BEAUTIFUL BUTTON

194 16 0
                                    



"Yi Xing!!"
"ပြောလေHyung!"
"Yi Xingအတွက် အနားမှာတစ်ယောက်လောက်ခေါ်ထားမယ်ဆိုရင်မိန်းကလေးဆိုလည်း
မဖြစ်ဘူးလား"
"အာ...တစ်အိမ်တည်းနေဖို့ဆိုမိန်းကလေးကဘယ်ဖြစ်မလဲ။ယောကျာ်းလေးပဲခေါ်ပေး
ပါ။ခုနောက်ပိုင်းယောကျာ်းလေးStylishတွေများနေပြီပဲ"
Manger hyungခေါင်းကုတ်နေသည်။ သူလည်းသိသည်။ယောကျာ်းလေးStylistအသစ်တွေကို debutမယ့်ကလေးတွေအတွက်ခံထားပြီးပြီလေ။လက်ရှိNoonaတွေကလည်းသူကိုတစ်နေ့လုံးအချိန်မပေးနိုင်Dutyပြီးတာနဲ့ပြန်ကြတာဆိုတော့
"နေပါအုံးhyung။ကျွန်တော့်အခြေအနေကအဆိုးကြီးမဟုတ်ဘဲနဲ့ဘာလို့ တစ်ချိန်ကုန်အ
နားနေပေးမယ့်လူခေါ်မှာလဲ"
"Yi Xingကျန်းမာရေးကိုစိုးရိမ်လို့။ခုနောက်ပိုင်းခါးကနာနေတာမလား။ ပြီးတော့မင်းက
ပေတယ်လေ။ဆေးတွေဘာတွေလည်းဂရုတစိုက်မသောက်တော့ကျန်းမာရေးကိုပါ
ဂရုစိုက်ပေးနိုင်မယ့်လူလိုအပ်တယ်လေ"
"အဲ့လိုStylistရှိလို့လား။ Hyungတွေ့ထားလို့လား"
"Arni။မသေချာသေးပါဘူး။ တစ်ကိုယ်ရည်ဂရုစိုက်ဖို့ရော Stylish နှစ်ခုစလုံးကျွမ်းကျင်သူက ရှားတယ်။ "
Manager မသိမသာYi Xingကိုဖျောင်းဖျ ကြည့်ပေမယ့်Yi Xingက ယောကျာ်းလေးကို
ပဲလက်ခံမည့်ဒီဇိုင်း။ဟိုကလေးမကလည်း Female Idolတွေပဲစိတ်ဝင်စားသူ။ Mijae
နဲ့သာဆိုYi Xingအဆင်ပြေမှာ။Mijaeကဆေးတွေဘာတွေလည်းနားလည်သလို။Yi Xing
တစ်ခုခုဖြစ်လည်းသူ့ဆေးပညာဗဟုသုတကဒီအတိုင်းပစ်ထားမှာမဟုတ်။
"အားဘယ်လိုလုပ်ပေးရမလဲဒီနှစ်ယောက်ကို..."
>>>>>>>®<<<<<<<
Seoulမြို့၏ ညရှုခင်းကရှုပ်ထွေးမှုနဲ့အရောင် စုံရောထွေးတက်ကြွနေသည်။Eunwoo
ကြောင့်စိတ်ညစ်ညစ်နဲ့တစ်ယောက်တည်းမက်ဂျ ူ သောက်မိလာတော့ခုနည်းနည်းထွေ
နေသည်။Eun wooရှေ့မာန်တင်းပြောလိုက်ပေမယ့်Appaရဲ့သြဇာသက်ရောက်မှုကို
Mijae အသိဆုံးပင်။
"တောက် မိုးကရွာလာပြန်ပြီ"
တဖြောက်ဖြောက်ကျဆင်းလာသောမိုးရေများကတဖြည်းဖြည်းမြန်ဆန်လာကာMijae
ကိုရွှဲသွားစေသည်။မိုးလွတ်ရာတစ်နေရာကိုအပြေးအလွှားရှာနေစဉ်လက်ကောက်ဝတ်
ကိုဖမ်းဆုပ်ခံလိုက်ရသည်။
"ဘာ...ဘာလုပ်တာလဲ"
"ဥက္ကဌကြီးအမိန့်ပါ"
"Appa?"
