ဝမ်းဗိုက်ကိုချု ပ်နေသောချု ပ်ကြောင်းကိုလာကြည့်ပြီးဖရော်ဖက်ဆာကြီးကအနည်းငယ်
မျက်မှောင်ကျုံ သွားပေမယ့်ဘာမှမပြော။သူပြောလည်းခပ်မြန်မြန်သွက်သွက်လှုပ်ရှားနေ
သောလက်များကအရှိန်လျော့သွားမှာမဟုတ်မှန်းသူရိပ်မိပုံရသည်။
"Cut"
ဘေးမှPartnerကမ်းပေးသောကတ်ကြေးကိုယူပြီးလက်စသတ်လိုက်သည်။
"အဆိုးကြီးတော့မဟုတ်ပါဘူး" ဆိုသည့်သူမ၏ခပ်တိုးတိုးရေရွတ်သံကြောင့်
ဘေးမှ ပါတနာက
"မင်းနဲ့အလုပ်လုပ်မယ့်Modelကိုသာအဲ့လိုသွားချု ပ်ပေးကြည့်ပါလား"
ဆိုသည့်ခပ်ရွှဲံရွှဲ့လေသံနှင့်မျက်နှာဖုံးအောက်ကလှောင်ပြုံးတစ်ခုကို မသိကျိုးကျွံပြုကာattentanceတွင်လက်မှတ်ထိုးပြီးအခန်းထဲမှခြေလှမ်းကျဲများဖြင့်ထွက်လာလိုက်သည်။
အုပ်ထားသောMaskကိုချွ တ်လိုက်တော့မှအဆုပ်ထဲလေအပြည့်အဝရောက်သလိုရှိ
ပေမယ့်အာရုံခံစားမှုကရလာသည့်ပိုးသတ်ဆေးနံ့တွေကိုတော့ Yoo Mijaeတစ်ကယ်
သဘောမတွေ့။
ဒီအဆောက်အဦးထဲကအမြန်ထွက်ရမည်။ဟုတ်တယ်သူမနည်းနည်းတောင်နောက်ကျ
နေပြီ။ခွဲစိတ်ဝတ်စုံအစိမ်းကြီးချွ တ်လိုက်တော့မှပေါ်လာသည့် ဖက်ရှင်ကျကျသူမဝတ်စုံ
စီးထားသောသားရေကြို းပျော့ကိုဖြည်ချလိုက်တော့ကျလာသည့် bloody rose အရောင်ဆံ
ပင်နွယ်နွယ်တွေ။ဟုတ်တယ်ဒီအလုပ်သင်ဆရာဝန်တွေထဲတွင် Mijaeကအပေါ်လွင်ဆုံး။
ပေါ်လွင်တာလည်းမပြောနဲ့လေ သူမအကြီးမားဆုံးစိတ်ဝင်စားမှုက ဖက်ရှင်ပဲ။သူမ
လော့ခ်ကာထဲတွင်တခြားဆေးကျောင်းသူတွေလိုဆေးစာအုပ်အထူကြီးတွေမရှိ။
ဖက်ရှင်မဂဇင်းစာအုပ်တွေနှင့် အလှအပရေးရာဆိုင်ရာ ပစ္စည်းမျို းစုံကသာ နေရာယူထားသည်။
နောက်ကျနေသည့်ကြားမှ MAKEUP FOREVER LIPSTICKSနှင့်ခြောက်သွေ့စနှုတ်
ခမ်းလွှာနှစ်ခုကိုအရောင်တင်လိုက်သည်။မှန်ထဲတစ်ချက်ပြန်ကြည့်ပြီးကျေနပ်သွားသည်။ ပြီးခဲ့သော
Fashion weekကမှဝယ်ထားသောVitoria secret ဖျံသားရေသားဘေးလွယ်အိတ်လေးလွယ်ပြီး
အဆောင်ထဲမှထွက်လာသည်နှင့် ပုရိသတို့၏အကြည့်က Mijaeဆီမှာ။ဒီအပေါ်တွင်
လည်းMijaeမသာယာတတ်ခဲ့။Mijaeလှပမှုကမည်သူတစ်ဦးတစ်ယောက်အတွက်မှ
ရည်ရွယ်တာမျိုးမရှိ။ဒီလိုFashionableဖြစ်ပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့ကိုယ့်ပုံ
