါ။
အခန်းအပြင်တွင်တွေကာရပ်နေရင်းအရှက်သည်းသူအကြောင်းကိုနားမလည်နိုင်စွာရှိနေသည်။
ရေစိုနေတာတွေခြောက်အောင်မသုတ်ပဲတစ်ခါတည်းလဲဝတ်လာသောအဝတ်အစားတွေ။ခုလိုမထူနိုင်
တဲ့အခြေအနေဖြစ်နေတာတောင်အကျီ ၤလဲပေးလို့မရတာတွေ။သူနားမလည်နိုင်သောဒီကလေးသည်...
အတွေးတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နှင့်။ ဖြစ်နိုင်တာတွေရော သူပဲ အတွေးလွန်နေ
တာလားဟု ပြန်မေးခွန်းထုတ်ရသည့်အတွေးတွေရောနှင့် သူ့ခေါင်းတစ်ခုလုံး ရှုပ်ထွေးပွေလီနေသည်။ လိုတာထက်ပိုကြာနေသောကြောင့်သူစိုးရိမ်လာရပြန်သည်။"Jae!!Jae!"
တုံ့ပြန်သံအစားလဲပြို ကျ သွားသောအသံကသူ့ကိုအထိန်းအကွပ်မဲ့စွာအခန်းတွင်းသို့
ရောက်သွားစေသည်။
မီးရောင်မှိန်မှိန်အောက်မြင်လိုက်ရသောမြင်ကွင်း။ သူ့ရင်ထဲမှရယ် ဒါကိုဘယ်လိုအမည်တပ်
ရမှန်းပင်မသိ။ပုံလျက်သားလဲကျနေသောခန္ဓာကိုယ်လေးကိုပွေ့ထားရင်းစိုးရိမ်တကြီးခေါ်ပေမယ့်တုံ့
ပြန်သံမကြားရတော့။ ရအောင်လဲဝတ်ထားသောအနွေးထည်ထူထူနှင့်ချွေ းစေးတွေနဲ့တုန်ချမ်း
နေသောကောင်လေး။
"Jae!Jae!သတိထားပါအုံး"
"အင်း..."
ပွေ့ချီကာအိပ်ရာပေါ်သို့တင်လိုက်သည်။ သူ့အိပ်ရာက Jae ၏့ခေါက်ခုတင်သေး
သေးလေးထက်တော့ပိုနွေးသည်။
"ကျွန်တော့်နားမနေပါနဲ့"
"wae?waeyo??"
ပါးပြင်ပေါ်မှကျလာသောမျက်ရည်စတွေကိုသုတ်ဖယ်ပေးတော့သူ့လက်တွေကိုတွန်း
ဖယ်နေပြန်၏။ဒီကလေးဘာဖြစ်နေတာလဲ။ သူနည်းနည်းစိတ်တိုချင်လာသည်။လူ
ကသူ့ကိုကြည့်ပြီးဘာလုပ်လို့လုပ်ပေးရမှန်းမသိအောင်စိတ်ပူနေတာတောင်သူက
"Jaeမင်းဘာဖြစ်နေတာလဲ။မင်းအဖျားဒီလောက်တက်နေတာကိုHyungကမင်းအ
နားမနေရဘူးလား။ငါမင်းလိုဆေးကျောင်းမတက်ခဲ့ရပေမယ့်လူတစ်ယောက်အပူကြီး
နေတာကိုတော့..."
"Hyungကိုအဖျားကူးမှာဆိုးလို့ပါ"
အိခနဲပြို ဆင်းလာသောမျက်ရည်တွေကြားရှိုက်သံစွတ်နေသောအသံတိုးတိုးလေးသည်
ပြောလက်စတွေပြောဖို့ရည်ရွယ်ထားတာွတွေထွက်လက်စကရုဏာဒေါသအဟုန်
တွေ အားလုံးအားလုံးကိုALT A + Deleteနှင့်Enterခေါုက်ခံလိုက်ရသလိုစုံးွ
စုံးပျောက်ကွယ်စေကုန်၏။
"Jae Yah!!ခုမင်းအတွက်ပူနေရတဲ့ငါ့ရင်ထဲကအပူထက်ပဲပိုကြီးနိုင်မှာတဲ့လား"
တုံ့ပြန်ဖို့အားမရှိတော့၍လားဆက်ပြီးခေါင်းမမာချင်တော့၍လားမသိ ကျဆင်းလာသော
မျက်ရည်တစ်စသူ့ခေါင်းအုံးပေါ်သို့ခုန်မဆင်းခင်မျက်တောင်တို့မှေးစက်သွားတော့သည်။
"ကူးချင်လည်းကူးပါစေတော့..."
ပထမဦးဆုံးအကြိမ်အဖြစ်ကောင်လေးတစ်ယောက်ကိုပွေ့ဖက်ကာအိပ်ရာဝင်ခဲ့သောညပါ။
***
နီးကပ်နေသောရင်ငွေ့။နွေးထွေးလိုက်တာတစ်စုံတစ်ယောက်၏နွေးထွေးစွာပွေ့ဖက်မှု
ကိုနောက်ဆုံးရခဲ့တာဘယ်တုန်းကပါလိမ့်။ Jae အတွက်ဒီလိုနွေးထွေးမှုမျို းကိုAppaဆီကနေတောင်ခံ
ယူခွင့်မရခဲ့။နာကျင်မှုတွေစိုးထိတ်မှုတွေဲပြီးတော့နောင်တတရားတွေဒီရင်ခွင်ထဲခဏ
မြှု ပ်နှံပါရစေ။ရည်ရွယ်ချက်မပါပေမယ့်လို့အကွက်ကျကျလိမ်လည်ထားသူတစ်ယောက်
အနေနှင့်ဒီလိုဂရုစိုက်မှုတွေမခံယူသင့်မခံယူထိုက်မှန်းသိပေမယ့်ရှားပါးလှစွာသော
ထိုနွေးထွေးငြင်သာမှုအောက် ရမ္မက်ကင်းသောထွေးပွေ့မှုအောက် ခေတ္တခဏခိုလှုံ
ပါရစေ။ငြင်းပယ်နိုင်စွမ်းမရှိတော့လို့ပါ...
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.