သံယောင်လိုက်ရင်းတိုးဝင်လာသောစိုးထိတ်မှုများနဲ့အတူနောက်မှသိုင်းဖက်၍ကားထဲအ
တင်းခေါ်သွင်းနေသော ဦးလေးကြီး၏ရှုးဖိနပ်ထိပ်ကိုဒေါက်အချွ န်နှင့်ဖိကြိတ်လိုက်
တော့နာကျင်မှုကြောင့်လက်မှအားများလျော့သွားသည်။Mijaeလည်းအခွင့်ကောင်း
ယူကာလျော့ရဲရဲဖြစ်နေသော လက်များကိုအားကုန်ကိုက်ခဲသည့် အခါ
"အားးးးး!" ဟူသောနာနာကျင်ကျင်အော်သည်းသံနှင့်အတူ Minjaeပခုံးပေါ်မှ သူလက်
များဖယ်ခွာလိုက်ရပြီ။
မိုးရေတွေကြားတုန်ယင်သောခြေလှမ်းများနှင့် Minjae ပြေးထွက်ခဲ့သည်။မှောင်ရိပ်ကျနေသော
ခေါင်မိုးစွန်းလေးအောက် ချမ်းလွန်း၍လား တုန်လှုပ်လွန်း၍လားမသိလက်တွေကတုန်
ယင်တုန်ကျဉ်နေပြီ။ Screenပေါ်တက်ထားသောEun wooပုံသေးသေးလေးကိုနှိပ်မိသည်။
JB ၏ That should Be Me Cozအပိုဒ်ကတထီထီမြည်နေမည့်ဖုန်းခေါ်သံကိုအစားထိုး
ထားခြင်းဖြစ်သည်။ဒါကလည်း Mijaeတစ်ယောက်တည်းအတွက်သီးသန့်ထည့်ပေး
ထားသော Waiting call.
JBအသံပျောက်သွားသော်လည်းEun woo၏ Wae Mijaeဆိုသည့်အသံပေါ်မလာ။
"ဘာလို့လဲ။ ဘာလို့ငါ့ဖုန်းကိုမကိုင်တော့တာလဲ"
ဒုက္ခတွေပဲကြုံ ကြုံ ပျော်စရာအဖြစ်အပျက်ကိုပဲမျှဝေမည်ပဲဖြစ်ဖြစ်Mijaeပထမဆုံးသတိရ
တတ်သူကEun wooသာ။ ကြောက်လန့်စိတ်တွေအားငယ်စိတ်တွေ ဝမ်းနည်းမှုတွေကြားမှ
ထွက်လာသောဆုံးဖြတ်ချက်တစ်ခုနဲ့အတူ နှိပ်လိုက်သောခေါ်ဆိုပြီးသားဖုန်းနံပါတ်တစ်ခု။
နောက်Mijaeအသိစိတ်တို့အမှောင်လောကတွင်နားခိုသွားခဲ့ပြီ။
"ဘယ်လိုနေသေးလဲMijae"
"Hae yar"
စိုးရိမ်စွာမေးလာသောသူငယ်ချင်းနာမည်ကိုခပ်တိုးတိုးသာခေါ်နိုင်ပြီး ပတ်ဝန်းကျင်
ကို ဝေ့ဝဲကြည့်တော့ Mijaeဆေးရုံခန်းတစ်ခန်းကိုရောက်နေပြီဆိုတာသိလိုက်ရပြီ။
"Mijaeနင်မနေ့ညကငါ့ခဲအိုကိုဖုန်းဆက်ပြီးမေ့လဲသွားတာ။နင်သွေးပေါင်ချိန်တွေအရမ်း
ကျနေတယ်။ပြီးတော့အဖျားလည်းရှိတယ်""
Yae Haeစကားကြောင့်Mijaeကိုယ့်ကိုကိုယ်တစ်ချက်ပြန်သုံးသပ်ကြည့်လိုက်သည်။
ဟုတ်သည်။ Mijaeအားအရမ်းနည်းနေပြီ။ နှုတ်ခမ်းသားတွေတောင်ရေဓာတ်ခန်းခြောက်နေ၏။
"Mijae"
အခန်းထဲရောက်လာသောYae Hae၏ခဲအိုကMijaeအခြေအနေကိုအကဲခတ်ကြည့်နေ၍
"Mijaeသက်သာနေပြီOppa။Mijaeဘယ်နေ့အလုပ်စလုပ်ရမလဲဟင်။ရတယ်Male
Idolတွေရဲ့ Stylistအဖြစ်လည်းလုပ်နိုင်တယ်။ Aboardသွားမယ့်လူဆိုပိုကောင်းတယ်။
Mijaeဒီနိုင်ငံကထွက်နိုင်မှအဆင်ပြေမယ်"
ရှိသမျှအားနဲ့တက်ကြွစွာ ပြောနေသောMijaeအား
"အင်းးးAboardသွားမယ့်တစ်ယောက်တော့ရှိတယ်။" ဟူ၍စဉ်းစဉ်းစားစားပြောလာသည်။
"Jinja?ရတယ်။ သူဘယ်သွားမှာလဲEUဘက်လားJapanလား။ သူသွားတဲ့နေရာ ဘယ်နေရာပဲဖြစ်ဖြစ် Mijaeလိုက်မယ်"
"သူကChinaမှာသွားနေရမှာ။အခုလောလောဆယ်သူ့အတွက်ပဲလူလိုနေတာ"
"အင်းChinaလည်းရတယ်။အဓိက က ဒီနိုင်ငံကထွက်ရဖို့ပဲ။"
"ဒါပေမဲ့...ခက်တာကသူက ယောကျာ်းလေးပဲသူ့အနားမှာထားချင်တာ။သူနဲ့တစ်ချိန်
ကုန်နေရမှာ။Companyကစီစဉ်ပုံအရဆိုတစ်အိမ်တည်းမှာအတူတူနေရဖို့များတယ်"
Mijaeငိုင်ကျသွားရသည်။တကယ်ကိုအလုပ်တစ်ခုရဖို့မလွယ်တာပဲ။အခုအလုပ်လေးတစ်
ခုတောင်...
