HARDEST

191 14 1
                                    



ဂီတာတီးနေရရင် သီချင်းဆိုနေရရင် ကနေရရင်Fanတွေ၏အပြုံးုတွေ ၊ Love
Letterလေးတွေ။ အမြဲတမ်းသူ့နားရှိနေပေးသည့်မန်ဘာတွေ။သူတို့တွေရှိနေရင်သူတို့တွေ
သာသူနဲ့အတူရှိနေရင်သူJaeကိုမေ့နိုင်သွားမှာ။အခုချိန်သူ့မျက်လုံးထဲJaeဟာဘယ်လောက်ကြီးပဲလင်းလက်နေပါစေ။Stageပေါ်ကသူမြင်တွေ့နေကျSilverOceanလောက်လင်းလက်တောက်ပနိုင်ပါ့မလား။
Jaeအပြုံးတွေကရော သူလက်မှတ်ရလို့ခုန်ပေါက်သွားတဲ့Xingmiတွေရဲ့အပြုံးထက်ပိုလှမှာလား။
Jaeရဲ့စကားသံတွေက သူ့Postအောက်ကFan တွေရဲ့Commentsတွေထက်ပိုပြီးရင်
ခုန်စေမှာလား။Millionsချီတဲ့နှလုံးသားတွေအောက်Jaeနှလုံးသားတစ်စုံမြှုပ်နှံစတေးရတာထိုက်တန်လွန်းပါသည်။ဖုန်းထဲမှSim cardကိုအမှိုက်ပုံးထဲပစ်ထည့်တော့EUN WOOက ပြန်လှည့်ကြည့်သည်။
မနှစ်မြို့ခြင်းတွေကအထင်းသား။လာမကြည့်စမ်းပါနဲ့ ဆိုသည့်အကြည့်ဖြင့်ပြန်ကြည့်လိုက်သည်။
"ငါနေခဲ့တဲ့အိမ်ကိုဝယ်ပေးပါ"
"ဘာလို့လဲ"
Eun wooအသံတွင်တင်းမာမှုကမျက်ပြောင်တိုက်နေ၏။
"သူအဲ့အိမ်မှာဆက်နေရင် ငါ့ကိုပိုပြီးသတိရနေလိမ့်မယ်။ငါနဲ့ပတ်သတ်သမျှတွေနဲ့ကင်းနိုင်သမျှ
ကင်းနေမှသူငါ့ကိုမေ့နိုင်မှာ။ငါ့ကိုမေ့သွားမှာ"
"ယောကျာ်းတစ်ယောက်ရဲ့အချစ်ကိုဒီလောက်အထင်မသေးနဲ့Mijae။အားလုံးကလွယ်လွယ်ကူ
ကူနဲ့ချစ်ခဲ့ကြတယ်လို့နင်ထင်နေတာလား"
မနက်ခင်းဝေလီဝေလင်း လေဆိပ်ဝင်းထဲစကားအချေအတင်တင်းမာသောအနေအထားနှင့်
ကောင်လေးနှစ်ယောက်ကိုဘယ်သူမှသတိထားကြည့်မနေပါ။Mijaeပုံကအရင်သူ့ဘေးရှိနေခဲ့
သောအတိုင်းFlower boyပုံစံအတိုင်းပဲရှိနေသေး၏။
"ငါအထင်သေးနေတာမဟုတ်ဘူးEun woo...သူ့ကို ငါမခံစားစေချင်တာ။သူအိမ်မှာနေနေသ၍
သူနာကျင်နေရမှာ။သူတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတဲ့အတွေးမျိုးမဝင်စေချင်ဘူး။နေရာ
သစ်တစ်ခုမှာငါ့ကိုမေ့မေ့ပျောက်ပျောက်နဲ့ပျော်ပျော်နေစေချင်တာ။ဝယ်ပေးပါဟာနော်"
Eun wooသက်ပြင်းချသည်။သူMijaeအလိုလိုက်ပေးရတာကိုကသူ့ရဲ့ဖျောက်ဖျက်မရနိုင်တဲ့
