လေဆိပ်ဆင်းခါနီးမှSuho hyungက Shootingမှကတိုက်ကရိုက်နှင့်ပြန်လာပြီး
Jaeနှင့် Xing Hyung တွက်လက်ဆောင်တွေနှင့်အမေအိမ်မှာသွားယူလာသောကင်ချီဗူးတွေပါ
ပေးတော့Jaeအလိုလိုမျက်ရည်ဝဲရသည်။
"감사합니다수호형" [ကျေးဇူးတင်ပါတယ်Suho hyung]
"ရပါတယ်Jae ya။Hyungတို့ကမင်းကိုလဘ်ထိုးတာ။Wuri CEOကိုဂရုစိုက်ပေးပါ
ပြောစကားနားမထောင်လည်းHyungကိုဖုန်းဆက်သိလား"
"Naee"
Suho hyungကိုပြောပြီးXing Hyung ကိုလည်း "ကြားတယ်နော် "ဟူသောပုံစံနှင့်မော့
ကြည့်တော့ခေါင်းကုတ်ပြီးမျက်နှာလွှဲသွား သည်။ သိုးဖြူ ပေါက်လည်။
shottingရှိနေကြသောSehunနှင့် Chanyeolမှလွဲရင်လူစုံနေသည်။
အားလုံးကတစ်ယောက်တစ်မျို းမှာတမ်းခြွေနေကြစဉ်Kyung sooကတော့Jaeကို
ပင်ကြည့်နေ၍နေရင်းကကျောတွန့်လာရသည်။ အကြည့်လွှဲကမှJong Dae Hyungနှင့်တည့်
တည့်တိုး၏။ကျားရှေ့မှ...
အတွေးမှမဆုံးသေးမပြောမဆိုနှင့်လာပွေ့ဖက်၏။ဖွဖွလေးပေမယ်လို့်Jaeအသက်တောင်ရှုမရ။
မရှုရဲဘူးဆိုပါကပိုမှန်မည်။
"Jae!!Yi Xing hyungကိုဂရုစိုက်ပေးနော်။ တကယ်တော့Healing powerကမင်းမှာရှိ
နေတာ။မင်းသိတယ်မလား"
ခပ်တိုးတိုးကပ်ပြော၍ဘယ်သူ့မှ မကြားလိုက်။ယောင်ယောင်အမှားမှားနှင့်
ခေါင်းသာတွင်တွင်ညိတ်လိုက်မိ၏။
သူကတော့စူးစမ်းသလိုကြည့်နေပေမယ့်ဘာမှတော့ဝင်မပြော။Jong Dae Hyungက
နှုတ်ခမ်းထောင့်စွန်းလေးမှကွေးညွတ်သွားသည်အထိပြုံ းပြရင်းခေါင်းညိတ်ပြသည်။
ဒါ...ဒါလဲ။ Mijaeကိုအနီးကပ်တွေ့ဖူးခဲ့သူကJong Daeလေ။သူ...သူမှတ်မိနေတာတော့
မဟုတ်လောက်ပါဘူးနော်။
"ကဲ Manager hyungစောင့်နေတယ်။သွားကြတော့"
"Naee!!Chinaရောက်ရင်အိမ်ကိုဝင်ခဲ့ပါနော်"
Jae၏ဖိတ်ခေါ်မှုကEXOတွေအတွက်ဟာသလေးဖြစ်သွားသည်။
"ဟုတ်ပါပြီ jaeရေ။လာရင်ပေါင်းတင်ပေးအုံးနော်"
ဒီတစ်ခါရယ်တာJaeပါ
"Naee Baekhyun hyung"
ပစ္စည်းတွေတင်ပြီးတာနဲ့Hyungကိုကားပေါ်အရင်တက်ခိုင်းလိုက်သည်။အိမ်ရှေ့ထိလိုက်
ပို့ကြသူများကိုခါးညွှတ်အရိုအသေပေးရင်း
