Search Engineတွင်ရှာဖွေခံရဆုံးသတင်း။ Mediaသမားများ၏အာရုံစုံဝေးရာဗဟိုချက်။သို့
သော် Jaeအား Publicရှေ့အထွက်မခံသော သူ့ကိုလည်းCompanyကအထွက်မခံ။
အရင်လိုစိတ်ထဲရှိသလိုသာပြောပါကရှင်းနိုင်တော့မည်မဟုတ်။အကျယ်အကျယ်မငြိမ်း
ဖွယ်အပူသောကများကိုသူ့အားမခံစားလို၍အတင်းချော့မော့ကာဖြောင်းဖြထားရသည်။Jae၏
စွန့်စားမှုကများစွာအရာထင်ပါ၏။Antiများ၏Homoဆိုသောစွဲချက်ကြမ်းကြမ်းထိုးနှပ်ချက်
ရိုင်းရိုင်းများက ရေငွေ့ပြန်သွားသလို။Romourများစွာ၏ငွေ့ရည်မှုကို Companyမှ
ပြောရေးဆိုခွင့်ရှိသူအမည်ခံManager HyungကDramaတစ်ခုခင်းကျင်းပြသလိုက်
သည်။စီစဉ်ထားသောPlotထဲမထင်မှတ်သောလူကြမ်းများပါဝင်လာသောငြားJaeတို့ဇာတ်ကတိမ်းစောင်းမသွားခဲ့ဘူး ။ ဒိုင်ယာလော့ဒ်တွေတောင်တစ်လုံးမလွဲ။အမှန်တရားနှင့်ဘောင်မကွပ်ထား
ပေမယ့်လို့မုသားတွေတော့ပြည့်မနေခဲ့။လကာၤချောစေဖို့အကူကြိယာအနေနဲ့တော့အအနည်းအကျဉ်းယူသုံးထားရသည်တော့ရှိတာပေါ့။
ဇာတ်လမ်းက၂၀၁၂ပတ်ဝန်းကျင်ကPopularဖြစ်ခဲ့သောKseriesတွေကဲ့သို့။သူ့ကိုစွဲလမ်းရူးသွပ်သွားသည့် သူ့Fangirl လေး Jaeကယောကျာ်းလေးယောင်ဆောင်ကာHyungကိုအနီးကပ်Stalkခဲ့သော်
လည်းရိုးလွန်းလှသော Idolဖြစ်သူက Jaeအားတကယ့်ယောကျာ်းလေးဟုပင်မှတ်ထင်
လျက်ညီလေးအရင်းတစ်ယောက်လိုတွယ်တာမိသွားသည်ပေါ့။ဤသည်အားအမှန်တရားပါဝင်မှု
နှုန်းနည်းနေခြင်းကြောင့်Jaeကိုနည်းနည်းတော့ပြုံးမိစေသည်။ပစ္စပ္ပုန်နှင့် Equationချကြည့်ပါ
ကသေချာသည်။ မာနတရားအား လုံးခြေလျက်ခေါင်းတွေတွင်တွင်မြည်အောင်ညိတ်ပြရလိမ့်မည်။
သို့သော်လည်း သူ့ကိုစွဲလမ်းတယ်ဆိုသည့် မေ့လွယ်ပျောက်လွယ်စကားလုံးထက် သူ့ကိုမြတ်နိုးသည်လို့သာသုံးစေချင်သည်။ Jaeသူ့ကိုမြတ်နိုးရပါ၏ ။ထိုသို့သော် စကားစုကအမျိုးသားထုကသာသုံးနှုန်းတတ်ပေမယ့်Jaeကတော့သူ့ကိုအဲ့လိုလေးပဲပြော
ချင်သည် ။ Jaeသူ့ကိုတန်ဖိုးထားသည်။ လေးစားသည်။ Jaeကသာသူ့အပေါ်အထင်သေးရှုတ်ချမှုများဖယ်ကွာသွားနိုင်၍Manager hyungပြောသမျှကို
ကျေနပ်နေပါသော်လည်းသူကတော့
"Jaeသူ့ကိုခုလိုလိမ်ညာခဲ့မှုအပေါ် ခွင့်မလွှတ်နိုင်လျက် အလုပ်မှထုတ်လိုက်ပြီ"