အကျင့်ဆိုးတစ်ခုလေ။
"နင့်ပုံစံကောပြောင်းဖို့စိတ်မကူးဘူးလား"
အရင်Fashion iconဖြစ်နေရမယ်လို့ကြွေးကြော်ခဲ့သူကိုခုလို ကျား/မခွဲမရတဲ့ပုံနှင့်မြင်တွေ့နေ
ရတော့ Eun woo မျက်လုံးထဲတော်တော် ကြည့်ရဆိုးနေပုံရသည်။နေပါစေ ။ ချစ်ရသူကိုယ်တိုင်က အခုလိုပုံစံနဲ့ကိုပဲချစ်ခဲ့တာလေ။ဒီလောက်ဆိုဒီပုံစံနဲ့နေဖို့ဆုံးဖြတ်တာမှားပါသလား
ခေါင်းသာခါပြလိုက်တော့၏။
လွန်ခဲ့တဲ့၈လက ခက်ခဲမယ့် အနာဂတ်နေ့တွေကိုအတူတူမဖြတ်သန်းရဲတဲ့Eun Wooကိုလက်
လွှတ်ခဲ့သည်။အခုတော့တောက်ပနေတဲ့Hyungအနာဂတ်တွေအတွက်သူ့ကိုလက်လွှတ်ပေးခဲ့ရပြီ။အချစ်ကပေးဆပ်ခြင်းလည်းမဟုတ်သလို ရယူခြင်းလို့လည်းတယူသန်မှတ်ယူလို့မရဘူးဆိုတာနားလည်
စပြုလာပြီ။ကိုယ်သူ့အပေါ်ထားရှိသောမေတ္တာအတိမ်အနက်ပေါ်မူတည်ပြီးသူ့အတွက်
အဖြစ်သင့်ဆုံးကိုအတ္တကင်းကင်းနဲ့ရွေးချယ်ပေးလိုက်မိတာ။ကိုယ်သေလောက်အောင်နာကျင်နေ
ရင်တောင်သူ့အတွက်ဆိုသည့်အသိတစ်ခုတည်းနဲ့အံ့ကြိတ်တင်းခံနိုင်ဖို့သတ္တိတွေလည်းရှိလာနိုင်
စေတာ။လူတွေကပြောကြသည်။ချစ်မိရင်စုံလုံးကန်းတတ်ကြတယ်တဲ့။Jaeရယ်ချင်ပါသည်။လိုချင်
တပ်မက်မှုပေါ်အခြေခံထားတဲ့ခံစားမှုသက်သက်လိုရင်တော့ ရှေ့ဖြစ်နောက်ဖြစ်အကျိုးအကြောင်း
ဆင်ခြင်မှုမဲ့စေလောက်တဲ့ထိထိုတပ်မက်မှုနောက်ကောက်ကောက်ပါအောင်လိုက်ရင်အမိုက်
မှောင်ကဖုံးနေမှာပဲလေ။Jaeချစ်ခဲ့တဲ့လူကထိုသို့သောလူမျိုးမဟုတ်သည့်အပြင်ကမ္ဘာ့ပေါ်မှလူသားများစွာ၏ချစ်ခြင်းကိုရရှိထားသူလေ။
Hyungနှင့်Jaeအချစ်ကသူ့လက်ဝယ်အပ်နှင်းထားသောနှလုံးသားပေါင်းများစွာထဲမှအချစ်တွေကိုမစော်
ကားထိုက်သောမြတ်မြင့်မှုတွေအဖြစ်စွဲမှတ်လျက်နေသောJaeအတွက်ဒီနည်းလမ်းကသာအကောင်းဆုံးပါ။ Lတွေအတွက် Xingmiတွေအတွက်ပြီးတော့ပိုလင်းလက်တောက်ပလာမည့် သူ့နေ့ရက်တွေ
အတွက်။
"Appaကောဟင်"
"ဝါရှင်တန်မှာ ။နင့်ကိုငါ့လက်ထဲလွှဲပေးထားတယ်။သူသိပ်ကျေနပ်နေလို့တော့မဟုတ်
ဘူးနော်။နောက်နှစ်Astroက ကမ္ဘာ့ဝင်ငွေအများဆုံးလုပ်ငန်းစုဖြစ်ဖို့အာရုံစိုက်နေလို့။ပြီးမှနင်နဲ့
လာရှင်းလိမ့်မယ်"
