Idolတစ်ယောက်နဲ့တစ်မိုးအောက်တည်းနေဖို့ရန် ၊ ရေချို းခန်းမျှ သုံးရန် ၊ ကားတစ်စီးတည်းနှင့်
တစ်ခရီးတည်းသွားနိုင်ခြင်း နှင့် နေ့စဉ်မနက်စာအတူတူစားခြင်းအမှုတို့အပြင် Jaeအတွက်
တစ်ခုပိုနေသည်က အိပ်ခန်းတစ်ခန်းထဲတွင်အတူတူအိပ်ခြင်း။
ထိုသို့ထိုသို့သောFanတွေရူးမတက်လိုချင်သောအခွင့်အရေးမျို းတွေဆိုတာကိုယ်တိုင်Idol
ဖြစ်မှသာရနိုင်မည်ပင်။ အိုင်ဒေါလ် ၏soulmateဖြစ်စေဦးတော့အခုကဲ့သို့သူ့
နောက်တကောက်ကောက်လိုက်ပြီး သူ့လှုပ်ရှားမှုတိုင်းမျက်တောင်မခတ်တမ်းလိုက်ကြည့်ခွင့်ရ
မည်မဟုတ်။အခုJaeသာလျှ င်Idolတစ်ယောက်လည်းမဟုတ် ။ သူ၏soulmateလည်းမဟုတ်ပါဘဲ
ထိုသို့သောအထက်ပါအခွင့်အရေးအားလုံး...နေပါဦး။ Jaeအခွင့်အရေးလို့သုံးလိုက်မိ
တာလား။ Arni ဆိုလိုချင်တာအဲ့လိုမဟုတ်ပါဘူး။ဒါတွေကJaeအတွက်အခွင့်အရေးမှ
မဟုတ်တာ။ဒီလိုမျို းသူ့ကိုစောင့်ရှောက်ခွင့် အဲ သူလိုအရွယ်ရောက်ပြီးသားယောကျာ်း
တစ်ယောက်ကိုJaeလို လူကြီးမဖြစ်တဖြစ်ကောင်မလေးတစ်ယောက်ကစောင့်ရှောက်
တယ်ဆိုသော အသုံးကသူများကြားရင်နည်းနည်းတော့ရယ်ချင်စရာကောင်းနေလိမ့်မည်။
ဒါကလည်း အင်းးးဘယ်လိုပြောရမလဲရေစက်ပေါ့။ဟုတ်မှန်၏။ ရှေးဘဝကရေစက်
တွေပေါ့။ပြောမရဘူးလေ ဟိုးးးရှေးရှေးဘဝကသူက မင်းသမီးလေးဖြစ်ပြီး Jaeကသူ့
သက်တော်စောင့်ကိုယ်ရံတော်ကြီးမဖြစ်ခဲ့ဘူးလို့ပြောနိုင်မလား။အခုဆို သက်တော်ပါ
စောင့်ပေးရရုံမက အိပ်ဖန်ပါစောင့်ပေးနေရတာ။တကယ်အဟုတ်ပါ။အိပ်ဖန်စောင့်
စားဖန်စောင့်။ရေချို းဖန်စောင့်။အဝတ်လဲဖန်စောင့်။ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်လွန်းသူအ
တွက်အကုန်လိုက်စောင့်ကြည့်နေပေးရသည်လေ။ပြောမကောင်းပေမယ့်သူသန့်စင်
ခန်းဝင်ချိန်ကြာနေရင်တောင်Jaeကသူဘာတွေစားထားလဲဆိုတာပြန်စဉ်းစားကာတိုက်
သင့်သည့်ဆေးရွေးရင်းသူပြန်ထွက်အလာကိုစောင့်နေရသည်။
အခုလည်းရေချိ ု းဖန်စောင့်လုပ်နေရသည်။ တစ်နေ့ဆယ်နာရီအတွင်းရေမချို းရလျှ င်
မနေတတ်သူရေတကယ်ချို းရင်လည်းဆယ်နာရီလောက်ကြာအောင်ချို း အဲ ရေစိမ်ချင်
တတ်သူ။ရိုက်ကွင်းကပြန်ချိန်နောက်ကျ ရုံသာမကဆောင်းဝင်စရာသီဥတုတွင်သူ့ကိုရေ
အကြာကြီးမခ ျို းစေချင်။
"Hyung! !Time up"
ဒါသူတို့အကလေ့ကျင့်ဆရာအော်တတ်သည့် Brake timeပြည့်ချိန်မဟုတ်။သူ့ရေချို းချိန်
