Ending

728 23 3
                                    


"Jae~~"
"Yixing Gege"
တံခါးလာဖွင့်သူလေးကပြူးကျယ်နေသောမျက်ဝန်းဝိုင်းဝိုင်းတွေနဲ့မော့ကြည့်နေခဲ့သည်။သူမပုံစံက
အလွန်အမင်းအံ့သြနေဟန်။
"ဒါJaeနေတဲ့အခန်းလားခင်ဗျ"
"ဟို...Mijaeဒီမှာမရှိတော့ဘူး"
"ဘယ်လို"
"မနေ့ကညတည်းကသူထွက်သွားတာ။ပစ္စည်းတွေလည်းမယူသွားဘူး။ညီမတားပါသေးတယ်
Gege"

ကောင်မလေး၏စကားမဆုံးခင်YiXingပြိုလဲကျသွားရတော့သည်။လုပ်ရက်လိုက်တာလို့အပြစ်မတင်ချင်ပါဘူး။ Jaeကို မုန်းလို့မရတာကိုပဲ သူ့ကိုယ်သူမုန်းမိတာ။
"Gege!!ထပါ။"
ကလေးမလေးကထူပေးသည်။ သူဆိုတာမူးလဲခဲ့တာတောင် ရိုက်ကူးရေးပြန်လုပ်နိုင်ခဲ့သူပါ။
အခုကတော့ဖြင့် Jaeနှင့်ရွယ်တူကလေးမလေးအကူအညီနှင့်အခန်းထဲရောက်လာရသည့်အဖြစ်။
"ဒါသူ့အိပ်ခန်း"
ခရမ်းနုရောင်သုတ်ထားသောအခန်း။သူ့ကိုသတ်နေသလိုပဲ။
"ဘယ်ကိုထွက်သွားတာလဲဟင်။သိရင်ကျွန်တော့်ကိုပြောပြပါ။"
"တောင်းပန်ပါတယ်။ညီမတကယ်မသိတာ"
"ဘာလို့လဲ။ဘာလို့"
အခုမှတွေ့ဖူးသည့်မိန်းကလေးရှေ့မှာသူမငိုချင်ပါဘူး။ဒါပေမယ့် အခုချိန်မငိုဘဲ
တင်းခံနေရင်သူရူးသွားလိမ့်မည်။
"သူ့ကိုစတွေ့တုန်းကလေ။သူ့ကိုသိပ်ရူးသွပ်လွန်းတယ်လို့ထင်ခဲ့တာ။"
ဘေးနားတွင်ရပ်ကာခပ်တိုးတိုးပြောနေသောကောင်မလေးပုံကပုံပြင်တစ်ပုဒ်ကိုပြောပြနေဟန်။
"ဒီအခန်းကိုဒီအရောင်ဆေးသုတ်ဖို့ အဆောင်မှူးနဲ့အတိုက်အခံလုပ်ခဲ့တာလေ။ကျွန်မနားမလည်ဘူး
သူဘာလို့ဒီလိုလုပ်ရလည်းဆိုတာ။နောက်မှသိလာတာဒါGegeအကြိုက်ဆုံးအရောင်ဆိုတာ။"
YiXing အခန်းကိုတစ်ချက်ဝေ့ကြည့်ရင်းခေါင်းခါမိသည်။ သူအခု မကြိုက်ချင်တော့ပါဘူး။
"သူ့ကိုလေရူးတယ်လို့ဘယ်လောက်ပြောပြောသူအပြုံးမပျက်ခဲ့ဘူး။ဒါပေမယ့်သူနေ့တိုင်းနီးပါးငိုခဲ့
ရတယ်။Geခြေထောက်ထိခိုက်တယ်ဆိုတဲ့သတင်းသိသိချင်းနှင်းတောထဲခြေဗလာနဲ့ပြေးထွက်
ဖူးတယ်။ဘုရားကျောင်းထဲထိုင်ရာမထဆုတောင်းပေးခဲ့ဖူးတယ်။သူ့ကို ပါတီလာဖိတ်တဲ့ကောင်လေး
တွေကိုGeပုံပြပြီးငြင်းလွှတ်တယ်။တစ်ခါတလေအချိန်ကွာဟနေလို့Ge airportဆင်းလာတဲ့ပုံတွေကို
ညမအိပ်ဘဲထိုင်ကြည့်တတ်တယ်။Geမျက်နှာမကောင်းဘူးဆိုရင်ဖုန်းကိုကြည့်ရင်းနဲ့
သူငိုနေတတ်တယ်။ထူးဆန်းတာGeနားFangirlတွေဝိုင်းနေရင်သူပြုံးပြီးကျေနပ်နေတတ်တယ်။ချစ်လိုက်ကြတာဆိုပြီးပေါ့။ တစ်ခါတလေသူအသံထွက်အောင်ရယ်နေတတ်တယ်။"
ဆက်မပြောပါနဲ့လို့တားချင်ပေမယ့် သူမပါတော့သည့်နေ့ရက်တွေကိုJaeဘယ်လိုဖြတ်သန်းနေ
လည်းသိချင်မိသည်။အခုသူ့အဖြစ်က ပိုးဖလံတွေလိုပဲ။ပူမယ်မှန်းသိရက်နဲ့ရှေ့ဆက်တိုး
နေချင်တဲ့အဖြစ်။
"GegeကိုActressတွေနဲ့တွဲတွေ့ရင်တော့ပြုံးပြုံးလေးနဲ့ကြည့်နေတတ်တယ်။နင်
မနာလိုဘူးလားလို့မေးတော့"