"သူကဘာလို့ယောကျာ်းလေးပဲလိုချင်တာလဲ"
Mijae၏ ကောက်ခါငင်ကာအမေးစကားကြောင့်Oppaတစ်ချက်ကြောင်အပြီးမှ
"အင်း...ဒါကpersonalဖြစ်နေလို့ ပြောပြလို့မရဘူး"
"ဟိုလေ"
Mijaeပြောရမှာနှုတ်တွန့်နေသဖြင့်Oppaကပင်
"ပြောလေ" ဟုထောက်ပေးသဖြင့်မျက်နှာပူ၍မျက်လုံးမှိတ်လျက်ပင်မေးလိုက်မိသည်။
"ဟိုလေ သူက Homoတော့မဟုတ်ပါဘူးနော်"
"အာ...လုံးဝမဟုတ်ပါဘူးMijaeရာ။ယောကျာ်းလေးပဲခေါ်ထားမယ်ဆိုတာက
မိန်းကလေးဆိုသူ့အတွက်အဆင်မပြေလို့...သူကSolo သာ ခပ်တည်တည်နဲ့ကတာအ
ပြင်မှာတအားအရှက်အကြောက်ကြီးတာ။ ဒါကြောင့်တစ်အိမ်တည်းနေရမှာဆိုတော့
မိန်းကလေးဆိုအမြင်လည်းမတော်ဘူးလေ"
"Mijaeလုပ်မယ်"
"ဘယ်လို"
"ဟုတ်တယ်Mijaeလုပ်မယ်။Mijaeယောကျာ်းလေးလိုနေမယ်"
"ဟာ...မဖြစ်နိုင်ဘူးနော်"
"ဖြစ်နိုင်ပါတယ်။သူလုံးဝမရိပ်မိအောင်နေပါ့မယ်။နော် Mijaeကိုကူညီမှာ။Mijaeဒီမှာ
ဆက်နေရင်appaလက်ကလွတ်မှာမဟုတ်ဘူး"
မျက်ရည်ဝိုင်းလျက်ကြည့်နေသောကောင်မလေးစကားတွေကမဖြစ်နိုင်ချေ ရာခိုင်နှုန်း
တွေများနေပေမယ့် သူ့Idolအတွက် လိုအပ်နေသူဖြစ်နေပြန်တော့လည်း
"အင်းOppaစဉ်းစားကြည့်ပါ့မယ်။အခုတော့Mijaeနားလိုက်အုံး"
အခန်းလေးပြန်တိတ်ဆိတ်သွားသည်။
"ဘယ်အချိန်ရှိပြီလဲHae"
"9:30pm"
"ဟင်ဒါဆိုပြန်နားတော့လေ။နင်မနက်ဖြန်အလုပ်သွားရအုံးမှာမို့လား"
"ငါရပါတယ်။စောင့်ပေးပါ့မယ်"
"Arni ရတယ်။နင်ဟန်မပျက်အလုပ်သွားနေ။ဘာပဲဖြစ်ဖြစ်Appaလူတွေနင့်ကိုနောက်
ယောင်ခံလိုက်ရင်လိုက်နေမှာ။နင်နဲ့ငါအတူတူရှိနေတာသာသိရင်ငါ့ကိုပြန်ခေါ်ကြအုံးမှာ။"
"အင်းနော်။ဒါဆိုငါအိမ်ပြန်နှင့်မယ်။နင်တကယ်ဖြစ်တယ်နော်"
"ရပါတယ်။ငါလည်းကောင်းနေပြီပဲ။ပြီးတော့ငါကဆေးကျောင်းသူပါဟ။ဆေးရုံကငါနေနေကျနေရာပါ"
"ဒါဆိုသွားပြီ။"
"အင်း...ဒါနဲ့လေ နင်လည်းoppaကိုဖျောင်းဖျပေးပါနော်။ငါတကယ်အလုပ်လုပ်ချင်လို့ပါ"
ထိုအခါ Haeက Mujaeရဲ့ပိုက်ထည့်ထားခံရသည့်လက်ကိုခပ်ဖွဖွလေးပုတ်ပေးရင်း
"အင်းပါ။ရမှာပါဟာ။ခုရက်ပိုင်းOppaကကောင်လေးတစ်ယောက်လောက်လိုချင်တယ်။ယုံရတဲ့လူ
လည်းမရှိဘူးဆိုပြီးညည်းနေတာ။နင်တကယ်ပဲယောကျာ်းလေးလိုနေနိုင်လို့လားMijae"
"ထွက်ပေါက်ကဒီတစ်ခုပဲရှိတာပဲလေဟာ။ တကယ်တမ်းနေရမယ်ဆိုရင်နေနိုင်ရမှာပေါ့"