Jaeသက်ပြင်းချမိသည်။အခုဆို YiXing ကျန်ခဲ့ရာမြေပြင်နှင့်မိုင်ပေါင်းထောင်ချီအကွာမှာရှိနေပြီ။နောက်
လေးနာရီကြာလျှင်သူနှင့်ဝေးရာကမ္ဘာ့တစ်ဖက်ခြမ်းကိုရောက်နေတော့မည်။
"နင်အဆင်ပြေလား"
Eun woo ဟန်လုပ်မေးခြင်း မဟုတ်မှန်းလေသံတွေရောအကြည့်တွေရောကစိုးရိမ်နေကြောင်း သိသာလှပါသည်။
"သူအဆင်မှပြေပါ့မလားဟင်။နိုးနိုးချင်းငါမရှိဘူးဆိုတာသိရင် သူစိုးရိမ်သွားမှာ။မနက်စာလည်း
မစားလောက်တော့ဘူး။Manager Hyungကလည်းသူ့ကားနားမထောင်ရင် သ့ူကိုဆူနေမှာ"
"အားလုံးအဆင်ပြေသွားမှာပါ။အချိန်တစ်ခုကိုဖြတ်ကျော်ပြီးရင်နေသားကျသွားကြပါလိမ့်မယ်"
ဒါဘာလဲ။ Eun woo က သူ့အတွေ့အကြုံနှင့်ယှဉ်ကာဖြစ်တတ်သည့် သဘောတွေနှင့်နှိမ့်သိမ့်နေသည်လား။ Hyungကိုမနာကျင်စေချင်တာJae၏အချစ်ဖြစ်နေခဲ့သည်ဆိုပါလျှင်သူ၏နေသားကျခြင်းထဲနာကျဉ်းမေ့ပျောက်ခြင်းသာပါဝင်ခဲ့ပါက နောင်တတရားကိုသူ့အောင်မြင်မှုပုံရိပ်တွေအောက် မြှုပ်နှံလိုက်ပါ
တော့မည်ဟု Jaeတွေးသည်။ Hyungအတွက်One in millionsမဖြစ်ခဲ့ရင်ရော
သူအချစ်တွေအားမျှဝေခံစားခွင့်ရသော One of the millionsဖြစ်ခွင့်ရှိသေးတာပဲလေ။
"Hyungတစ်ယောက်ခုနေဘယ်လိုနေနေမလဲ"
>>>>>>>>>Healing<<<<<<<<<<<<<<
"Yixingဘယ်အချိန်ထိဒီလိုဆက်လုပ်နေမှာလဲ"
ManagerHyungအကြည့်တွေကစိတ်ပျက်သည်ထက်ပိုတဲ့နှိမ့်ချမှုတွေပါနေပြီဆိုတာသိပေမယ့် YiXing ၏ မာနဒီတစ်မနက်ခင်းလေးတွင်ပယ်ပျောက်ကုန်ပြီလေ။YiXing အခုထိ Jae ၏
အခန်းထဲကနေမထွက်ဖြစ်သေးဘူး။ Jae နှုတ်မဆက်ဘဲ သူ့ကိုထားသွားနိုင်တာကိုခုထိမယုံနိုင်
သေးတာ။ဘာဆိုဘာမှမကျန်ရှိတော့တဲ့ ဒီအခန်းထဲသူဆုပ်ကိုင်ထားတာမျှော်လင့်
ခြင်းလားကြေကွဲခြင်းလားယုရုံးမရခြင်းလား။ သူက အတွေးနဲ့လေထဲဘဝတစ်ခုကိုတည်
ဆောက်ပေးနေမိခဲ့တာ။ Jae က သူစီစဉ်ပေးသမျှကိုလက်သင့်ခံလိမ့်မယ်လို့သူ့ကိုယ်သူ
ယုံကြည်မှုလွန်ကဲလွန်းသွားခဲ့တာ။တစ်နေ့တာScheduleတွေအားအချိုးကျကျနှင့်ဟာ
ကွက်မရှိစီစဉ်ခဲ့ဖူးသော Jae မှာ သူ့ထက်အသေးစိတ်အစီအစဉ်တွေရှိမနေလောက်ဘူးဟု