"ဒီအတောတွင်းစောင့်ရှောက်ပေးခဲ့လို့Hyungတို့ကိုကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကားဆိုတော့အားလုံးတပြုံ းပြုံ း။
ကားတံခါးဆွဲဖွင့်စဉ်"ခဏ" ဟူသောတားမြစ်သံဖြင့်ရုတ်တရက်ထွေးပွေ့ခံလိုက်
ရ၍သွေးခုန်နှုန်းတွေအစုံအဆန်မှားသွားရသည်။တစ်ချိန်ကုန်စူးစမ်းသလိုကြည့်နေ
ခဲ့ပြီးမှခုတော့ရုတ်တရက်ကြီးထွေးပွေ့လျက်
"အရာအားလုံးအတွက်ကျေးဇူးတင်တယ်။ မင်းပင်ပန်းနေတယ်ဆိုတာသိပေမယ့်Yi
Xing Hyung ကိုဂရုစိုက်ပေးပါ"
ပြောနေရင်းမှကျောပြင်ကိုလည်းကလေးတစ်ယောက်ကိုအားပေးနှိမ့်သိမ့်သလို
ခပ်ဖွဖွလေးပုတ်ပေးနေသေး၏။လက်သေးသေးလေးတွေပေမယ့်လို့နွေးထွေးမှုကို
ခံစားရသည်။
"Naee!!Kyung soo Hyung"
"Wow Kyung sooဒီလိုရင်းရင်းနှီးနှီးပွေ့ဖက်တယ်ဆိုတာရှားတယ်နော်။Jaeမင်း
ကတော့မှတ်တမ်းတင်ထားရမယ်"
Baekyhyun hyung၏ခပ်မြူ းမြူ းပြောကိုKyung sooကခပ်တည်တည်ပြန်ကြည့်သည်။
"သွားတော့။မင်းကိုယ်မင်းလည်းဂရုစိုက်" Heart-shaped lipတွေပီပီပြင်ပြင်ပေါ်
အောင်ပြုံ းလျက်ပြောနေသောKyung soo Hyungကိုခေါင်းညွတ်အရိုအသေပေးပြီး
ကားပေါ်မှနေ၍မျက်လုံးပေကလက်ပေကလက်နှင့်ကြည့်နေသူအား
"Hyungဟိုဘက်တိုး" ဟု ပြောရသည်။ တိုးပေးရှာပါသည်။
အဲ့လိုပုံစံတွေကလေ ဟင်း...မပြောတော့ဘူး။
***
"Wow Fansite masternimတွေတော်ချက်HQတွေချက်ချင်းတက်တယ်ကြန်"
ဘေးမှဖုန်းကိုပွတ်ဆွဲရင်းမှ သူ့ကိုပြသည်။ Fanမဟုတ်ဘူးသာပြောသည်ဒီကလေးက
Fanတွေပြောသမျှ အကုန်ပြောတတ်သည်။
"တွေ့လားဒီနေ့ပုံတွေလှတယ်။အားးးးဒါကြီးကအနီးကပ်ကြီးပဲ။Dimplesတွေ Daebaek!!!"
လေယာဉ်ပေါ်အသံမျို းစုံထွက်နေ၍
"Jae yahh တိုးတိုးပြောပါ။" ဟု သတိပေးတော့မှဟီးခနဲတစ်ချက်ရယ်ပြသည်။
"Miyan!!ဘာပဲပြောပြောHyungဒီနေ့လှနေတာကျွန်တော်ကြောင့်။ဟိုဘက်ရောက်
ရင်လည်းအဲ့လိုပဲနေနော်။အိပ်မငိုက်နေနဲ့။"
"Arlarsaw"
"ဒါနဲ့Hyungအတွက် ရိုးရာအနှိပ်ဆရာခေါ်ထားပေးတယ်သိလား။အိမ်ကိုလာလိမ့်မယ်"
"Wae? Hyungဘာမှမဖြစ်တာ"
"ဘာ...ဘာမှမဖြစ်ဘူးလဲ? Hyungမနေ့ကPractice roomထဲမှာချော်လဲထားသေး