အနီးကပ်ပေါင်းနေတဲ့HaeကMijaeဘယ်လောက်အလှကြို က်ကြောင်းအသိဆုံးမလား။
ခပ်ပါးပါးဖြစ်နေသောခန္ဓာကိုယ်လေးကိုလည်းအမြဲအားမရစွာ မိန်းမဆန်ဆန်ဆွဲ
ဆောင်မှုရှိချင်တယ်ဟု အော်နေကျMijaeအကြောင်းသူအသိဆုံး။
"အေးပါ။ဒါဆိုငါသွားပြီ။"
"Bye"
Haeထွက်သွားတော့Mijaeလူနာခန်းလေးတိတ်ဆိတ်သွားသည်။အတွေးထဲတွင်တော့
ဒွိဟမျို းစုံနှင့်ရှုပ်ထွေးနေဆဲ။အလုပ်လိုချင်လွန်း၍သာပြောလိုက်တာတကယ်တမ်း
ယောကျာ်းလေးတစ်ယောက်လိုနေရမယ်ဆိုတာMijaeအတွက်တော့စိန်ခေါ်မှုပင်။ပြီး
တော့Idolကကောမရိပ်မိနိုင်ဘူးတဲ့လား။ တစ်အိမ်တည်းမှာနေရောညပါနေဖို့အတွက်
အဲ့Idolကဘယ်လောက်ယုံကြည်စရာကောင်းလို့လဲ။ ဘာကိုယုံကြည်ပြီးတော့
Mijaeပြောလိုက်မိတာလဲ။ တစ်ခါမှတောင်မတွေ့ဖူးသေးတဲ့လူတစ်ယောက်အဆုံးစွန်ဆို
သူ့ဘယ်သူဆိုတာတောင်Mijaeမသိသေးပါပဲနဲ့။
တွေးတာများလွန်း၍ ခေါင်းတွေပူကာအသက်ရှုတောင်မဝချင်တော့။ဘေးခုံအပုလေးပေါ်မှနာရီကို
ကြည့်မိတော့ ညတစ်နာရီတောင်ထိုးနေပါပေါ့လား။
အခန်းတွင်းမွန်းကျပ်လာ၍Mijaeဆေးရုံအောက်ထပ်ကိုဆင်းပြီးကော်ဖီဖျော်စက်မှ
ကော်ဖီတစ်ခွက်လောက်ထိုင်သောက်နေလိုက်သည်။ညတစ်နာရီမို့အောက်ထပ်တစ်ခု
လုံးNurseတစ်ယောက်စနှစ်ယောက်စသာရှိသည်။သူတို့လည်းသူတို့အလုပ်နဲ့သူတို့မို့
အိပ်မပျော်၍ထွက်ထိုင်နေသောMijaeကိုအာရုံမရကြ။တိုက်ဆိုင်တာများဒီဆေးရုံကMijae
Practicalလာဆင်းနေရသောဆေးရုံပင်။
ကြည့်မည့်သူမရှိသော နံရံကပ်TVရှိရာသို့Mijaeအာရုံပို့လိုက်သည်။ ဆေးရုံမှာ
Music Channelကြီးလာဖွင့်ထားသည်။ထုံးစံအတိုင်းKpopသီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်
လာနေသည်။ယခုလအတွင်းHotဖြစ်နေသောMVတွေဆိုပဲ။Idol gpတွေရဲ့ နာမည်
တွေဆိုင်ရာLogoတွေ အနည်ဆုံး၅ယောက်ရှိနေသောအဖွဲ့တွေ။ကြည့်ရင်းမူးလာသလိုလို
Fashionတွေကလည်းသီချင်းကပေးချင်သောconceptကိုလိုက်၍အလန်းစားတွေ။
နောက်ထပ်MVတစ်ပုဒ်။သူကစစချင်းတွေ့နေကျကဲ့သို့group လိုက်ပေါ်မလာဘဲကားအဖြူ တစ်
စီးသာအရင်ဝင်လာသည်။စုပ်လုံးစုပ်ထားသောအထာကျကျဒီဇိုင်းနဲ့တစ်ယောက်ဆင်း
လာပြီးမှအောက်ကပေါ်လာသောစာတန်းကြောင့်Mijaeခါးမတ်သွားသည်။ Exoဆိုပဲ...
