Untitled part

243 11 0
                                    



(Beijing)

တစ်ရက်တစ်ရက်ကုန်လွယ်လိုက်တာဟုလူအများစုပြောက ပြောကြသည်။ YiXing ယောက်တည်းအတွက်ပဲကမ္ဘာ့လည်ပတ်နှုန်းနှေးနေသလားဟုပင်ထင်ယောင်မှားမိ၏။ တစ်နေ့
တစ်နေ့မရပ်မနားဟိုဟိုဒီဒီသွားနေရတာတောင်နေ့ရက်တွေကမုန်းစရာကောင်းလောက်အောင်
ရှည်ကြာမြဲ။ သူ ချိုင်းနားနှင့် ကိုရီးယားကို အခေါက်ခေါက်အခါခါကူးသည်။ ပေးလာသမျှSchedule
တွေ။ခေါ်သမျှProgramတွေအကုန်သွားသည်။ ဒါမှသာလျှင် သူ့ကို Jaeနေ့တိုင်းမြင်နေမှဖြစ်မှာဟု သူတွေးမိ၍ဖြစ်သည်။ Jaeသူ့ကိုမဆက်သွယ်ခဲ့ပေမဲ့ဥပက္ခာပြုထားနိုင်မှာမဟုတ်ဘူးဆိုတာတော့သူသိ
နေသည်။ ဒါကြောင့်jaeမြင်ကွင်းထဲအမြဲရှိနေရန်Mediaတွေပေါ်ကသူ လုံးဝပျောက်သွားလို့မဖြစ်ဘူး။
ပင်ပန်းနေပြီလား။
ဆိုသည့် သတင်းမေးစကားတစ်ခွန်းရဖို့သူ နှစ်နှစ်နီးပါးအားလပ်ရက်မယူဘဲအလုပ်တွေလုပ်ခဲ့သည်။
သို့ပေမယ့် Jaeကပဲမြိုသိပ်စွန်းအားကြီးနေပြီလားပဲ။
အခုချိန်ထိJaeဆီမှသတင်းစကားတစ်ခွန်းတလေတောင်မကြားခဲ့ရပါဘူး။အခုဘာတွေလုပ်နေမလဲ။အရင်ဆိုJaeကသူ့အဖေလုပ်သည့်ပွဲတိုင်းကိုလှလှပပပါဝင်တတ်သည်ဟုDaeတို့Kyungsooတို့ကပြောပြ
ကြပေမယ့့််ခုခါတွင်တော့အရိပ်ကလေးတောင်မတွေ့ရတော့ပါ။အခုချိန်ဆံပင်တွေပဲရှည်နေပြီလား။သူနှင့် မတွေ့ခင်တုန်းကလို ဖက်ရှင် ကျကျနဲ့လှပနေပြီလား။သူဘယ်လိုနေနေမလဲ။ နေမ
ကောင်းဖြစ်နေချိန်ဘေးဘယ်သူမှမရှိရင်ငိုနေတတ်တုန်းလား။ Ommaဆိုပြီးယောင်ရမ်းငိုနေချိန်စိတ်ရှည်လက်ရှည်နဲ့ချော့သိပ်ပေးမယ့်လူရှိပါ့မလား။စာတွေလုပ်ရ
လွန်း၍စိတ်ညစ်နေပြီလား။အစားရောပုံမုန်စားဖြစ်ရဲ့လား။ နဂိုတည်းက Jae က အစားနည်းသည်။ဂရုတစိုက်ကျွေးမယ့်လူမှရှိပါ့မလား။အနည်းဆုံးပေါ့အသေးဆုံးအခွင့်အရေးလေးအ
ဖြစ် "Fighting" ဆိုပြီးပြောဖို့တောင်YiXing မှာအခွင့်အရေးမရှိခဲ့။
သူဖွင့်ပေးခဲ့သောIG Accountကိုလည်းဖျက်ပစ်ခဲ့သည်။
"ချစ်သူတကယ်သွေးအေးတယ်နော်"
YiXingနှင့်အတူတူနေခဲ့သည့်အိမ်လေးကိုလည်းသူ့ထက်ဦးအောင်ဝယ်လိုက်သေးလေရဲ့။
အဲ့နေ့ကတစ်ပတ်အတွင်းဆင်းပေးရမယ်လို့မျက်နှာကြောတင်းတင်းနဲ့လာပြောသည့် ရှေ့နေဆိုသူလူကြီးကိုဆွဲမထိုးမိစေဖို့မနည်းစိတ်ထိန်းထားရသည်ကိုတော့ အခုထိ မှတ်မိနေသေးသည်။ သူပြန်ဝယ်မယ်ပြောတော့ ဘယ်လောက်ပေးပေးမင်းကိုတော့မရောင်းနိုင်ဘူးတဲ့။ သူသိသည်။ Jaeကအဲ့လိုတွေ မောက်မောက်မာမာပြောခိုင်းလိုက်မှာတော့မဟုတ်ဘူး
ဆိုတာ။အဲ့ကလေးရဲ့စိတ်ကိုသူသိဆုံးဆိုတာသူတို့မှမရိပ်မိဘဲ။ပြောလိုက်ချင်မိသည်။
"ခင်ဗျားတို့ဉာဏ်တစ်ထွာတစ်မိုက်နဲ့ကျွန်တော်တို့နှစ်ယောက်ကိုသွေးခွဲလို့မရဘူးလို့" ပေါ့။

HealingOpowieści tętniące życiem. Odkryj je teraz