ပြည့်ကြောင်းသတိပေးချိန်သာဖြစ်သည်။
"jae ငါးမိနစ်လောက်"
Yixing ရကောင်းရဲ့ဆိုသည့် မျှော်လင့်ချက်နှင့် တောင်းဆိုပါသော်လည်း ဆရာသမားလေးက
ပြတ်သားလေ၏။
"မရဘူး။မိနစ်သုံးဆယ်ပြည့်နေပြီ။မနက်ကပဲနှာစေးချင်သလိုဖြစ်နေတာလေ။Hyung
ထွက်ခဲ့တော့"
"Jae"
လုပ်ယူထားသောခပ်ချွဲ ချွဲ အသံဖြင့်Jaeနာမည်ကိုခေါ်နေသည်။
သူ့အလိုလိုက်လွန်းသောArjimaနဲ့နေခဲ့ရသောသူကJaeကိုလည်းရမလားလို့ သူ့အလိုလိုက်
အလျော့ပေး့စေရန် ချွဲ တတ်သည်။
ဒါပေမဲ့ Jaeကမရ။ သူ့ရဲ့ဖြူ ဖြူ စင်စင်နဲ့ချစ်ဖို့ကောင်းတဲ့အပြု အမူတွေကြားစိတ်ပျော့ချင်နေ၍မဖြစ်။
သူ့ကျန်းမာရေးကအရေးကြီးသည်လေ။အခုလည်းရေချို းခန်းထဲကထွက်လာသူအ
တွက်နွေးနွေးထွေးထွေးရှိစေမည့်အဝတ်အစားတွေအဆင်သင့်ချထားပေးပြီးJaeအိမ်ရှေ့
ထွက်လာခဲ့လိုက်သည်။
Xing အခန်းထဲရောက်လာတော့Jaeအစားခုတင်ခြေရင်းတွေအဆင်သင့်တင်ထားသော
အဝတ်တစ်စုံကစောင့်ကြို နေသည်။
Kyung sooတို့Jong Daeတို့ဆိုလည်းဂရုစိုက်တတ်ကြပေမယ့်လို့Jaeဂရုစိုက်သည့်
ပုံစံကသူတို့လိုမဟုတ်။Arjimaလိုလည်းအလိုလိုက်ပေးတာမျို းလည်းမဟုတ်။
Manager hyungနဲ့Membersတွေနှင့် လောက်ပဲနေခဲ့ဖူး၍အပြင်ကယောကျာ်းလေး
တွေနှင့်နေထိုင်မှုပုံစံကို Xing သေချာမသိ။ JaeကFlower boy typeမှန်းသိပေမဲ့ တစ်ခါ
တလေ Xing အမြင်ထဲ ယောကျာ်းလေးနှင့်မတူသလိုပင်။
Xing ကို အရိပ်တကြည့်ကြည့်နှင့်သတိပေးစကားတွေတ တွတ်တွတ်ပြောနေ
တတ်ပေမယ့် သူအလုပ်လုပ်နေချိန်တွင်တော့ဘယ်သူနဲ့မှစကားမပြောဘဲသူ့ကိုသာ
ငြိမ်ငြိမ်လေးထိုင်ကြည့်နေတတ်သည်။ သူသာ တစ်ခုခုဖြစ်ကြည့်ချက်ချင်းဆိုသလို
သူ့အနား ရောက်လာတာများKai powerများရထားသလားပင်ထင်ရသည်။
အခုလည်း ထုံးစံအတိုင်း Xing ဝတ်အစားလဲပြီးမှအခန်းထဲပြန်ရောက်လာသည်။
ခုတင်ပေါ်ထိုင်ကာဂစ်တာကြို းညှိနေရင်းဝင်လာသော Jae ကို Xing ပြုံ းပြလိုက်
တော့အလားတူတုံ့ပြန်ပြုံ းလေးတစ်ခုနှင့်အခန်းတွင်းအပြုံ းတွေဖြန့်ကျက်လိုက်၏။
"Hyungမနက်Schedule လေးနာရီစမှာနော်။"
Manager hyungပို့ပေးထားသောscheduleများကြည့်ရင်းသူ့ခုတင်ဘေးရှိ
ခေါက်ခုတင်လေးတွင်ဝင်ထိုင်သည်။ Jaeတာဝန်က Xing ကျန်းမာရေးစောင့်ရှောက်ပေး
ရန်သာဆိုပေမယ့်အခုဆို Scheduleတွေကိုပါလိုက်ကြည့်ပေးနေတတ်သည်။