သူတို့Fashionတွေထက်တစ်စုံတစ်ယောက်ကိုသာလိုက်ရှာနေမိသည်။ဟော
ထွက်လာပါပြီ။သူကအနက်ရောင်နဲ့လိုက်သားပဲ။ခန္ဓာကိုယ်ကလည်းပျော့ပျောင်းနေဟန်။Chineseမို့်
ကိုရီယားလို သီချင်းဆိုတော့သူ့အသံကနားထဲတစ်မျို းလေးဖြစ်နေသည်။
သီချင်းတစ်ပုဒ်လုံးCall Me Babyဆိုတာသာသတိထားမိတာသူ့လှုပ်ရှားမှုတွေအောက်
Mijaeမျောပါသွား၍ပါ။အရင်လိုFashionတွေကိုလေ့လာနေမိတာမျို းမဟုတ်ဘဲ သူ့ကို
သာလိုက်ကြည့်နေမိသည်။Cameraမြင်ကွင်းထဲသူပါမလာရင်လိုက်ရှာနေမိသည်။
အကောင်းဆးုံူEnding postတစ်ခုနဲ့အဆုံးသတ်သွားတော့နှာခေါင်းဝဝင်လာသည့်
ကော်ဖီနံ့ကိုပြန်ခံစားမိသည်။
နောက်တစ်ပုဒ်လာနေပေမယ့်Mijaeမကြည့်ဖြစ်တော့။အေးစက်စက်ဖြစ်နေသောကော်
ဖီကိုOne shotမော့သောက်ရင်းဓာတ်လှေကားဆီသို့သာပြန်လာခဲ့သည်။ပိတ်နေပြီဖြစ်
သောဓာတ်လှေကားတံခါးကြားထဲဝင်လာသောလက်တစ်ဖက်။
ဟင်!!အံ့သြမဆုံးခင်လေးမှာပင်ဝင်လာကြသောယောကျာ်းသားတွေ။
တိတိကျကျဆို၈ယောက်။
သူတို့လည်းပြူ းကြောင်နေသောMijaeကိုတွေ့တော့တန့်သွားကြပေမယ့် ပိတ်ရပ်နေ
သောနှစ်ယောက်နောက်မှဘယ်သူတွန်းလိုက်သည်မသိအရှပ်ရှည်ရှည်နှင့်တစ်
ယောက်ကအထဲရောက်လာပြီးနောက်အားလုံးစုပြုံ ၍ဓာတ်လှေကားထဲရောက်လာကြ
သည်။Emergencyအတွက်သုံးသောဓာတ်လှေကားမဟုတ်သည့်အတွက်လူကိုး
ယောက်အတွက်တော့ကျပ်သိပ်နေတာမျို းမဟုတ်ပေမယ့်ချောင်နေတာမျို းလည်းမ
ဟုတ်။နောက်မှာကြောင်အကာရပ်နေသော်MijaeအားMarkအဖြူ ရောင်တပ်ထားသော
တစ်ယောက်ကဖြတ်ခနဲလှည့်ကြည့်ပြီးChineseလိုတစ်ခုခုပြောလိုက်သည်။
သူဘာပြောလိုက်သည်မသိပေမယ့်ရှေ့မှလေးယောက်လောက်ကMijaeကိုလှည့်ကြည့်ကြ
ပြန်သည်။အခုမှကြည့်မိသည်သူတို့အားလုံးကMarkတွေနဲ့။အဲမပါတဲ့တစ်ယောက်
တော့ရှိသည်။ခပ်သေးသေးသူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံအရအားလုံးနဲ့ယှဉ်ရင်က
လေးလေးတစ်ယောက်လို။
သူကတော့ခေါင်းစွပ်အနွေးထည်အနက်ရောင်ကြောင့်သူ့မျက်နှာကမှောင်ရိပ်ကျနေသည်။
သူတို့တွေကဘာတွေလဲ။
ပြောပြန်ပြီတရုတ်လို။ဒီတစ်ခါနောက်တစ်ယောက်ပြောတာပါ။ ထိုအခါ Mijaeဘယ်ဘက်ခြမ်းကညဖက်
ကြီးတောင်Eye linerတွေပြည့်နေသောမျက်လုံးပြို င်ရှင်က ဘာကိုသဘောကျသည်မသိ