သူသွေးနားထင်ရောက်ခဲ့မိတာ။လိုင်စင်ကိုOne shotနဲ့အောင်အောင်ဖြေနိုင်ခဲ့သူ။နာမည်
ကြီးတက္ကသိုလ်မှာMajorနှစ်ခုပြိုင်တက်ခဲ့သူ။ သူတို့၏များပြားလှစွာသောVarietyတွေ
ကိုမှတ်မိနေခဲ့သူ Jaeက ကလေးလေးတစ်ယောက်လို YiXingခေါ်ဆောင်ရာလမ်းကို အကန့်အကွက်မရှိလိုက်ခဲ့မည်လို့ထင်နေခဲ့တာကိုကJaeကိုအထင်သေးလျှော့တွက်ခဲ့တာမဟုတ်ပါဘူး။
သူ့ကို Jae အခုလောက်ထိချစ်ပေးလိမ့်မယ်လို့မမျှော်မှန်းခဲ့မိတာ။ အခုမှ တဖြည်းဖြည်းနားလည်စ
ပြုလာသလိုပင်။ Jae သူ့အပေါ်ထားတဲ့ခံစားမှုအတိမ်အနက်အားအပေါ်ယံလျှပ်ပြေးလေးကြည့်
ခဲ့မိတာ။မနေ့ညက Because of uဆိုခိုင်းပြီး သူ့ ပြုံးကြည့်ခဲ့သော Jae ၏ မျက်ဝန်းတွေသူ့
နှုတ်ခမ်းထက်ကအပြုံးငွေ့ငွေ့ကို YiXing နားလည်မှုမဲ့ခဲ့တာ။Fanတွေအတွက်သီချင်းကို
ပြုံးရွှင်စွာဆိုနေခဲ့သည့် YiXing အပြုံး၏အနက်ရှိုင်းဆုံးကိုမြင်ခဲ့ရသည့် Jaeရင်ထဲဘယ်လောက်ထိ
ကြေကွဲနေပါလိမ့်မလဲ။အရွယ်နဲ့မမျှအောင်သဘောထားကြီးရှာသောသူ၏ကောင်မလေး။
သူ့ကိုပါမကသူ့ကိုချစ်သည့် လူတွေကိုပါထပ်တူလိုက်ချစ်ပေးခဲ့သူ။Lတွေရဲ့ခံစားချက်ကိုနားလည်ပေး
ခဲ့သူ။ သူ့ချစ်သူကအရာရာလေးနက်စွာတွေးတတ်ခဲ့သူ။အချစ်များစွာအတွက် သူနှလုံးသားကိုစတေး
ရဲခဲ့သူ။
"ကျွန်တော်စိတ်ရှိရင်ခင်ဗျားကိုတောင်အပိုင်ဝယ်လို့ရတယ်"
"ခင်ဗျားက ကျွန်တော်နဲ့ရှိနေတာထက်Membersတွေနဲ့Fanတွေရှေ့ရပ်နေတဲ့ပုံစံက
ပိုကြည့်ကောင်းနေလို့ခင်ဗျားလွတ်ငြိမ်းချမ်းသာခွင့်ရသွားတာ။"
အဲ့စကားတွေပြောတည်းက သဘောပေါက်ခဲ့ရမှာ။ကိုယ့်ဖြစ်တည်မှုကိုကိုယ်ဂုဏ်ယူနေ
မယ့်အစား Jaeခံစားချက်ကိုမြင်အောင်ကြည့်ခဲ့ရမှာ။ထက်မြက်သည့်မိန်းကလေးတစ်ယောက်ကိုချစ်မိ
သောယောကျာ်းတစ်ယောက်အနေနဲ့သူအများကြီးကြိုးစားပြရမှာ။ Jae စိတ်ပျက်သွားလို့မဖြစ်ဘူး။
သူ့ကို Jae က အဝေးကနေစောင့်ကြည့်နေမှာ။အခုလိုမျက်ရည်လည်ရွဲနဲ့ဖြစ်နေပုံကို
Jaeသဘောကျမှာမဟုတ်ဘူး။
YiXing ချက်ချင်းမတ်တပ်ထရပ်ကာရေချိုးခန်းထဲဝင်၍မျက်နှာသစ်မိသည်။မှန်ထဲပေါ်နေသည့် သူ့