ဟူသောဖြေရှင်းချက်ကိုသူကသည်းမခံနိုင်ဆုံးပင်။ဖြစ်ရပ်မှန်အမည်တပ်လုပ်ဇာတ်ဖြစ်သောကြောင့်ရှိလာသောဟာကွက်များအားစေ့စေ့ပေါက်ပေါက်မေးလာမည့်သတင်းထောက်များ၏အား
"မည်သည့်မေးခွန်းကိုမှလက်ခံဖြေကြားမည်မဟုတ်"
ဟူ၍ကောက်ပင်ရိတ်သိမ်းနည်းဖြင့်အပြတ်ငြင်းဆန်မှု၏ဘေးထွက်ဆိုးကျိုးက သိုလောသို့လော။
ထိုနေ့တွေကသူနဲ့Jaeကိုမျက်မြင်တွေ့ခဲ့ကြသောFS AdminများကCompany၏ပြန်
ကြားချက်ကို မယုံကြည်ပေမယ့်Fangirlတစ်ယောက်အနေနဲ့တော့ဇွတ်မှိတ်ယုံထားမယ်ဆို
သည့်သဘောတရားပါစကားတို့ဖြင့်အရိပ်အမြွတ်ဖွင့်ဟကြ၏။သူတို့ကိုJaeနားလည်သည်
ဘယ်လောက်ပဲရင့်ကျက်နေပါသည်ပြောပြောကိုယ့်Idolအားကိုယ်တွေနဲ့Membersဝင်တွေ
ကလွဲရင်တခြားတစ်ယောက်ကိုမချစ်စေချင်သည့်Fanတစ်ယောက်၏စိတ်ကိုJae ကိုယ်ချင်းစာ
လို့ရပါသည်။
ကိုယ်တိုင်Fanမဟုတ်ဘူးလို့အကြိမ်ကြိမ်ငြင်းဆိုခဲ့ဖူးပေမဲ့မသိစိတ်ကနေကိုယ်သည်လည်း
Lတစ်ယောက်။ အခုထိဝန်မခံချင်သေးပေမယ့်Xingmiတစ်ယောက်ဖြစ်နေခဲ့သည်။
ထိုခံစားချက်ကိုသဘောမကျလို့အခါခါငြင်းချက်ထုတ်နေသည့်ကြားမှသူ့ကိုချစ်မိသွားတာကတော့
ဘုရားသခင်ပေးတဲ့မုသားဆိုအပြစ်ဆုလဒ်ကောင်းတစ်ခုပေါ့။
သူနဲ့Jaeအပြင်မထွက်ရတာဒါနဲ့ဆိုနှစ်ရက်။သူ့ကိုချစ်တယ်ဟုတ်တိုက်ရိုက်ဖွင့်မပြောဖြစ်သေးသော်
လည်းသူသိသွားပြီမို့အနည်းငယ်တော့မျင်နှာပူရသည်။သူကတော့ဘာမှမပြောင်းလဲ။တစ်ခန်းထဲအတူတူမအိပ်ဖြစ်တော့သည့်အတွက်မနက်တိုင်းအခန်းဝမှရပ်လျက်လာနှိုးတတ်သည်။
Jaeအခန်းအပြင်ရောက်သည်နှင့် ပွယောင်းယောင်းဖြစ်နေတတ်သောJaeဆံပင်များကိုသူ့
လက်ချောင်းများနှင့်ဖြီးသင်ပေးတတ်သေး၏။ နေ့လယ်ဆိုအိမ်ရှေ့ခန်းတွင် ရုပ်ရှင်အတူတူကြည့်
ဖြစ်ကြတယ်။ManagerHyungကအိမ်ခွဲနေစေချင်သော်လည်းသူကလက်မခံ။အမှန်တော့Jaeကိုယ်
တိုင်လည်းသူနဲ့ရသလောက်အချိန်လေးအတူတူနေချင်သေးသည်လေ။ညဖက်တွေဆိုသူ့အခန်းမီး
တော်တော်နှင့်မပိတ်သေးတာတွေ့ရတတ်သည်။အံ့သြစရာကောင်းလောက်အောင်သူကJae၏
အကြောင်းများကိုတစ်ခွန်းမမေး။Jaeကလည်းသူဘာတွေလုပ်နေလဲဆိုတာလည်းမမေးဖြစ်။
"Jaeရေအိမ်ရှေ့ထွက်ခဲ့ပါအုံး"
ပိုင်ဆိုင်သမျှခြေအိတ်ပါမကျန်အကုန်သိမ်းဆည်းထုတ်ပိုးနေစဉ်သူ့ခေါ်သံကိုကြားသည်။
ဒီနေ့ကသူနဲ့နေရမည့်နောက်ဆုံးနေ့ပင်။မနက်ဖြန်ဆိုBeijingသို့Eunwooရောက်လာတော့မည်။
