မနက်ဖုန်းကောလ်တစ်ခုရသည်နှင့်
"Hyung ခဏနော်" ဟုဆိုကာပြေးထွက်သွားလိုက်ပြီး အခုထိပြန်မရောက်သေး။ဘယ်သူ
ဘယ်ဝါနှင့်တွေ့ဖို့ဆိုတာမေးချိန်တောင်မရလိုက်။ Xing တွေးမိတာက Jae၏
ကောင်မလေးများဖြစ်နေမလား။ Jae လို ဆိုးလ်တက္ကသိုလ်မှ မေဂျာနှစ်ခုအပြို င်တက်ခဲ့သောချစ်စရာ
ကောင်လေးတွင်ကောင်မလေးတွေဘာတွေမရှိဘူးလို့မှမပြောနိုင်တာ။ဘာရယ်ကြောင့်လည်းမသိ
Yi Xingစိတ်ထဲမတင်မကျ ။ဟိုနေ့ကမန်ဘာတွေကိုမိတ်ကပ်ဖျက်ပေးနေတုန်းကလည်းစိတ်ထဲ
တစ်မျို း။ အခုလည်းကောင်မလေးနဲ့သွားတွေ့တာလားဆိုသည့်အတွေးဝင်နေတော့လူက
သက်တောင့်သက်သာမဖြစ်။အမှန်ဆိုလျှင် သူကအဲ့လိုနေရာတကာလိုက်ပြီးကြည့်နေတတ်တဲ့သူမ
ဟုတ်ရပါဘူး။ အခုတော့ ဒီကောင်လေးကျမှပဲ သူ့စိတ်ထဲဘာတွေဖြစ်နေမှန်းကိုမသိ။
မနက်ဖြန်ဆိုသူတို့ တရုတ်ကိုပြန်ရတော့မည်လေ။ မပြန်ခင်ပြောစရာရှိတာပြောရမည်ဟု သူတွေးနေမိ
သည်။
***
ကော်ဖီဆိုင်တွင်း ထူးထူးခြားခြားလူရှင်းနေသည်။ Jaeတံခါးပေါက်ဝရောက်စမှာပင် ချိန်းဆိုထားသူက
လက်လှမ်းပြသည်။
"ထိုင်ပါ" ဟု ခရီးဦးကြိုပြုသူရှေ့တွင် ထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
"재가jae입니다.""(ကျွန်တော်ကJaeပါ)
"만아서반갑습니다 Mijae "
(ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်Mijae)
"Nae!"
Mijaeထိတ်လန့်သွားရသည်။သူမကတော့လှပစွာထပ်ပြုံ းပြနေသည်။Mijaeနှင့်
တွေ့ချင်သည်ဟုManager hyung ကပြောသဖြင့်ချိန်းဆိုရာCoffee shopသို့လာတွေ့
ပေမယ့်တကယ်တမ်းMijaeတွေ့ရသည်မှာManager hyungမဟုတ်ဘဲ အထက်တန်းကျ
ကျ နှင့်မိန်းမဆန်စွာလှပနေသောပြည်ကြီးသူတစ်ယောက်ဖြစ်နေသည်။ Mijaeအရင်တုန်းကလှ
သည်ဆိုတာမျို းက ကလေးမလေးတစ်ယောက်ကမိန်းမပျို တစ်ယောက်ပုံအတင်း
ပုံဖမ်းထားပုံမျို း။အခုမျက်စိရှေ့ တွေ့နေရသူကတော့ဘဝတက္ကသိုလ်မှသင်ကြားပို့ချချက်
များကိုအတော်အသင့်သိနားလည်တတ်ကျွမ်းနေသည့်ဟန်ဖြင့်တည်ငြိမ်စွာလှပနေသည်။
Mijae အံ့သြခြင်းများနှင့်မင်သက်နေရစဉ်
"Mijaeအကြောင်းကို Xing ရဲ့ Manager Geဆီကကြားထားပြီးပါပြီ။ကြားထားတဲ့
အတိုင်းMijaeကကြင်နာတတ်ပြီးသူတစ်ဖက်သားကိုဂရုစိုက်တတ်ပုံပဲ။" ဟု ပြောလာသည်။
ဘာလဲဟ ။ ငါ့ကိုကလေးတစ်ယောက်လိုချီ းကျူ းနေတာလား။ MiJaeမကျေနပ်သလိုလို
ရှိလာရသည်။မိန်းမဆန်စွာလှပနေသည့်အပြင် Yi Xing Hyungကို Xingလို့ရင်းရင်း
နှီးနှီးခေါ်တည်းက သူတစ်မှတ်လျော့နေပြီ။
"တို့က Xingရဲ့ ချစ်သူပါ။"
Jaeစိတ်တွင်းကပွစိပွစိစကားတွေတဟုန်ချင်းပျောက်ကွယ်သွားသည်။ဒါ...ဒါဆိုသူမ
ကစနေနေ့တိုင်းဖုန်းဆက်သူပေါ့။
"အင်း...ခုချိန်ထိတော့ဖြစ်နေဆဲပဲပေါ့။"
"အခုချိန်ထိဆိုတာဘာကိုပြောတာလဲ"
"နောက်လဒီအချိန်လောက်ဆို နော်ဝေသံတမန်တစ်ယောက်ရဲ့ဇနီးဖြစ်နေတော့မှာလေ"
"ဘာ!"