တယ်လေ။ပြီးတော့ပွဲသုံးပွဲဆက်တိုက်ကထားတာ။"
"ဒီအတိုင်းကြမ်းခင်းချောနေလို့Slipဖြစ်သွားတာပါ။နာလည်းမနာပါဘူး"
"နာ နာ မနာနာဂရုတော့စိုက်ရမယ်။"
"ဒါဆိုမင်းလည်းလုပ်လေ"
"ဘာကိုလဲ"
"မင်းလည်းအနှိပ်ခံပါလား။အတူတူအနှိပ်ခံရအောင်"
"ဘ...ဘာလို့အနှိပ်ခံရမှာလဲ"
ရှက်သွားတာလားမသိချက်ချင်းဆိုသလိုမျက်နှာတွေရဲလာသည်။ Jaeပုံစံလေးက
သူ့ကိုပို၍စနောက်ချင်လာအောင်စေစားနိုင်၏။
"ဘာဖြစ်လဲ ။ ယောကျာ်းလေးချင်းချင်းပဲဟာမင်းကိုကြည့်နေတာကြာပြီ။မင်းမနက်
hyungနဲ့ထပြေးတာကလွဲလို့ဘာအားကစားမှကိုမလုပ်တာ။အားကစားလေးဘာလေး
လုပ်ပါ။"
"အာ...မလုပ်ချင်ပါဘူး။"
"အဲ့ဒါကြောင့်မင်းလူကောင်လေးသေးနေတာ။မင်းမှာMusclesတွေဘာတွေမရှိဘူး
မလား ။ ပြစမ်းပါအုံး"
ရှုသိုးသိုးနဲ့ပြန်မော့ကြည့်လာပုံက သူ့ကိုရယ်မောစေသည်။
"မင်းလည်းနှိပ်ခံနော်။မင်းကြည့်ရတာအကြောတွေတင်းနေပုံပဲ"
ရယ်နေရင်းမှ နှိပ်မည့်အကြောင်းပြန်ဆက်ရင်းဂုတ်ပိုးပေါ်သို့သူ့လက်ချောင်းတွေ
ရောက်လာကာဇက်ကြောလာဆွဲနေပြန်၏။
"Yahh Hyung ဘယ်လိုဖြစ်နေတာလဲ။နာတယ်ဗျ။လွှတ်ဗျာ"
Xing လက်တွေကိုဆွဲဖယ်ရင်း Jae က ဘုကြည့်ပြန်ကြည့်တော့ သူ့မျက်နှာကိုလက်နှင့်အုပ်ကာ
တခစ်ခစ်ရယ်နေပြန်သည်။ Xing နားဆက်နေရင် six packsရှိလားဘာညာဆိုပြီးလာ
လှန်နေမှပြသနာ။ပြောမရဘူးသူတို့တွေကလုပ်တတ်သည်။ တော်ပြီသူ့နားဆက်
နေလို့မဖြစ်တော့ဘူး။ Jae ကိုယ့်အတွေးနဲ့ကိုယ်ရှောင်ဖယ်တော့လည်းမရ။
"ဘယ်သွားမလို့လဲ Jae"
"Manager hyungကိုScheduleတွေသွားမေးမလို့။ခဏအိပ်ချင်အိပ်နေလေ"
ရှက်ရဲရဲနေသောမျက်နှာဖြစ်နေတာတောင်ဆရာကြီးစတိုင်ရအောင်ဖမ်းနေသောကောင်လေးကို သူ
လွှတ်ပေးလိုက်ပါသည်။ အနားကပျောက်သွားသည်နှင့်သူ့ပါးချို င့်တွေလည်းပျောက်သွားရသည်လေ။
မင်းနားရှိနေရင်ကိုပျော်နေတာလား။ အနားမှာရှိနေတဲ့မင်းကိုပျော်နေတဲ့ပုံပဲပြချင်တာလား။
သေချာတာကမင်းအနားမှာရှိမနေရင်အနာဟောင်းတွေပြန်ပေါ်လာတတ်တာ။
ငါမငိုချင်ဘူးအထူးသဖြင့်မင်းရှေ့မှာ။