တခွိခွိထရယ်သည်။
ဒီအခြေအနေကြီးကဘယ်လိုကြီးပါလိမ့်။ ဓာတ်လှေကားကလည်းဒီတစ်ခါမှပိုကြာ
နေသလိုပင်။ဒီအခြေအနေမှာသာမီးပျက်သွားရင်...အတွေးနဲ့အတူချွေ းပြန်လာသည်။
တီးတောင်ဆိုသည့်ဓာတ်လှေကားပွင့်သံကကယ်တင်ရှင်ဆင်းလာသံလိုပင်။Mijae
ဘာမှစဉ်းစားမနေရှေ့မှကွယ်နေသောသူများကိုတွန်းဖယ်ရင်းအတင်းတွန်းထွက်လာမိ
သည်။ကိုယ့်အခန်းရှိရာသို့ခပ်သုတ်သုတ်လျှောက်လာစဉ် ဟင်!!နောက်ကခြေသံတွေ
အများကြီး။ဒါဆိုဟို၈ယောက်ပဲလား။
ဘာမှတွေးမနေတော့ဘဲ ခြေလှမ်းတွေကိုပို၍အရှိန်တင်ကာ အခန်းထဲအမြန်ပြေးဝင်၍
lockချပြီးသည့်တိုင်Mijaeနှလုံး ခုန်သံပုံမှန်ပြန်မဖြစ်သေး။အခန်းရှေ့ ရောက်လာသော
ခြေသံများ။ဟင်!!Mijaeနောက်လိုက်လာကြတာလား။Appaလူတွေလား။ တိတ်ဆိတ်
သောစင်္ကြန်တစ်ယောက်စကားသံခပ်အုပ်အုပ်တွေထွက်လာသည်။ ဘာတွေပြောနေကြမှန်းတော့
မသိ။ အသံတွေ တဖြည်းဖြည်းဝေးသွားမှ Mijae လည်း အသက်ဖြောင့်ဖြောင့် ရှူနိုင်တော့သည်။
"ဘာလဲဟ။ငါတို့ကိုမသိတာလား"
"ကျွ န်တော့ကိုတောင်တွန်းဖယ်သွားသေးတယ်"
"ငါ့ခြေထောက်တောင်အနင်းခံလိုက်ရသေးတယ်"
အငယ်ဆုံးလေးနှစ်ယောက်ရဲ့စူပွပွပြောသံကို Suhoသဘောတကျ ရယ်ဖြစ်သည်။
"ငါသေချာတောင်မတွေ့လိုက်ဘူး"
Chenကမကျေမနပ်ပြောတော့
"ကျွန်တော်ပြောတုန်းကတော့လှည့်မကြည့်ပဲ။ဘာလဲChineseလိုနားမလည်လိုက်လို့
လား။ကျွန်တော့်Skillတိုးတက်လာပါပြီ" ဟု Sehun က ဂုဏ်ယူဟန်လုပ်ပြီးပြောသည်။
"Fanမဟုတ်ဘူးလို့မင်းပြောလိုက်တာငါသိပါတယ်Sehunရာ။လှည့်ကြည့်တာပဲ
Chanyeolနဲ့ မင်းကွယ်နေတာနဲ့မတွေ့လိုက်ရတာ။အခုတလောငါတို့Fanမဟုတ်တဲ့ကလေး
တွေပဲတွေ့နေရတယ်"
"Markတွေနဲ့မို့မမှတ်မိတာနေမှာပါChenရယ်"
Kyung soo၏ ခပ်အေးအေးစကားကိုBaekhyunကတခွိခွိထရယ်ပြီး
"မင်းမှMarkမတပ်ထားပဲ။မင်းလှည့်ကြည့်တော့ဟိုကအေးဆေးပဲ။ဘယ်လိုလေးလည်း
မသိပါဘူးကွာ"
"ဒီအခန်းပဲYi Xing တဲ့"
Minsoek Hyungနဲ့ဆော်သြမှုနဲ့အတူVIPခန်းထဲတပျော်တပါးကြီးဝင်သွားကြတော့
အသင့်စောင့်စားနေသောသူတို့CEOကပါးချို င့်လေးအဆုံးထိနစ်ဝင်နေသည်အထိပြုံ း
ကြို နှင့်နေပြီလေ။
"Hyung!!!"