အခုချိန်Appaလည်းသိနေလောက်ပြီ။Eunwooကတော့
"နင်အများကြီးပြောင်းလဲသွားတာပဲ" ဟူသည့်မှတ်ချက်မျှသာပေးခဲ့၏။
ထွက်လာသောJaeလက်ကိုဆွဲလျက်အတူတူထိုင်နေကျအိမ်ရှေ့ဧည့်ခန်းထဲသို့ဆွဲခေါ်
သည်။
"Jaeလှလား"
ပန်းနုရောင်ဂီတာလေး။သူဘယ်အချိန်ဝယ်လိုက်မှန်းတောင်မသိ။
"ကြိုက်လား"
"အင်း"
"မကြိုက်ဘူးလား။မင်းအတွက်သီးသန့်မှာထားတာ"
"ကြိုက်ပါတယ်"
"လာထိုင်Hyungပြောစရာရှိသေးတယ်"
အိမ်ရှေ့စားပွဲပုလေးပေါ်တင်ထားသောLaptopရှိရာသို့ဆွဲခေါ်ပြန်ပါသည်။
သူပြနေသည်များက တက္ကသိုလ်Transferပုံစံနှင့်Paris နှင့် England မှDesign အထူးပြု
မေဂျာတန်းတွေနှင့်ဆေးတက္ကသိုလ်တွေ။
"ဒီမှာကြည့်Jae။Hyungစုံစမ်းထားတာ။ParisDesignInstitudeကနောက်လမှာPreparingတန်းစဖွင့်မှာအဲ့အတန်းတက်ရင်ဝင်ခွင့်ဖြေစရာမလိုဘူးတဲ့။ဒီအတန်းနဲ့Frenchပါတွဲတက်ရမယ်ထင်
တယ်။အခြေခံလောက်ပြောတတ်မှအဆင်ပြေမယ်ထင်လို့ French language Guideလည်း
စုံစမ်းထားတယ်။အဆောင်မှာနေရင်လည်းလိုက်သင်ပေးတယ်တဲ့"
Hyungပြောသမျှကိုဘာဆိုဘာမှမတုံ့ပြန်ဖြစ်ပဲစကားပြောရင်တောင်နစ်ဝင်သွားတတ်တဲ့သူ့ပါးချိုင့်တွေ
ထဲမှာသာအမြင်အာရုံကြောတွေတွယ်ကပ်နေသည်။သူကတော့စိတ်ပါလက်ပါနဲ့ရှင်းပြဆဲ
"ဒါကLondonRoyalMedicalCollageတဲ့။မင်းတို့Seouluniversityနဲ့ချိတ်ထားတဲ့Programsတွေရှိတယ်။Professorရဲ့ထောက်ခံစာနဲ့တက်လို့ရတယ်။Jaeဘာတက်ချင်လည်းမသိသေးလို့Design
ရောMediacalကောစုံစမ်းထားတာ။ဆေးလိုင်းပဲပြန်တက်ချင်တယ်ဆိုလည်းDesignကို Post
Diplomaအနေနဲ့တက်လို့ရတဲ့Private Universityတွေလည်းရှိတယ်။မင်းပင်ပန်းမှာ
စိုးပေမဲ့ စိတ်ပါရင်လုပ်ကြည့်လို့ရအောင်။နှစ်ခုတွဲတက်မယ်ဆိုရင် Londonမှာကအဆင်
ပြေတယ်"
"ညဖက်မအိပ်တာဒါတွေစုံစမ်းနေလို့လား"
"အင်း။မင်းကျောင်းပြန်တက်ရမယ်လေ"
ခပ်တိုးတိုးပါ။ငိုချင်လာပြန်သည်။ဘာလို့များဒီလောက်ထိ။Jaeအကြောင်းတစ်ခုဆို
တစ်ခုမှမသိဘဲJaeအားအဖေတစ်ယောက်လို။ပြောမယ်ဆိုအဖေတစ်ယောက်ထက်ပင်ပိုနေပါ
သေးသည်။ Appaကသူဖြစ်ချင်တာတွေကိုသာစီစဉ်ခဲ့ပေမယ့်အခုသူကတော့Jaeဖြစ်ချင်တာကို
သာအဆင်အပြေဆုံးဖြစ်နေရန်ဘက်ပေါင်းစုံမှစဉ်းစားပေးနေသည်။
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.