MiJaeအသံပုံမှန်ထက်ကျယ်သွားသည်။သူမသည်လည်းခုတစ်ကြိမ်မပြုံ းပြနိုင်တော့ပါ။
မျက်ဝန်းတွင်းတောင်းပန်ရိပ်တွေနှင့်အရည်ကြည်တွေဝေ့ဝဲလာသည်။
ဟင့်အင်းငါ့ကိုအဲ့လိုလာမကြည့်နဲ့။ နင်တောင်းပန်သင့်တာငါမဟုတ်ဘူး ဟု စိတ်ထဲအော်ဟစ်နေမိ
သည်။
"ဒါကြောင့်Mijaeကိုခေါ်တွေ့ပြီးအကူအညီတောင်းရတာပါ။မကြာခင်မှာဒီကိစ္စကို
Xingကိုအသိပေးတော့မှာပါ။အဲ့အချိန်ကျရင်Xingဘေးနားမှာတစ်ယောက်ယောက်ရှိ
နေဖို့လိုတယ်။အခုသူနည်းနည်းတော့ရိပ်မိနေပေမယ့်လို့ ဆယ်စုနှစ်တစ်ခုကြာတည်
ဆောက်ထားတဲ့သံယောဇဉ်ကြောင့်သူသူဒီအတိုင်းဘာမှမဖြစ်ခဲ့သလိုတော့နေနိုင်မှာမဟုတ်ဘူး"
"Hyungမခံစားနိုင်မှန်းသိသိရက်နဲ့ဘာလို့ဒီလိုလုပ်ရက်ရတာလဲ။ Wae။ Hyungမှာ
နိုင်ငံအဆင့်ရာထူးတွေမရှိလို့လား။ နိုင်ငံတကာဘဏ်တွေမှာတခြားလူနာမည်နဲ့ထား
ထားရတဲ့စုငွေတွေမရှိလို့လား။ မိန်းမတွေဘာလို့ဒီလောက်ထိ...ဟား "
ကိုယ်တိုင်ယောကျာ်းလေးလို့နေနေခဲ့ရ၍ပဲလားတော့မသိ ။ မိန်းမတွေကိုJaeတကယ်
နားမလည်တော့။
"Mijaeအပြစ်တင်လည်းခံရမှာပါပဲ။ဒါပေမယ့်တကယ့်လက်တွေ့ဘဝမှာချစ်နေတာ
တစ်ခုနဲ့မပြီးဘူးလေ။အခုအောင်မြင်လာတဲ့သူ့ကိုဘယ်အချိန်ထိစောင့်နေရမှာလဲ။အာရှ
ကအနုပညာရှင်တွေက အနောက်နိုင်ငံကလူတွေလိုတရားဝင်ဒိတ်လုပ်ခွင့်တောင့််မရှိကြ
ဘူးလေ။မသေချာမရေရာတဲ့Rumorတစ်ခုထွက်လာခဲ့ရင်တောင်တုံ့ပြန်မှုတွေက
ကြောက်ဖို့ကောင်းနေတာ။အခုလိုလူမသိသူမသိအနေအခြေမျို းနဲ့ဘယ်အချိန်ထိ
သူ့ကိုစောင့်နေရမှာလဲ။ ဆယ်နှစ်လား။ အနှစ်နှစ်ဆယ်လား။ စာချု ပ်သက်တမ်းကုန်တဲ့ထိ