မျက်နှာ။မျက်လုံးတွေမို့အစ်နေလေသည်။ Jaeသာမြင်ရင်ပွစိပွစိနှင့်စူမှာ။မျက်လုံးအားရေခဲနဲ့အတင်းကပ်ပေးမှာ။
သွားတိုက်ဖို့ကြည့်လိုက်တော့သူ့လက်တွေပင်တုန်ယင်သွားရသည်။အဆင်သင့်ထည့်ပြီးသားသွားတိုက်ဆေးပြာကြည်ကြည်။
အော်ငိုပါရစေတော့။ ငိုသံကြားတော့Manager Hyungကအလန့်တကြားပြေးလာပြီး သူ့ကိုစိတ်ရှုပ်ထွေးနေဟန်ဖြင့်ကြည့်ကာ
"Yixingအရူးထမနေနဲ့တော့။မင်းကိုယ်မင်းပြန်ကြည့်စမ်းပါ။စိတ်ကစားတတ်တဲ့အရွယ်
မိန်းကလေးတစ်ယောက်အတွက်မင်းအဲ့လိုတွေဖြစ်နေသင့်လား။မင်းသာအဲ့လိုဖြစ်နေတာ။သူက
အချိန်တန်ရင်မင်းကိုမေ့သွားမှာ။သူတို့အသိုင်းအဝိုင်းကအပျော်ရှာစရာတွေများကများနဲ့" ဟုပြောလာ၏။
"တော်ပါတော့!"
YiXingအော်သံဟိန်းထွက်သွားသည်နှင့်အညီManager Hyungသည်လည်းမျက်နှာပျက်
ထွက်သွားသည်။ဒါနဲ့ဆိုသူ Manager Hyungကိုအော်တာနှစ်ြကိမ်မြောက်။
"မသိဘဲနဲ့မပြောပါနဲ့။သူ့အချစ်ကို မမြင်ပဲနဲ့သူ့ကိုမစော်ကားပါနဲ့။Jelpa!!ကျေးဇူးပြု ပြီးကျွန်ေ
တာ်ချစ်တဲ့သူကိုမရှုတ်ချပါနဲ့။ကျွန်တော်တကယ်တောင်းပန်ပါတယ်"
ယိုင်နဲ့နေသောခြေထောက်တို့ကိုအနိုင်နိုင်မတ်ကာ Manager Hyungအား90'Bowနှင့်တောင်းပန်မိသည်။
"သူ့ကိုအထင်သေးတဲ့စကားတွေမပြောပါနဲ့။ကျေးဇူးပြုပြီး။Hyungတို့ပြောစကားကျွန်တော်
နားထောင်ပါ့မယ်။ဘာမဆိုလုပ်ပါ့မယ်။သူ့ကိုတော့ဒုက္ခမပေးကြပါနဲ့။ကျေးဇူးပြုပြီး"
ဟုတ်ပါသည်။ Jae သူ့အတွက်ပေးဆပ်ခဲ့တာတွေကနည်းမှမနည်းပဲ။စတွေ့တည်းက သူ့အရှက်
တရားတစ်ပိုင်းတစ်စကို သူ့လက်ထဲထည့်ပေးခဲ့တာ။Jae ကိုပြန်ရှာမှာပါ။တစ်နေ့နေ့Jaeဆီရောက်
အောင်ကိုသွားမှာ။အားလုံးက Jae ကိုလက်ခံလာအောင်သူ့လုပ်ပိုင်ခွင့်ထဲကနေ
ရအောင်လုပ်မှာ။
သူ့ဆီမှာထားခဲ့တာဆိုလို့စတွေ့တုန်းကပြုတ်ထွက်သွားတဲ့HealingButtonရယ်။မနေ့ကသူတီးခဲ့တဲ့ပန်းနုရောင်ဂစ်တာလေးရယ်။ပြီးတော့သူနေခဲ့တဲ့ဒီအိမ်လေးရယ်။ ပြီးတော့ရိုက်ခဲ့ဖူးသောသူ့ပုံလေးတွေ။
ဒီလောက်ဆိုသူ ရှေ့ဆက်ဖို့လုံလောက်နေပြီလေ။
"စောင့်နေပေးပါ။ကိုယ်မင်းဆီရောက်အောင်လာခဲ့မှာ"


HealingTempat cerita menjadi hidup. Temukan sekarang