HURT AND BEAUTIFUL

130 10 0
                                        


"Jae!!ရေထွက်ခဲ့တော့။"
အဝတ်လျှော်ပြီးတည်းကဘေးအခန်းတွင်Jaeဝင်ခွေနေသည်။ Hyungနဲ့ရင်မဆိုင်ချင်၍ပါ။
Hyungကတော့ဘာမှမပြော။လှမ်းထားတဲ့အဝတ်တွေကိုဘယ်အချိန်ရုတ်လိုက်လည်းမသိ။ခုံ
ပုလေးပေါ်ပြန့်ပြန့်ပြူ းပြူ းလေးခေါက်တင်ထားပေးသည်။ တီရှပ်လက်တိုအဖြူ ရောင်လေး
နဲ့ဘောင်းဘီတိုဝတ်ဆင်ထားသည်။ Hyung၏နွေရာသီFashionကပေါ့ပါ့ပါးပါး။
တကယ်ဆို၈လဆိုတာဘာမှမကြာလိုက်သလို။ သူနဲ့စတွေ့တဲ့နေ့ကမနေ့တစ်နေ့ကလို။
"လာ ပဲခေါက်ဆွဲရယ်။ကြက်ကြော် ရယ် အာ...၏ပီဇာပါမှာထားတာ"
စားပွဲပေါ်စားစရာတွေအပြည့်။ခက်တာကစားချင်စိတ်မရှိတာ။အတင်းလက်ဆွဲထိုင်ခိုင်းသည်။
"လာထိုင်။စားရအောင်နေ့လယ်ကလည်းအဝတ်လျှော်ပြီးတည်းကမင်းဝင်အိပ်နေတာဗိုက်ဆာနေမှာ
ပေါ့"
ပဲခေါက်ဆွဲတွေကိုမွှေပေးပြီးJaeရှေ့ချပေး၏။
"Hyungအဝတ်တွေရုတ်ပြီးခေါက်ထားပေးတယ်။စားစရာတွေမှာပေးထားတယ်။ဒီနေ့ရေလည်းအကြာ
ကြီးမချို းဘူး။Hyungလိမ္မာတယ်မလား"
Jaeဘာမှပြန်မပြောတော့ ...
"ဟ ဟားအခုHyungပုံစံကစိတ်ကောက်နေတဲ့Arjimarကိုချော့နေရတဲ့ပုံနဲ့တူနေပြီလား"
တခစ်ခစ်နဲ့ရယ်ပြနေပြန်သည်။
ဟန်ဆောင်မနေပါနဲ့တော့ ဟု စိတ်ထဲကနေအော်ဟစ်နေမိသည်။ Hyungရင်ဆိုင်နေရတာတွေကိုအပြုံ းတွေနဲ့ဖုံးကွယ်ရင်းစကားတွေတတွတ်တွတ်ပြောနေလျက်စိတ်သက်သာရာရှာပေးနေရဲ့။သူတတ်နိုင်သလောက်လေးနဲ့လေ။
"ဒါတွေအကုန်မစားနဲ့နော်။ဝလာမယ်။ဒီရက်ပိုင်းအားကစားလည်းမလုပ်ဖြစ်ပဲနဲ့"
ဥပက္ခာတရားကိုခုထိကျင့်ကြံအားထုတ်၍မရပါလား။Jaeသူ့ကိုဂရုစိုက်ပေးရမယ်ဆိုတဲ့
အသိသတိကရိုးရာစွဲထက်ကြောက်ဖို့ကောင်းနေပြီ။။
"Yes sir"
ပါးချို င့်တွေအဆုံးထိနစ်ဝင်နေအောင် Hyung စိတ်တွေဘယ်လောက်တင်းထားရသလဲ။
"ဘာမှလည်းသိပ်မစားဘူးကွာ။"
တို့ခနဲဆိတ်ခနဲစားနေသောjaeကိုကြည့်ပြီးအားမရစွာပြောသည်။ဘူးခွံတွေကောက်သိမ်းတော့...
"နေနေ Hyungလုပ်မယ်" ဟုလည်း ပျာပျာသလဲတားသေး၏။
"ကျွန်တော့ကိုဘယ်အချိန်ထိ ရောဂါသည်တစ်ယောက်လိုဆက်ဆံမှာလဲ"
Jae လုပ်ယူထားသောမာကြောမှုကပီပြင်ပါရဲ့။ Hyungနှုတ်ခမ်းလွှာနှစ်ခုခပ်ဟဟဖွင့်သွားပြီး