စံကိုကိုယ်သဘောကျတာ။ ကားပါကင်အထပ်တွင်အားလုံးတိတ်ဆိတ်နေသည်။Mijaeဖုန်းကိုထုတ်ကာ
"Uniee(အစ်မ)ရောက်နေပြီလား" ဟုမေးတော့တစ်ဖက်မှ
"အင်းးရောက်တော့မယ်။Mijaeရော" တဲ့။
"ခုလာနေပြီ။ဟုတ်ရောက်ခါနီးဖုန်းဆက်လိုက်မယ်နော်"
အစ်မဆီကဖုန်းရပြီးတာနဲ့Mijaeခြေလှမ်းတွေပိုသွက်လာသလိုပဲ။ ယခု ဆက်သွယ်မှုက စတိုင်လစ် တစ်ယောက်ဖြစ်ချင်တဲ့ Mijaeအတွက်လှပသောလှေကားထစ်တစ်ခုပါ။
ဖက်ရှင်မှော်မြို့တော်လို့တင်စားသည့်ပါရီမြို့ မှာMejae၏အိပ်မက်ပြတိုက်တွေရှိနေသည်။
အခုဆိုFashion Channelတစ်ခုက သူတို့ Programအတွက်လက်ထောက်Stylistတစ်
ယောက်လိုချင်သည်တဲ့လေ။နာမည်ကြီးstylistတစ်ယောက်၏လက်ထောက်ဆိုသည့်
အခွင့်အရေးကပင်Mijaeလိုလူသစ်အတွက်အကောင်းလွန်နေတဲ့အခွင့်အရေးတစ်ခုပါ။
ဒီအလုပ်သာသေချာရင်Mijaeလုံးဝမလာချင်တဲ့ဒီဆေးရုံနဲ့ အိမ်တွင်းပြိုင်ဆိူင်မှုတွေကို
ကျောခိုင်းနိုင်ပြီလေ။
Mijae ကားရပ်ထားရာနေရာသို့်အသွားကောင်လေးကMijaeကိုတွေ့သည်နှင့်မျက်
နှာဖုံးအနက်ပေါ်မှပေါ်နေသောမျက်လုံးများအရောင်လက်သွားသည်။တွဲနေသူက
မူးလာလို့တွဲလာဟန်မတူဘဲဝေဒနာတစ်ခုကိုခံစားနေရဟန် ဝမ်းဗိုက်ကိုဖိကိုင်ထား၏
"ဒီဆေးရုံကလားဟင်။ကျွန်တော့််Hyung(အစ်ကို) ကိုကူညီပေးပါအုံး"
ရုတ်တရက်မို့ Mijaeစဉ်းစားရခက်နေပြီ။ မျက်နှာဖုံးအနက်ရောက်အုပ်ထားသော
တစ်ယောက်ကMijaeကိုကြည့်လာသည့်မျက်ဝန်းများကတကယ်အကူအညီလိုအပ်
နေဟန်။
"ကူညီပါဗျာ" ဟု ထပ်ပြောလာတော့မူလအသံထက်အနည်းငယ်ကျယ်လာသည်။
တွဲထားသူကတော့maskမတပ်ထားပေမယ့်ခေါင်းငိုက်စိုက်ကျနေသည်မို့မျက်နှာကို
သေချာမမြင်ရ။
"ဘာ--ဘာဖြစ်လာတာလဲဟင်"
"အစားမှားသွားတယ်ထင်တာပဲ။ဆရာဝန်လားမြန်မြန်ကူပေးပါဗျာ...ကျေးဇူးပြုပြီး"
Mujaeစဉ်းစားမနေနိုင်ပါ။ ပျော့ခွေနေသောလူ၏လက်မောင်းတစ်ဖက်ကို Mijaeပခုံးပေါ်တင်ကာ ကူတွဲရင်းဓာတ်လှေကားရှိရာသို့တွဲခေါ်လာရသည်။ဓာတ်လှေကားထဲရောက်တော့အရေးပေါ်
ဌာနကိုဖုန်းကြို ဆက်ထားလိုက်ပြီးနောက်ပြန်လှည့်ကြည့်တော့...
ဓာတ်လှေကားနံရံကိုမှီရင်းခေါင်းငိုက်ဆိုက်ကျနေသူကတစ်ချက်မှမလှုပ်တော့သဖြင့်
ဘေးကတစ်ယောက်ကMijaeကိုမော့ကြည့်ကာ...