ပြန်ရောက်ရောက်ချင်းအနားမရပါဘူး။ Photo shootingဆီတန်းပြေးရ။ သူသာ ပင်ပန်းသည် မဟုတ်
အမှန်ဆိုJaeလည်းပင်ပန်းတာပါပဲ။Stylist ဖြစ်ချင်နေတယ်ဆိုတာကိုသိသွားပြီးသည့်နောက်Stylist
Noonaတွေကပညာသင်ပေးဟန်ဖြင့်တောက်တိုမယ်ရအကုန်ခိုင်းတော့သည်။
ပင်ပန်းနေတာသိ၍တားချင်ပေမယ့်ချွေ းတွေကြားပြုံ းနေတာမြင်ရတော့လည်းသူစိတ်
ချမ်းသာနေတာပဲလေဆိုပြီးလွှတ်ထားပေးသည်။ဘာပဲဖြစ်ဖြစ်သူ့ကွယ်ရာတော့
Noonaတွေကိုတော့ပြောထားရမည်။ Jae ကိုသိပ်မမောင်းဖို့ပေါ့။အိမ်ပြန်ရောက်တော့
ရိုးရာဆရာကရောက်နှင့်နေသည်။
သူ အနှိပ်ခံနေတာကို Jae က ဒီအတိုင်းကြည့်နေသည်မဟုတ်။ ဘေးကပွစိပွစိနှင့် တတွတ်တွတ်
ပြောနေသေးသည်။
"သဲအိတ်တွေနဲ့လေ့ကျင့်ခဲ့မှတော့ဖြစ်ပြီပေါ့...အမှန်တော့ဆယ်ကျော်သက်ဆိုတာအရိုး
တွေကနုနေသေးတာကို။ SMက trainersတွေကလည်မတားတာအံ့သြတယ်။ကြည့်
နေပါ။Hyungတို့Come backလာရင်သူတို့နဲ့တွေ့မှာ။ပြောအုံးမှာကျွန်တော်။မတားခဲ့တဲ့
သူတို့ကို။"
Xingစိတ်ထဲ ဘေးမှာManager hyung မရှိနေတာ တော်သေးသည်ဟု တွေးမိသည်။
အနှိပ်ဆရာကလည်းKoreanမဟုတ်တော့ စကားပေါက်မှာတွေးမပူရ။
"Jae yahh မင်းဆူရင်ငါ့ကိုဆူရမှာဆရာတွေနဲ့ဘာမှမဆိုင်ဘူး"
"နေပါခုHyungကိုလည်းပြောနေတာ။ကျွန်တော်ရှိနေတုန်းအဲ့လိုအပေါက်မျို းတွေလုပ်
ကြည့်။ခုကြည့်စမ်းအသက်ကလေးမှ၂၀ကျော်လေးပဲရှိသေးတယ်။ခါးကနာနေပြီ။
အသက်ကြီးရင်ဖြစ်လာမယ့်ဒဏ်တွေ Zhang Yi Xingခင်ဗျားအတွက်ရင်လေးတယ်"
"မင်းကိုလည်းငါရင်လေးတယ်။အသက်လေးမှ၂၀မကျော့််ချင်သေးဘူး။ပွစိပွစိ
ပြောနေတာမင်းငါ့အရွယ်လောက်ဆိုအဘွားအိုပေါက်စဖြစ်နေမှာ"
"ဘာအဘွားအိုပေါက်စလဲ။ ယောကျာ်းလေးကိုအဘွားအိုနဲ့နှိုင်းစရာလား ။ တော်ပြီ
Hyungကိုက ပြောမကောင်းဆိုမကောင်း"
"လာနှိပ်ခံမလား"
စိတ်ဆိုးသွားသောကလေးကိုထပ်စရတာက ပျော်ဖို့တော့ကောင်းတယ်မဟုတ်လား။
သူAirplaneပေါ်မှကိစ္စကိုပြန်အစဖော်တော့
"တော်ပြီ။ဆရာကြီးကိုမေးပေးကြည့်ပါ။အင်္ဂလိပ်လိုပြောတတ်လားလို့..."