"Mi...Miyan Jae!Hyungဆိုလိုတာ..." ဟု ထစ်ငေါ့ငေ့ါနှင့်ဖြေရှင်းဖို့ကြိုးစားရှာသည်။
သူရှင်းမပြတတ်။ဝေါဟာရမကြွယ်သူကိုမှ Jaeကထပ်နှိပ်စက်နေမိပြန်ပါသည်။
"ရပါတယ်။Jaeသိမ်းချင်သိမ်းလေ။ပြန်လာရင်hyungအတွက်မက်ဂျူ တစ်ဗူးလောက်ယူလာပေးပါ"
ဒါသည်ပြန်မထွက်လာမှာဆိုး၍လား။ ကမ်းပေးသောမက်ဂျ ူ ဗူးကိုလှမ်းယူပြီးမဖောက်ဘဲ ပါးတွေနဲ့ကပ်ထားသည်။အေး၍ခေါင်းလေးစောင်းစောင်းသွားတတ်သေး၏။
"လာထိုင်အုံးလေ"
မငြင်းဆန်ချင်တော့၍သူ့ဘေးနားငြိမ်သက်စွာပင်ထိုင်နေလိုက်သည်။ သူ့လက်ထဲက မက်ဂျ ူ ဗူးလိုအေးစက်စက်နဲ့Jaeပုံစံကိုသူဘယ်လောက်ထိသည်းခံစောင့်စားပေးနေမှာလဲ။မြန်မြန်သာစိတ်ပျက်ပေးပါ။
"Hyungတို့ကို လူရွေးပြီးအဖွဲ့နာမည်ကို Lee Soman sansanimကEXOလို့confirmလုပ်ပေးတဲ့နေ့-အဲ့နေ့ညမှာပဲHyungတို့ပွဲလုပ်ခဲ့ကြတယ်။အားလုံးပျော်နေကြတာ...အဲ့ခံစားချက် ခုထိမေ့လို့မရသေးဘူး"
မျက်ဝန်းတွေကဆွေးဆွေးလေးဖြစ်လို့နေသည်။
"Hyungပထမဆုံးတစ်ခွက်ပဲသောက်လိုက်ရတယ်။အဲ့နေ့ညပွဲဘာဖြစ်သွားမှန်းတောင်မသိလိုက်ဘူး။ခုပြန်တွေးလေနှမျောလေပဲ။Memberတွေပျော်ရွှင်နေတာကိုHyungမတွေ့လိုက်ရဘူး။အဲ့လို
ပွဲမျို းကဘယ်တော့မှရှိလာတော့မှာမဟုတ်ဘူးဆိုတာမသိခဲ့တဲ့ကိုယ့်ကိုကိုယ်လည်းဒေါထွက်မိတယ်"
သူဘာကိုပြောပြချင်နေတာလဲအဖြေမထွက်ခင်သူကခပ်အေးအေးဆက်ပြော၏။
"အဲ့နောက်တိတိကျ ကျပြောမယ်ဆို ၂၀၁၄တည်းကHyungဆုံးဖြတ်လိုက်တယ်။အဲ့လို
သတိလက်လွတ်မဖြစ်စေရတော့ဘူးလို့။အခုဆိုမင်းနဲ့အတူတူရှိနေတဲ့အချိန်တိုင်းသတိလက်လွတ်မဖြစ်အောင်ကြိုးကြိုးစားစားနဲ့နေတယ်။ဘာလို့ဆိုခုကိုယ်တို့ပိုင်ဆိုင်နေတဲ့အခိုက်အတန့်တွေတိုင်းကနောင်တစ်ချိန်ပြန်ဖန်တီးနိုင်ဖို့ဆိုတာ..."
သူဆက်မပြောတော့။ပင့်သက်ရှိုက်သံတိုးတိုးသာကျန်ခဲ့တော့တယ်။မယိုင်လိုက်နဲ့Jaeသူ့ကိုတကယ် တန်ဖိုးထားရင်ခုချိန်စိတ်မယိုင်လိုက်ပါနဲ့လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးနေရသည်။ ရင်ခုန်သံကတည်ငြိမ်နေတဲ့သူ့ဘဝကိုဖျက်ဆီးပစ်နိုင်တဲ့ငလျင်တစ်ခုဖြစ်နေ၍ Jaeက ဆက်မရှိနေသင့်
သည့်သူ။

HealingWhere stories live. Discover now