အခုလည်းခြေထောက်လေးဆင်းထိုင်ရင်းIpad screenကိုရွှေ့ရင်း သူသွားရမည့်
programအတွက်stylistတွေရွေးပေးထားသောဝတ်စုံတွေကိုကြည့်နေသည်။ Xing ဆီသို့
ရောက်မလာခင်အဖွဲ့အကြောင်းရေဆုံးမြေဆုံး(ဒါသူ့အပြောပါ)လိုက်ထားသည်
ဟုပြောသောအနှီဆရာဝန်လောင်းလျာလေးသည် သူတို့Stylistတွေရဲ့ conceptတွေ
ပါသိနေသေး၏။ ပြောရမည်ဆို သူတို့အကြောင်းတော်တော်များများကိုJaeကသိနေပေမယ့်
ကတော့သူ့နာမည်Jaeဆိုသည်ကလွဲ၍ဘာမှမသိ။ Jaeကလည်းသူ့အကြောင်းတွေ
ပြောလေ့မရှိ။jaeကချစ်ဖို့ကောင်းသလိုစိတ်ဝင်စားဖို့ လည်းကောင်းသည်။
"Jae"
ပြန်မော့ကြည့်လာသောမျက်ဝန်းဝိုင်းတွေ။ အနားကပ်လာပြီးဖုန်းကိုထုတ်ကာဓာတ်ပုံ
ရိုက်လိုက်သောသူ့ ရုတ်တရက်အပြု အမူကြောင့်Jaeလန့်သွားရသည်။
"မင်းလည်းမျက်လုံးလှတာပဲ"
ခပ်တိုးတိုးပြောလိုက်သောစကားသံ။ပုံမှန်ထက်နီးကပ်နေသောအကွာအဝေး။
Jaeရုတ်တရက်ရေပဲဆာလာသလိုလို အခန်းတွင်းHeaterကပဲပိုဲပူလာသလို
"Hyung~~~"
Jaeကသာလန့်နေပေမယ့် Xing ကတော့ပါးချို င့်များခွက်ဝင်သွားအောင်အားရပါးရပြုံ းလိုက်
သည်။ Jae စိတ်ထဲကနေ ဘုရားတမိသွားရသည်။ အနီးကပ်မြင်နေရသောသူ့ပါးချို င့်
တွေက...
"မေးခွန်းလာပြီ။Exo membersတွေထဲမှာဘယ်သူမျက်လုံးအလှဆုံးလဲ"
ကြောင်အနေသောjaeအား
"ဖြေလေ။မင်းပဲငါတို့အကြောင်းအကုန်သိတယ်ဆို"
ဘာလား ? အလုပ်ဝင်ပြီးတစ်ပတ်ကြာမှInterviewနေတာလား။ အဖြေကခေါင်းထဲ
မှာရှိနေပေမယ့် ထုတ်ပြောသင့်မပြောသင့် Jae စဉ်းစားနေရပြီ။မဖြေနိုင်ရင်Jaeကိုတော့အ
လုပ်မထုတ်လောက်ပါဘူးနော်။
"မင်းအကုန်မသိဘဲနဲ့"
"Ex-membersတွေထဲကပြောလို့ရလား"
သူ့စကားကိုအမြန်ဖြတ်ပြောလိုက်မိပြီးမှပါးချို င့်များပျောက်ကွယ်သွားသည်ကိုကြည့်
ခြင်းဖြင့်Jaeစကားမှားသွားပြီလား လို့လည်း တွေးကြောက်ရပါသည်။
ဘာပြောသင့်မှန်းမသိသောနှုတ်ခမ်းတွေကစကားလုံးရွေးနေရသဖြင့်တလှုပ်လှုပ်
ရုတ်တရက်တိတ်ဆိတ်သွားသောအခန်းတွင်း
"Luhan Geက Ex-memberမဟုတ်ပါဘူး။Exဆိုတဲ့အသုံးက အဟောင်း။မပါဝင်
ဘူးဆိုတဲ့အဓိပါ္ပယ်ရပေမယ့် Exo membersတွေအတွက်တော့မဟုတ်ဘူးလေ။သူတို့က
အဟောင်းလည်းမဟုတ်သလို ငါတို့ရင်ထဲမှာမရှိတော့တဲ့လူတွေမှမဟုတ်တာ"
ဟူသော Xing အသံတွင် ခံစားမှုပေါင်းစုံပါဝင်နေသည်။
"ကျွန်တော်တောင်းပန်..."