"နေသာရဲ့လားYi Xing"
Suho hyungကထုံးစံအတိုင်းစိုးရိမ်ဟန်အပြည့်ဖြင့်မေးသလိုအငယ်လေးတွေက
လည်းသူ့အဖြေကိုစောင့်စားနေကြသည်။ အားလုံးMarkကိုယ်စီချွ တ်လိုက်ချိန်တွင်
ပင်ပန်းနေသောဟန်ပန်များကဖုံးကွယ်မရScheduleတွေပြီးတဲ့အချိန်အားလုံးအပြေး
လာခဲ့ဟန်။Make-upတွေတောင်မဖျက်ကြရသေး။Yi Xingတကယ် ဝမ်းနည်းဝမ်းသာ
ဖြစ်ရသည်။
Membersတွေစိတ်မပူစေရန်
"အင်းကောင်းနေပါပြီ။မင်းတို့ရောအဆင်ပြေရဲ့လား" ဟုပေါ့ပေါ့ပါးပါးပြန်ပြောဖြစ်သည်။
"အင်းပြေပါတယ်။"
Chanyeolကခပ်သွက်သွက်ပင်အဖြေပြန်ပေးသည်။
"Hyungခါးရောသက်သာလား"
စိုးရိမ်သောအကြည့်တို့ဖြင့်မေးလာသူKaiကိုသူကတစ်ဖန်စိုးရိမ်ရပြန်ပြီ။
"Kaiရောခြေထောက်အယောင်ကျသွားပြီလား"
"အင်းသက်သာသွားပြီ ။Hyungလည်းအရမ်းလေ့ကျင့်မနေနဲ့အုံး။"
"Arlaryo"
"ဒဏ်ရာလည်းမရစေနဲ့နော်"
အငယ်ဆုံးလေးကChinese skillတွေထုတ်ကြွားရင်းပေးလာသဖြင့်သူုလည်းChinese
လိုပင်ပြန်ဖြေလိုက်ရသည်။ Chenကတော့ဘာမှဝင်မပြောဘဲသူ့ကိုသာကြည့်နေသည်။
ဟိုနေ့ညကChenတကယ်လန့်နေမှာ။
"Jong dae ဟိုနေ့ညကဖြစ်သွားတာHyungတောင်းပန်..."
သူစကားမဆုံးသေး
"ဟာHyngကလည်းဒါတောင်ပန်စရာလား" ဆိုပြီးကရုဏာဒေါသဖြင့်ဝင်ဟန့်၏။
"ဟိုမှာဂရုစိုက်နော်။ပင်ပန်းရင်ပင်ပန်းတယ်ဆိုတာကိုသေချာပြောဘယ်သူ့မှအားမနာနဲ့"
Baekhyun၏ အပြောကို ခေါင်းသာညိတ်ပြလိုက်တော့Min soek hyungကဝင်၍
"ဒါနဲ့Manager hyungကတော့ကျန်းမာရေးစောင့်ရှောက်ပေးမယ့်တစ်ယောက်ခေါ်
ပေးမယ်ဆို" ဟူ၍ဝင်ပြောသည်။
"Stylistမဟုတ်ဘူးလား" ဟု Chanyeol ကသေချာအောင်ထပ်မေးသည်။
"မပြောတတ်ဘူး။ကျန်းမာရေးစောင့်ရှောက်ပေးမယ့်လူလို့ပြောတာပဲ"
"ကျွန်တော့်ကိုပြောတာတော့ဘေးမှာတစ်ချိန်လုံးနေမယ့်Stylistတဲ့"
"နေအုံးနည်းနည်းတော့လွဲနေပြီနော်"
Xing နဲ့ Minsoek hyungနှစ်ယောက်ကြားChenကစဉ်းစဉ်းစားစားဟန်ဖြင့်ဝင်ပြောသည်။
"Minsoek hyungရော ကျွန်တော်ကောကြားတာHyungကိုအနီးကပ်ကျန်းမာရေးစောင့်
့ရှောက်ပေးမယ့် လူ။အခု hyungပြောထားတာကStylistဆိုတော့။နှစ်ယောက်ခန့်ထား
မှာလား။တစ်ယောက်တည်းလား"
"အဲ့လိုလူမျို းရှိလို့လား။ ကျန်းမာရေးရောFashionပိုင်းရောလုပ်ပေးနိုင်မယ့်လူ"
Kyung sooစကားကြောင့် သူတို့အားလုံးစဉ်းစားသွားသဖြင့် ခဏတော့ငြိမ်သွားကြသည်။
ထိုသို့ငြိမ်နေကြစဉ်ရုတ်တရက်ကြီးChenထအော်၍အားလုံးလန့်သွားကြသည်။
"ဘာဖြစ်တာလဲHyungရာ"
Maknaeလေးပြောတော့မှ
"မဟုတ်ဘူးခုမှတစ်ခုသတိရသွားလို့။HyungသိလားHyungရဲ့ကြယ်သီးမနေ့က
မနက်ကCompanyရှေ့မှာProposeလုပ်ခံရတယ်သိလား"
"ကြယ်သီး!!"