ဒီအဖြေကိုသူစိတ်ဝင်စားသည်။အလုပ်သဘောအရဆိုပေမယ့်...အနုပညာဈာန်ဆိုတာ
မျိုးကရိုက်နေရင်းရသွားတတ်တဲ့အခါတွေလည်းရှိတတ်ခဲ့တော့။နားလည်မှုအတွက်သူ တွေး
ပူစိုးရိမ်ရသေး၏။သူ့ချစ်သူက ထိုမျှလောက်ထိမရင့်ကျက်သေးဘူးလို့ထင်ခဲ့ဖူးသည်။
"ဒါအပြင်ကZhang Yixingရဲ့တစ်စိတ်တစ်ပိုင်းပဲရှိသေးတာတဲ့။"
တကယ်မရင့်ကျက်နိုင်သေးသည်က သူကိုယ်တိုင်။တားမရသည့်မျက်ရည်တွေနှင့်
သူ့ကို သနားလာတာလား ။ သူမကိုယ်တိုင်ပဲနေရခက်လာ၍လားမသိကောင်မ
လေးနှုတ်ဆိတ်သွားတော့သည်။
အခန်းတွင်းရင်းနှီးနေသောသူ့ကိုယ်သင်းနံ့။ သူပါဝင်နေတတ်သောJae၏နေ့ရက်တွေ။
စာကြည့်စားပွဲပေါ်တွင်ရှိနေသောသူ့ဓာတ်ပုံရှေ့တွင်တော့လင်းလဲ့နေသောငွေကြယ်ဖြူလေးထွန်းညှိထားသည်။ဒီငွေကြယ်ဖြူက Jaeသူ့နားရှိနေမှ လင်းနေမှာမသိတာလည်းမဟုတ်။
တကယ်ဆိုYiXingတွေ့ချင်တာဒါတွေမှမဟုတ်တာ...Jaeကိုလေ။စကားလုံးတစ်သီတစ်ကုံး။မျှော်လင့်
ချက်တစ်ပွေ့တစ်ပိုက်နဲ့လာခဲ့ရသူကို ဘာလို့ရှောင်ပြေးနိုင်ခဲ့ရတာလဲ ဟု အော်ဟစ်မေးလိုက်ချင်မိသည်။
"Gegeလိုက်လာမယ်လို့ မထင်ခဲ့ဘူး။သူ့ကိုလည်းတစ်လျှောက်လုံးFangirlလို့ပဲထင်ခဲ့တာ။နောက်မှ..."
ကောင်မလေးကစကားမဆက်သေးဘဲYiXingကိုအားနာသလိုကြည့်လာသည်။ ရည်းစားဦး၏ ညီမတစ်ဝမ်းကွဲရှေ့ရှောင်ပြေးနေတဲ့ချစ်သူကိုကမ္ဘာ့တစ်ဝက်ခရီးဆန့်ကာလိုက်ရှာနေသောအဖြစ်ကိုတစ်ပါးသူအဖို့မျက်နှာပူနေစရာရှိသော်လည်း သူ့အဖို့ကကိုယ့်အပူနဲ့ကိုယ်မို့ မျက်နှာပြောင်တိုက်တယ်ပဲဆိုဆို။ဘယ်လိုမှကိုမနေတော့။
"Jieနဲ့ဖုန်းပြောရင်း Mijaeအကြောင်းဆက်မိရင်းမှGegeနဲ့Mijaeအကြောင်းသိရတာ"
"Xiao Xueကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါ"
"အခုGegeပြန်မှာပေါ့နော်"
"ကျွန်တော်သူ့ပစ္စည်းတွေသိမ်းလိုက်ပါအုံးမယ်"
"ဟင်...သူ သူမသိပဲနဲ့။သူ့ပစ္စည်းတွေGeသယ်သွားလို့ရပါ့မလား"
"ရပါတယ်။ဒါကျွန်တော်လုပ်နေကျကိစ္စတွေပါ။သူထားခဲ့သမျှသိမ်းပေးထားရတာထုံးစံလိုဖြစ်နေပြီ။""
Chineseစာအုပ်တွေ။Authographyပေါ်မှ ဘာသာပြန်ထားသောလက်ရေးလေးတွေ။
"သူ...သူChineseလေ့လာနေတာလား"
"ဟုတ်။သူတကယ်ကိုကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်ဖတ်နိုင်နေပြီ"
ဟန်းဂုကိုကြိုးစားသင်ယူမယ်လို့ကတိပေးခဲ့သည်က YiXing ။စာတွေနဲ့လုံးပမ်းနေတဲ့ကြားကသူ့
မိခင်ဘာသာစကားကိုကြိုးကြိုးစားစားသင်ယူနေခဲ့တာကJae။
စာအုပ်တွေ၏စာမျက်နှာတိုင်းလိုလိုမှာ YiXingနာမည်တွေ။လွမ်းတိုင်းချရေးထားပုံရ၏။တစ်ခါတလေ
ဆိုတစ်မျက်နှာလုံးနာမည်တွေနှင့်ပြည့်နေတတ်၏။
"မင်းမသတ်ရင်ဘယ်သူသတ်လို့မှသေမှာမဟုတ်တော့ဘူးJae"

HealingWhere stories live. Discover now