အင်...ကျွန်တော်ကပဲသူ့စကားပြန်လိုလို။
"မပြောတတ်ဘူးတဲ့။မင်းဘာပြောမလို့လဲ"
"အဲ့နှိပ်တာအခြေခံသင်လို့ရမလားလို့။"
"ဘာ...ဘာလို့သင်မှာလဲ"
"Hyungကိုညတိုင်းနှိပ်ပေးမလို့"
MG!!-ကျောထဲစိမ့်ခနဲရယ်။ကိုယ်တော်လေးကတော့ခပ်တည်တည်ရယ်။သူက
ဘာလို့ရုတ်တရက်ကြက်သီးတွေထလာတာလဲနော်။
"မေးပေးစမ်းပါHyungရာ။သူများညကြီးမိုးချု ပ်ခေါ်နှိပ်ခိုင်းရတာအားနာစရာ။
အခုကြည့်တော့သိပ်လည်းမခက်ပါဘူး"
မကောင်းတတ်လို့မေးပေးကြည့်တော့အဖြေကWelcomeဖြစ်နေသော်လည်း
"မ...မရဘူးတဲ့။မင်းထင်သလောက်မလွယ်ဘူးတဲ့။သင်တန်းချိန်ကရှိပေမယ့်မင်းတက်လို့အဆင်မပြေလောက်ဘူးတဲ့"
"မဟုတ်သေးဘူးနော်။သူပြောတာအဲ့လောက်မရှည်ပါဘူး"
သေလို့ရနေပြီZhang Yi Xing ရေ...လို့သာ စိတ်ထဲကြုံးအော်မိတော့သည်။ နောက်ကြုံ
ရင်ဒီကလေးIQကိုစစ်ပေးထားရမယ် ဟုလည်း တွေးမိသေး။
***
Xing တကယ်နှစ်နှစ်ခြို က်ခြို က်အိပ်ပျော်သွားပြီးမှနိုးလာသည်။အရင်လိုအိပ်မက်ယောင်နေ
ခြင်းမျို းမဟုတ်ပဲ ခြောက်ကပ်နေသောလည်ချောင်းကိုလည်းအာရုံခံမိသည်။တိုင်းရင်း
ဆရာကြီး၏ပညာတော်အဟုန်ကြောင့်နှစ်ခြို က်စွာအိပ်ပျော်စေသည်။
သူ့တစ်ကိုယ်လုံးပေါ့ပါးနေသည်မှာရေနွေးသေချာစပ်ပေးခဲ့သောကျေးဇူးရှင်လေးကြောင့်
အွန်! သူ ခုတင်ကိုအလျားလိုက်ကြီးဖြတ်အိပ်နေတာပဲ။လက်ကောက်ဝတ်
မှဖဲကြို းကိုသတိရ၍ကြည့်မိစဉ်သူ့ရင်ထဲဆို့သွားရသည်မှာ~~~
ခေါက်ခုတင်သေးသေးလေးပေါ်တွင်သူ့လက်နှင့်တွဲဆက်ထားသောလက်လေး
တစ်ဖက်ကဖဲကြိုးနှင့်အတူအောက်သို့ပြုတ်ကျလျက်။ ငြိမ်ငြိမ်သက်သက်မအိပ်တတ်သောသူ
၏လှုပ်ရှားမှုအလိုက်တွဲချည်ထားသောလက်သည်လည်းရွေ့နေမှာပဲလေ။တစ်ခါ
ပုံစံပြောင်းတိုင်း Jae မနိုးဘဲနေမလား ။ နိုးလာတိုင်းလည်းခုလိုပြန်အိပ်ပျော်မှာတဲ့လား။
Heaterဖွင့်ထားပေမယ့်လ့ိုစောင်ကင်းလွတ်နေသောလက်လေ်းတစ်ဖက်ကအေးမနေဘူးတဲ့လား။
ဒီလိုညတိုင်းဖြစ်နေခဲ့တာတောင်မနက်လင်းသူနိုးလာသည်နှင့်
"အိပ်ရေးဝရဲ့လားHyung" ဟုမေးလျက်ကားပေါ်တွင်အိပ်ရန်ဆော်သြခဲ့သူကိုယ်တိုင်
ကတော့...အိပ်ပျက်ညဘယ်နှစ်ညကိုကျိတ်မှိတ်သည်းခံခဲ့ပါသလဲ။
ကြမ်းပြင်ပေါ်ရောက်နေသောလက်သေးသေးလေးကိုအသာပြန်တင်ပေးရင်းစောင်
ပြန်ခြုံ ပေးတော့ ခန္ဓာကိုယ်လေးကပုစွန်တုပ်ကွေးကွေးသွားသည်။Flower Boyလေး
တစ်နေကုန်သူ့ကိုပွစိပွစိလုပ်ခဲ့တာများလို့လားမသိခုအိပ်နေရင်းတောင်နှုတ်ခမ်းပိစိ
လေးနှစ်ခုကပွစိပွစိနှင့်။
နဖူးပေါ်ဝဲကျနေသောဆံပင်ပျော့ပျော့များကိုသပ်တင်ပေးရန်လက်လှမ်းပြီးမှပြန်ရုတ်မိ
သည်။တုန်ယင်နေတာကရောအဘယ့်ကြောင့်ပါလဲ။
ရေဆာလို့နိုးလာပါသော်လည်းခုချိန်ရေမဆာတော့တာကရောအဘယ့်ကြောင့်။
ငေးကြည့်နေမိရုံနှင့်စိတ်အစဉ်ငြိမ်းအေးနေသည်မှာအဘယ့်ကြောင့်...
ESTÁS LEYENDO
Healing
FanficThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.