"ရပါတယ်"
Jaeတကယ်ညံ့သည်။သူတို့Promisesသီချင်းကိုအခေါက်ခေါက်အခါခါနားထောင်ခဲ့ဖူး
တာတောင်။Stageပေါ်ဆိုရင်းငိုနေကြသူတွေကိုအခါခါကြည့်ခဲ့ဖူးတာတောင်။
ထိုသီချင်းကိုရေးစပ်ထားသူရှေ့မှာ (Chineseversionက lyris တွေကိုXing oppaရေး
ထားတာပါ။K versionနဲ့နည်းနည်းကွဲပါတယ်)မှဘာလို့ဒီလိုခံစားရခက်စေသော
စကားလုံးကိုပြောမိသွားရတာလဲနော်။
Happy camp programမှာမျက်ရည်မထိန်းနိုင်ခဲ့သူ။ကိုယ်တိုင်မခံစားနိုင်သည့်ကြားမှ
အပြုံ းလေးတစ်ခုနဲ့ weiboကနေFANတွေကို အားပေးနှိမ်သိမ့်ခဲ့ပေမယ့်သူကိုယ်တိုင်အိပ်မပျော်ခဲ့သည့်
ညတွေ။ ထွက်သွားသူများ၏အခန်းတံခါးကိုအခါခါဖွင့်ကာငေးခဲ့ဖူးတာတွေ ၊
သူတို့မယူသွားသောအသုံးအဆောင်များကိုသိမ်းထားပေးခဲ့တာတွေကို
manager hyungဆီကကြားခဲ့ဖူးတာတောင်Jae တော်တော်ဆိုးသွားခဲ့ပြီ။
"ကျွန်တော်တောင်းပန်..."
ပြုံ းပြသည်။ဒါဆရာရှေ့စာမှားဆိုမိ၍ကြောက်ရွံ့ထိတ်လန့်နေသောကလေးငယ်
ကိုခွင့်လွှတ်အားပေးနေသလိုပုံစံ။
"Miyannae Hyungကသာမင်းဖြေရခက်တာတွေမေးမိတာ"
"ဒါပေမဲ့..."
"မင်းသူနဲ့ဖုန်းပြောကြည့်မလား"
"ဟင် ဘယ်သူနဲ့..."
"မျက်လုံးလှတဲ့သူနဲ့လေ"
မျက်လုံးတစ်ဖက်ဖြတ်ခနဲမှိတ်ပြရင်းJaeမမြင်ဖူးသောနောက်ထပ်ဖုန်းတစ်လုံးသူ့
အံဆွဲထဲမှထွက်လာသည်။ရုတ်တရက်ပြန်လည်သွက်လက်ပြုံ းရွှင်သွားပြီး
"Ge အားမှအားရဲ့လားမသိ" ဟူ၍လည်း ခပ်တိုးတိုးရယ်ရွတ်ရင်း video callခေါ်နေ
သောသူ့ကိုJaeကြောင်ကာငေးနေမိသည်။အခုသူဖုန်းခေါ်နေတာ
"Luge"
ဟင်!!တကယ်ပဲ Luhan geကိုခေါ်နေတာလား။ တစ်ဖက်မှလည်းရယ်သံလွင်လွင်နဲ့နှုတ်ဆက်
သံကိုပြန်ကြားနေရသည်။
"Xing ဖုန်းမှားဆက်နေတာလား"
"Geဆီကိုပဲဆက်တာပါ"
"ဒီနေ့စနေနေ့ဆိုတော့ သူမှားပြီးဖုန်းဆက်နေတယ်လို့ထင်တာပဲ"
"မဟုတ်ပါဘူး။သူEuropeဖက်ပါသွားတယ်"
စနေနေ့ တိုင်းသူဘယ်သူ့ဆီကိုဖုန်းဆက်တာလဲ။ Europeရောက်နေတာဘယ်သူလဲ
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.