Xing အစာအိမ် အချဉ်ဖောက်တဲ့နေ့ကကိစ္စကိုအသေးစိတ်မသိသူတိုင်းChenစကားကို
အံ့သြစွာတုန့်ပြန်သလို ကာယကံရှင်Xingသည်လည်းစိတ်လှုပ်ရှားသွားရသည်။
အသက်ကယ်ပေးသူ၏ သတင်းစကားကိုကြားရလို့သာမက Proposeဆိုသည့်စကား
ကြောင့်လည်းစိတ်ထဲဘာဖြစ်သွားမှန်းမသိ။
"ကြယ်သီးကဘာကြီးလဲ" Sehun အမေးကို
"ကောင်မလေးတစ်ယောက်။"
ဆိုသည့်Chenစကားနောက်မှXingကအိပ်မက်ယောင်နေဟန်ခပ်တိုးတိုးပြောမိသည်။

"bloody rose ကြယ်သီးလေးပေါ့" တဲ့။
ဟုတ်သည်။ အဲ့နေ့ကသူမှတ်မိ နေသည်ကနွေးထွေးတဲ့ကိုယ်ငွေ့နဲ့ Bloody rose ရောင်ဆံ
ပင်နွယ်နွယ်တွေ။
"သူကဘာလို့"
"Companyကတော့မဟုတ်လောက်ဘူး။အဲသူ့ကိုProposeလုပ်တဲ့ကောင်လေးကိုတော့
ကျွန်တော်မြင်ဖူးတယ်လို့ထင်တယ်"
သူနှင့် Jong Daeရဲ့စကားတွေကို ကျန်သူများက ဘာမှန်းညာမှန်းမသိပေမယ့်ပြူ း
ကြောင်ကြောင်လေးတွေဖြင့်ဘာလားဆိုပြီးနားထောင်နေကြ၏။
"Proposeလုပ်တယ်"
Yixing သေချာအောင် ထပ်မေးမိသည်။
"ဟုတ်တယ်အော်လိုက်တာအကျယ်ကြီးပဲ"
ဘာကြောင့်မှန်းမသိXingစိတ်တွေလေးသွားသလို။သိချင်လားဆိုတာကိုယ့်ကိုကိုယ်မသေ
ချာပေမယ့် မေးခွန်းတစ်ခုထပ်မေးမိသည်။

"သူလက်ခံလိုက်လား"
အသံတွေတော့မတုန်နေဘူးထင်ပါရဲ့။တုန်ရအောင်လည်းသူနှင့်ကဘာဆိုင်လဲလို့နော်...
"No။ဘာပြောလိုက်လဲတော့မသိဘူး။ပြီးတော့ သူငိုပြီးထွက်သွားတယ်"
"ငိုတယ်"
Xingငြိမ်ကျသွားသည်။
"နေကြပါအုံး။အခုပြောနေတာဘယ်သူ့အကြောင်းလဲ"
ငယ်ဆုံးလေးရဲ့အမေးကိုအားလုံးလည်းစိတ်ဝင်စားကြသည်လေ။
Xingကခပ်ပြုံ းပြုံ းလေးနဲ့ပင်
"ဟင့်အင်းသူ့အကြောင်း Hyung လည်းဘာမှမသိဘူး။"
"ဟာဘယ်သူများလဲလို့"!
ဒါအားလုံးတညီတညွတ်ထဲထွက်လာသံ။ ဟုတ်ပါသည်။ သူမကဘယ်သူမှမဟုတ်ပါဘူး
ပြန်တွေ့ရင်တောင်မမှတ်မိနိုင်ပေမယ့်ထိုနေ့ကစိတ်ခံစားချက်ကိုတော့သူမေ့နိုင်မှာမဟုတ်။သေလောက်
အောင်နာကျင်နေပေမယ့်သူမအကျီ ၤစလေးတစ်စကိုဆုပ်ကိုင်မိချိန်တစ်ခဏလေးမှာပဲထူးဆန်းစာွပင်
နာကျင်မှုတွေလျော့ကျသွားသည်။ဒီလိုဆိုသူပဲစိတ်ထင်တာလား ။ သူမကပဲတကယ်ကို
Healing Powerရှိနေတာလား။

HealingDonde viven las historias. Descúbrelo ahora