"လုပ် လုပ်ပါအုံး" ဟုလှမ်းပြောရုံသာမက ပျော့ခွေနေသောတစ်ယောက်ပခုံးကို
စိုးရိမ်တကြီးလှုပ်ကိုင်ကာ "Hyung" ဆိုသည်ကိုသာထပ်ခါထပ်ခါခေါ်နေသည်။
Mijaeအနားတိုးကြည့်တော့ခက်ခဲစွာရှုသွင်းနေသောအသက်ရှုသံတိုးတိုးလေးရသည်။
"ဘာတွေစားမိလို့လဲဟင်"
"ပင်လယ်စာထွက်စားမိတာ။အစကစားနေကျပါ ။အခုမှစားရင်းချွေးစေးတွေပြန်လာ
ပြီးဗိုက်တွေအောင့်လာတာ။မန်နေဂျာ မသိအောင်ထွက်လာတယ်ဆိုမှ..."Maskအုပ်ထားသောမျက်ဝန်းတွေကိုMijaeမြင်ဖူးသလိုလို။ မန်နေဂျာတွေဘာတွေ
ပြောနေတော့ အိုင်ဒေါလ်တွေနေမှာပေါ့။အာရှရဲ့အနုပညာမြို့တော်လို့တင်စားထားတဲ့ဆိုးလ်
မှာအခုလိုmaskအုပ်ထားတဲ့အိုင်ဒေါလ်တွေကသိပ်တော့မထူးခြားတော့။ပြီးတော့Mijaeက
ဖက်ရှင်သာစိတ်ဝင်စားတာ ။ Kpopကိုတော့ရင်းနှီးကျွမ်းဝင်ခြင်းမရှိ။
များပြားလှသောလူတွေနဲ့ဖွဲ့စည်းထားတဲ့အိုင်ဒေါလ်အဖွဲ့တွေကအိုင်ဒေါလ်တွေကိုMijaeလူနဲ့နာမည်
ဘယ်တော့မှတွဲမမှတ်မိတတ်။ဘယ်သူကဘယ်အဖွဲ့ကဆိုတာလည်းသေချာမသိ။ အခုတွေ့နေရတဲ့ သူတို့ကိုလည်းမမှတ်မိ။ ပျော့ခွေနေရုံသာမကချွေ းစေးတွင်ပြန်နေသောလူနာကိုလှုပ်ကိုင်ရင်း
"သတိထားပါအုံး။သတိမလစ်သွားနဲ့နော်။ ကျွန်မပြောတာကြားလား"
အော်နေသောMijae ရင်ဖက်ကအကျီကိုဆုပ်ကိုင်လာသောလက်သွယ်သွယ်ကြောင့်လန့်သွားပေမယ့်
ရုတ်တရက်ပွင့်လာသောဓာတ်လှေကားတံခါးနှင့်လူနာတင်တွန်းလှည်းဲပေါ်သူ့ကိုပွေ့
တင်တော့မှမြင်လိုက်ရတဲ့မျက်နှာတွင်နာကျင်မှုတွေ။အကျီ ၤစပေါ်မှသူ့လက်များကို
Nurseကဆွဲဖြု တ်ပေးသွားပြီးသူတို့လှည်းလဲအရေးပေါ်ခန်းထဲဝင်သွားခဲ့ပြီ။သူအဆင်
မှပြေပါ့မလား။ချွေ းစေးတွေကြားဖြူ လျော့နေသောသူ့မျက်နှာ နာကျင်မှုနဲ့အတူအားကိုး
တကြီးဆုပ်ကိုင်လာသောလက်သွယ်သွယ်သူ့ကို တီဗီထဲမှာခဏခဏမြင်ဖူးသည်။ နေပါ
အုံးသူကဘယ်အဖွဲ့ထဲကလဲ ။ စဉ်းစားစမ်းသေချာမြင်ဖူးပါတယ်ဘယ်အဖွဲ့ကပါလိမ့်လို့ Mijae စဉ်းစားနေစဉ်မှာပင် Mijaeလက်ထဲတွင်အဆက်မပြတ်တုန်ခါနေသောဖုန်း။
"ဟာ။ဟုတ်သားပဲ။"
စိတ်လှုပ်ရှားစွာဖုန်းစကရင်ပေါ်ကအစိမ်းရောင်အဝိုင်းလေးပွတ်ဆွဲပြီးသည်နှင့်
"Uniee ဒီမှာလေ အရေးပေါ်လူနာပေါ်လာလို့။Mijaeအခု...အခုလာနေပြီနော်"
"လာစရာမလိုတော့ဘူးMijae"
"ဟင်"
Pencil heelလေးတစ်ချက်ယိုင်သွားသည်အထိ။လှုပ်ရှားသွားသောစိတ်ယိုင်မလဲချင်
သောစိတ်နဲ့နံရံကိုလက်ထောက်ထားမိသည်မျက်ရည်ကျချင်နေတာလား။
ဟင့်အင်းအခုကအများကြီးဆုံးရှုံးသွားတာမှမဟုတ်တာ။အချိန်မလေးစားလို့ငြင်းပယ်ခံလိုက်ရတယ်
ဆိုသော ရှက်စိတ်နဲ့အပြိုင်ငါလူတစ်ယောက်ကိုကူညီပေးလိုက်တာပဲ ဆိုတာကိုတစ်ဆက်တည်း
တွေးမိသည်။ စိတ်တွေ ရှုပ်ထွေးနောက်ကျိသွားသည်ကတော့ ငြင်းမရ။
နောက်ပြီးလူသားမှတ်ဉာဏ်၏ထူးဆန်းမှုတစ်ခုကိုလည်းMijaeတွေ့ရှိသွားရသည်။
ဒီလောက်ရှုပ်ထွေးနောက်ကျိနေသည့်အတွေးတွေကြားမှမှတ်ဉာဏ်အလင်းတစ်ခုနဲ့အတူူနှုတ်ဖျားမှတိုးတိုးလေးထွက်လာသည့်စကားလုံး...
"EXO"
BINABASA MO ANG
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.