လား။Mijaeပြောကြည့်လေ။ ဘယ်အချိန်ထိ အစ်မ သူ့ကိုစောင့်နေရမှာလဲ။ အစ်မမှာမိသားစု
ရှိတယ်။ပြီးတော့ အစ်မအသက်"
"ဒါနဲ့ပဲ Hyungကိုထားခဲ့တော့မယ်ပေါ့"
"ထားခဲ့တယ်လို့မသုံးပါနဲ့"
Mijaeရယ်မိသည်။နှုတ်ခမ်းထက်လှောင်ပြုံးများရာခိုင်နှုန်းများနေတာတော့ဆောရီးပါပေါ့။
"သူတရုတ်ကို ပြန်ရောက်ရင် အစ်မ သူ့ကိုဖုန်းဆက်မှာပါ။အဲ့အချိန်Mijaeဘေးမှာရှိနေပေး
ပါ။သူတစ်ခုခုဖြစ်"
"Hyungကအဲ့လောက်ထိစိတ်ပျော့တဲ့လူမဟုတ်ဘူး။ သူ့ Autography ဖတ်ဖူးရင်သိမှာပါ"
ဒီအပြုံ းကဘာသဘောလဲ။ သေခါနီးစိတ်ချသွားတဲ့လူဆိုလာပြုံ းပြနေ၏။
Hyungကိုနာကျင်စေတော့မည့်လူလို့သိနေ၍ ဘယ်လိုမှကိုအကောင်းမမြင်နိုင်တော့...
"Mijaeကိုခုလိုတွေ့တော့မှပဲအစ်မတကယ်စိတ်ချနိုင်တော့တယ်။မတရားမှန်းသိပေ
မယ့်လို့Xingကိုစောင့်ရှောက်ပေးပါနော်...Xingတကယ်လိုအပ်နေသူကMijaeပါ။
အစ်မ မနေနိုင်တဲ့သူ့အနားမှာMijaeကနေပေးပါနော်"
"ဒါဘာလဲ။ရှင့်နေရာမှာအစားထိုးတဲ့စကားမျို းတွေမသုံးစမ်းပါနဲ့။JAEကရှင်မဟုတ်ဘူး"
"အဲ့...အဲ့လိုသဘောမဟုတ်ပါဘူး"
"ပြောစရာကုန်ပြီမလား။သွားတော့မယ်hyungကိုခဏလို့ပဲပြောခဲ့တာ"
တားဆီးသံကြားသည်။ သို့ပေမဲ့ ပြန်ကို လှည့် မကြည့်ချင်တော့။
"အာရှီး မျက်ရည်ကကျလာပြန်ပြီ။တောက်!!"
လွယ်လွန်းလိုက်သည့်မျက်ရည်တွေကို နာနာကျည်းကျည်းပွတ်ဆွဲဖယ်ထုတ်နေမိတော့သည်။
Dormကိုပြန်ရောက်တော့နေ့လယ်စာပင်စားပြီးနေကြပြီ။Scheduleရှိသည့် လူတွေက
အပြင်သွားကြပြီးDormထဲတွင်ဒီည Flightအတွက်အထုပ်အပိုးပြင်နေသည့်သူနှင့် ခြေထောက်
ပြန်ယောင်လာ၍နားနေခဲ့သောKaiသာရှိသည်။
"Hyung!!"
"Jae!တစ်မနက်လုံးဘယ်တွေသွားနေတာလဲ။ဖုန်းဆက်တာလဲမကိုင်ဘူး။မင်းဘယ်
နေရာသွားတယ်တော့ပြောသွားမှာပေါ့။ကိုယ့်နိုင်ငံမှာဆိုပေမယ့်လို့"
"ကိုယ့်ဘာသာကိုယ်ပဲဂရုစိုက်ပါ'"
ဘုပြောပြောပြီး ခေါင်းငုံ့လှည့်ထွက်ပေမဲ့မရပါ။Jaeလက်ကိုဖြတ်ခနဲဖမ်းဆွဲကာသူနှင့်မျက်နှာချင်းဆိုင်
သို့ဆွဲလှည့်လိုက်သည်။ပုံမှန်မဟုတ်သောမျက်လုံးတွေကိုတွေ့သွားမည်ဆိုးသောကြောင့်ခေါင်းသာငုံ့နေ
လိုက်သည်။
ခင်ဗျားကြီးကိုသနားလွန်းလို့ငိုခဲ့ရလို့ မျက်လုံးတွေမို့အစ်နီရဲနေပြီ။
"မနေ့ကHyungပြောလိုက်တာကိုစိတ်ဆိုးနေတာလား"
"Arni"
"ငိုထားတာလား ။ ဟုတ်လားHyungကြောင့်လား။ ပြောလေjae"
လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လျက်ငုံ့ထားသောခေါင်းအောက်သူ့မျက်နှာအတင်း
ဝင်ကာJaeကိုကြည့်ဖို့လုပ်နေသည်။
"ဒီမှာHyungပြောတာသေချာနားထောင်Jae!! HyungဘေးမှာJaeကိုမထားနိုင်တော့ဘူး"
"Wae...Waeyo"
အလန့်တကြား ပြန်မော့လာသောJaeကိုသေချာကြည့်ပြီး Xing သက်ပြင်းချသည်။
"JaeကိုHyungကျောင်းထားပေးမယ်။JaeDesignကိုဆက်လေ့လာချင်တယ်မလား
အင်း...Hyungထားပေးမယ်"
"ဘာတွေပြောနေတာလဲHyung!!ဘယ်သူကတက်ချင်တယ်လို့ပြောနေလို့လဲ"
"အခုHyungပြောနေတာတွေကမင်းယောကျာ်းမာနကိုထိခိုက်စေတယ်ဘာညာ
တွေးမနေဘဲ Hyungပြောတာကိုနားထောင်ပါ။Hyungမင်းကိုကျောင်းထားပေးမယ်။
အစတည်းကHyungစဉ်းစားထားတာ ။ တစ်ချိန်ချိန်မင်းလိုပဲဝါသနာပါပြီးအခက်အခဲ
တွေရှိလို့ကျောင်းမတက်နိုင်တဲ့ကလေးတွေကိုပညာသင်စရိတ်ပေးဖို့။အခုHyungအများ
ကြီးမတတ်နိုင်ပေမယ့်မင်းတစ်ယောက်ကိုတော့တာဝန်ယူပေးနိုင်တယ်။မင်းဝါသနာ
မပါဘဲနဲ့တော့Hyung ကိုစောင့်ရှောက်ပေးနေစရာမလိုဘူး။Hyungပြောချင်တဲ့သဘော
ကိုနားလည်လား"
ခက်ခက်ခဲခဲနှင့်ရှင်းပြနေသူ၏စကားတွေကို Jae နားလည်ရုံသာမကဖြူ စင်သည့်သူ့စိတ်က
ကိုပါဖောက်ထွင်းမြင်နိုင်သည်။တစ်ချို့တစ်ချို့သောအကြောင်းတွေမှာဘာသာစကားကျွ မ်း
ကျင်မှုထက်စိတ်ရင်းခံကသာအဓိကပါ။
"နားလည်တယ်။အခုကျွန်တော်Hyungနားမှာမနေချင်တော့ဘူးလို့ပြောနေလို့လား။
ဟုတ်တယ်အရင်ကဆရာဝန်ထက်Stylistဖြစ်ချင်ခဲ့တယ်။ဒါပေမဲ့ အခုမဟုတ်
တော့ဘူး။HyungကိုStageပေါ်မှာဆွဲဆောင်မှုရှိနေအောင်ပြင်ဆင်ပေးဖို့ထက် Hyung
ကျန်းကျန်းမာမာနဲ့ပြုံ းပြုံ းရွှင်ရွှင်ရှိနေ်ဖို့ပဲစိတ်ဝင်စားတယ်။မိခင်ဘာသာစကားဆိုပေမယ့်
Hyungနားလည်အောင်ဒီထက်ပိုပြီးရှင်းမပြတတ်တော့ဘူး"
ကျလာသောမျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်ဆွဲပြီးလက်မောင်းပေါ်မှသူ့လက်တွေ
ကိုဆွဲဖယ်ကာနှစ်ယောက်၏အခြေအတင်သံတွေကြောင့်အခန်းဝကနေရပ်ကြည့်နေ
သော Kai ကိုကျော်ဖြတ်လျက်မီးဖိုခန်းထဲဝင်လာလိုက်သည်။
"ခင်ဗျားကိုယ်တိုင်မကြာခင်ပဲအသည်းကွဲရတော့မှာကိုသူများကိုလာပူပေးနေသေး
တယ်သိုးဖြူ ပေါက်ခင်ဗျားတကယ်ဖြူ စင်လွန်းလို့ခက်နေတာ...အာရှီး ဒီမျက်ရည်တွေက"
"ဘာဖြစ်လို့ငိုနေတာလဲJae။ Hyungဘာလုပ်ပေး..."
လာပြန်ပြီ။ မီးဖိုခန်းထဲထိဝင်လာပြီးနှုတ်ခမ်းတထော်ထော်လုပ်ပြီးမေးနေပြန်ပြီ။
"မျက်လုံးတွေမို့အစ်နေလို့ရေခဲကပ်မလို့။ဒီညAirportဆင်းရမှာလေလှနေဖို့လိုတယ်"
စိုးရိမ်နေသူကို ဘာမှမဖြစ်သလိုပြောရင်းရေခဲသေတ္တာကိုဆွဲဖွင့်ပြီး တံခါးနှင့်ကွယ်ထားလိုက်ရသည်။
တစ်ယောက်တည်း ပွစိပွစိပြောနေတာတွေကို Xing Hyung မကြားလိုက်တာ တော်သေးသည်။
တံခါးကြီးကွယ်ပြီး အကြာကြီးလုပ်နေ၍မရ။ Xing Hyung ကလည်း တော်ရုံနှင့်ထွက်သွားမည်
မဟုတ်သဖြင့် သခွားသီးတစ်လုံးဆွဲထုတ်ပြီး သူမလုပ်ချင်ဆုံးအလုပ်နှင့် ခြိမ်းခြောက်ကြည့်ရတော့
သည်။
"လာHyungလည်းသခွားသီးကပ်ရမယ်"
"မကပ်ချင်"
"ကပ်ရမယ်။အရင် MAMA eraတုန်းကဆိုAirportဆင်းရင်တောင်လှနေတာ။အခု
နောက်ပိုင်းကြည့်ရင်Maskကြီးတပ်ပြီးငိုက်နေတယ်။ကျွန်တော်ရှိနေရက်နဲ့တော့အဲ့လို
မဖြစ်စေရဘူး။လာAirport HQတွေထဲလှနေအောင်"
အခုနကတော့ပုလဲခပြီးhyungဆွဲဆောင်မှုရှိစေဖို့ထက်Hyungကျန်းမာတာကိုမြင်
ချင်တယ်ဆိုပြီးလူကြီးစကားတွေပြောနေရာမှမိနစ်ပိုင်းပင်မခြားသေး။
အခုတော့ သူ့ကိုလှဖို့လိုတယ်ဆိုပြီးသခွားသီးကပ်ပေးရန် အတင်းလိုက်မှန်းနေပြီ။Jae ကဘယ်လိုလေးမှန်းကိုမသိတာ။အခုလိုအေးနေတဲ့ရာသီမှာHQတွေထဲလှနေဖို့ဟုဆိုကာအေးစက်စက်
သခွားသီးတွေမျက်နှာပေါ်တင်နေသည်။ကလေးဆိုတာငိုလွယ်ရယ်လွယ်တယ်ဆို
တဲ့အဘွားပြောဖူးတာ့မှန်တာမမှန်တာထက်ခုတော့ သူက အိမ်ရှေ့ဧည့်ခန်းတွင်းသခွားသီးပိနေသည်။
"အေးတယ်jaeရ"
"ငြိမ်ငြိမ်နေ"
Managerထက်သူ့ကိုပိုကြောက်နေရသလို
"Jongin hyungပါလာ။ကျွန်တော်ပေါင်းတင်ပေးမယ်"
သူ့ဟာသူသီချင်းနားထောင်နေသည့်Jonginပါမနေရတော့။Jonginကတော့သူ့လိုငြီးငြူ
ငြင်းပယ်မနေဘဲ Jaeလုပ်ပေးသမျှ ငြိမ်ခံနေသည်။
"ခြေထောက်ကမသက်သာသေးဘူးလား"
"အင်းအေးလာလို့ပြန်ယောင်လာတာ"
"ကျွန်တော်ဆေးထပ်လိမ်းပေးမယ်"
"အာာနေ...နေပါစေရတယ်Jae"
"အားမနာပါနဲ့။"
မျက်လုံးပေါ်မှသခွားသီးဖက်ကိုဖယ်ကာJonginခြေထောက်နားကJae ကိုချောင်းကြည့်
မိသည်။တကယ်ကိုစေတနာပါပါနဲ့ဆေးလိမ်းပေးရုံသာမကလက်ချောင်းသေးသေး
လေးများဖြင့်ပင်နှိပ်ပေးနေသေး။ Jonginကတော့အကြီးအကျယ်အားနာနေဟန်ရှိ၏။
ဝါသနာမပါဘူးပဲပြောပြောဒီကလေး၏စိတ်ရင်းခံလေးကိုကသူတစ်ပါးကိုဂရုစိုက်ကြင်နာတတ်ဟန်။
ဆရာဝန်တိုင်းဒီလိုပဲလားဟုတွေးမိတော့သူဗိုက်အောင့်သည့်ညက စိုးရိမ်သံအပြည့်နှင့်တွဲကူပေး
ခဲ့သောတစ်စုံတစ်ယောက်ကိုသတိရသွားမိသည်။
သူတို့သုံးယောက်သားသခွားသီးပိနေကြ၍စကားမပြောဖြစ်ကြတော့။ထိုစဉ်တံခါး
ဖွင့်သံနှင့်အတူLow noteတစ်ခုညည်းလျက်ဝင်လာသံ။မမြင်ရပေမယ့်လည်းအသံကြား
ရရုံဖြင့်သိနေသည်လေ။Dormကို Studioလို့သတ်မှတ်ထားသူကတခြားမရှိ
"Baekhyun hyungလား၊ အစောကြီး"
"ဟုတ်တယ်။Director ဖျားနေလို့Shootingဖျက်လိုက်ကြတယ်။ဘာလဲပေါင်းတင်နေ
ကြတာလား။ငါလည်းလုပ်ချင်တယ်"
"အင်HYUNGကသခွားသီးနံ့မခံနိုင်ဘူးဆို"
"မင်းကဘယ်လိုသိနေပြန်တာလဲ Jae"
"EXO FIRST BOX"
EXO ကျမ်းကြေ လေးကိုBaekhyunတစ်ယောက်လက်မြောက်သွားရသည်။
"Suho Hyungဆီမှာမျက်နှာပေါင်းဆေးတစ်ဗူးရှိတယ်။သွားယူလိုက်အုံးမယ်။
Hyungကိုလည်းလုပ်ပေးအုံးနော်Jae"
"Nae!!မျက်နှာသစ်ခဲ့နော်"
Dormထဲရောက်တာမှမကြာသေးအားလုံးနှင့်နှစ်ပေါင်းများစွာရင်းနှီးခဲ့သူလိုပေါ့ပေါ့
ပါးပါးနှင့်။တခြားRookeiလေးတွေတောင်သူတို့ဆိုနည်းနည်းတွန့်ဆုတ်တွန့်ဆုတ်နဲ့
မရဲတရဲပြောဆိုနေတတ်ပေမယ့်ထိုကလေးကတော့တကယ်ကိုပေါ့ပါးစွာပင်အားလုံးနှင့်ညီအစ်ကိုရင်း
ခြာပမာ တသားတည်းရှိနေသည်။
"ရော့Jae"
Baekhyunကပေါင်းဆေးဗူးအားJAEလက်ထဲထည့်ပေးပြီး သူနှင့်Jong inကြား
ဝင်လှဲသည်။သွက်လိုက်ကြတာများ
"Hyungရောလိမ်းအုံးမလား"
Baekhyun ကို လိမ်းပေးနေရင်းမှ သူ့ကို သတိတရထပ်မေးလာသည်။
"Arni hyungအိပ်ပျော်သွားလိမ့်မယ်"
"ခစ်"
သူ့အပြောကို သဘောတကျထရယ်တဲ့ပုံကိုက ဘာလေးမှန်းကိုမသိတာ။
"Jaeမင်းဒီလောက်Hyungတို့Varietyတွေကြည့်ထားတာဘယ်သူ့FAN မဖြစ်ခဲ့ဘူးလား"
Jonginအမေးကို သူရောBaekhyun ပါစိတ်ဝင်စားသွားသည်။
"အမှန်ကကျွန်တော်ကအလုပ်အတွက်လိုအပ်လို့ကြည့်ခဲ့တာဆိုတော့FANတွေလို
တော့ဘယ်ဟုတ်ပါ့မလဲ"
"အင်!ဒါဆိုဘယ်သူ့ကိုမှသဘောမကျခဲ့ဖူးဘူးပေါ့"
"မင်းမျက်လုံးထဲတစ်ယောက်ယောက်ကိုတော့ ဒီလူကြီးကြည့်ကောင်းတယ်ဆိုတာ
မျို းမရှိခဲ့ဘူးလား"
Baekနှင့်Jonginကစိတ်ဝင်တစားမေးနေပေမယ့်လို့သူကတော့နှုတ်ဆိတ်နေမိသည်။
"အဲ့လိုတော့ရှိတယ်"
"ဘယ်သူလဲ"
သူတို့တွေကလေNEXT DOORကိုVersionပြောင်းပြီးများရိုက်နေကြတာလား ဟုတွေးမိသည်။ ဟိုက
မိန်းကလေးမို့ထားပါတော့။အခုလိုကလေးသာသာကောင်လေးတစ်ယောက်ရဲ့အကြို က်
ကိုလည်းသူတို့စိတ်ဝင်စားတာပဲလား။
"အဲ့ဒါဘယ်သူလဲ"
Baekhyun သိချင်စိတ်ကို မထိန်းနိုင်ဟန်ဖြင့်ထပ်မေးသည်။
"မပြောလို့မရဘူးလား"
" Waeပြောပါ။ဘယ်သူလဲ။ ငါတို့သုံးယောက်တည်းကလား"
ခေါင်းခါပြသည်။
"မဟုတ်ဘူးလား။ ဒါဆိုအပြင်သွားနေတဲ့လူတွေထဲကလား ။ Jaeပြောစမ်းပါ"
"အမှန်တော့...ကျွန်တော်ကအားလုံးကိုကြည့်ခဲ့တယ်ဆိုပေမယ့် အာရုံစိုက်ခဲ့
ရတာYi Xing Hyungဆိုတော့..."
နေ---နေပါအုံး။ သခွားသီးတင်ထားတာတောင် အလိုလိုနေရင်းသူ့မျက်နှာတွေကပူလာပါလား။
Jaeကိုမသိမသာခိုးကြည့်နေပါသည်ဆိုမှ Jongin က မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ မြင်ရုံနှင့်
မရပ်။ ပြုံးဖြီးဖြီးလုပ်ပြရင်း Jaeကိုထပ်မေးသည်။
"ဒါဆို ပြောချင်တာ Yi Xing Hyungကိုပဲ မြင်တယ်ဆိုပါတော့..."
"အွန်း Yi Xing hyungပဲကြည့်မိနေတယ်။"
Jae က ရိုးရိုးလေးပြောနေပေမယ့်လို့ဆန်းဆန်းကြီးဖြစ်ရသည်က သူပါ ။လှဲအိပ်နေရာမှရွေ့မရ
လှုပ်မရ။အမှန်ဆိုဒီထက်ပိုတဲ့စကားတွေကိုFanတွေဆီကကြားနေကြပါ။Love letter
များစွာလည်းဖတ်ခဲ့ဖူးပါရဲ့။
"Yi Xing Hyung!!Jaeကိုလစာတိုးပေးသင့်နေပြီ။ဒါမှမဟုတ်ကလေးကို မုန့်လေး
ဘာလေးဝယ်ကျွေ းတော့"
"အင်း အင်း ဟတ်ချို း"
"အာာနှာစေးနေပြီ။ဖယ်...ဖယ်လိုက်တော့သခွားသီးတွေ"
မျက်နှာပေါ်ရောက်လာသောလက်ချောင်းသွယ်တွေ
"နေ...နေရတယ်Jae"
အိပ်နေရာမှအမြန်ထရပ်မျက်နှာပေါ်ကပ်နေသောသခွားသီးအကြွင်းအကျန်တွေကိုခွာကာ ရေချို းခန်းထဲပြေးဝင်လာရသည်။ ဒါတောင်တံခါးပေါက်ဝမှ
"Hyung ရေနွေးနဲ့ပဲမျက်နှာသစ်နော်။" ဆိုသည့်သတိပေးစကားကိုကြားနေရသေး၏။
မျက်နှာချင်းဆိုင်မှန်ပေါ်မှသူ့ပုံရိပ်ကသူ့ကိုနားမလည်သလိုပြန်ကြည့်နေရပါ၏။
ESTÁS LEYENDO
Healing
FanficThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.