YiXing မျက်လုံးတို့မဖွင့်နိုင်သေးပေမယ့်ဝင်လာသောအသိစိတ်အပိုင်းလေးနဲ့ပင်
လက်တစ်ကမ်းအကွာကအိပ်ရာကိုမမှီတမှီလှမ်းကြည့်မိသည်။နိုးတဝက်အိပ်တစ်ဝက်
ဖြစ်နေလျက် စိတ်နဲ့ခန္ဓာမတွဲဆက်နိုင်သေးခင်မှာပင်သူ ပထမဆုံးသတိရမိသူကJae။
အသေးလေးက ရှိနေမနေတော့။ဘာရယ်ကြောင့်ရယ်မသိအိပ်ရာထဲနှစ်ပတ်လောက်ခပ်ကြမ်းကြမ်း
လှိမ့်ပစ်လိုက်သည်။ သူ့ကိုယ်သူတွေးကြည့်မိတယ်။နိုးနိုးချင်းအမေအနားမှာမရှိ၍စိတ်ကောက်
နေသောကလေးနဲ့များတူနေမလား။ အတွေးနဲ့တခစ်ခစ်ရယ်မိပြန်ပါ၏။ မထချင်ဘူး။လာမနှိုးမချင်းမထ
ဘူးဆုံးဖြတ်လိုက်သည်။ အမှန်ဆို နိုးနိုးချင်းJae အိပ်ပျော်ကျနေပုံလေးကိုတွေ့ချင်တာ။သူနဲ့အတူ
တူအိပ်ခဲ့သောညပေါင်းများစွာထဲမှာမှ Jae ငြိမ်းချမ်းစွာအိပ်မောကျနေပုံကို သူနေမ
ကောင်းတုန်းကသာမြင်ခဲ့ဖူးတာ။ခုကဘာလဲ ။ သူက အခု ဟိုBaby Drနဲ့မနက်ခင်းလေး
အိပ်ရာနိုးရင်နင့်အပြုံ းလေးနဲ့အတူနိုးချင်ဆိုတာမျို းဖြစ်နေတာလား။ ဘုရားမိသည်။
စောစောစီးစီးသွေးခုန်နှုန်းများမြန်နေ၏။နောက်ထပ်တစ်ပတ်ထပ်လှိမ့်ဖြစ်သည်။
"Hyungနိုးနေလည်းထလေဗျာ။"
သူ လှိမ့်နေရာမှ ချက်ချင်းငြိမ်ချပစ်လိုက်သည်။အနားရောက်လာသောခြေသံလေးနှင့်ဆပ်ပြာနံ့လိုလို
Jellyလိုလိုအနံ့သူ့ကိုယ်သင်းနံ ဲ့။ခေါင်းပေါ်အုပ်ထားသောစောင်ကိုဆွဲဖယ်ကာ
"Hyungထတော့။ခဏနေShootingအဖွဲ့တွေရောက်လာတော့မယ်။Omma"
သူဆွဲလိုက်ရတာမဟုတ်ပါဘူး။ သူ တစ်ပတ်ပဲလှိမ့်လိုက်တာပါ။စောင်စကိုဆွဲကာသြဝါဒခြွေနေတဲ့
ကိုယ်လေးက သူ့အိပ်ရာပေါ်အွတ်ခနဲကျလာသည်။
"အ...နာ ...နာတယ်"
ဟင်!!စောင်ပုံထဲမှ လုံးထွေးထထိုင်ရင်းမျက်ရည်တွေဥလာသောJae ကိုကြည့်ပြီးသူပျာသွားရသည်။
တော်ရုံနာတာလောက်နဲ့တော့ချက်ချင်းမျက်ရည်ဝဲတက်လာမှမဟုတ်
"ဘယ်...ဘယ်နားကနာတာလဲ"
"မေးစေ့ထိသွားတယ်။နှာခေါင်းကော"
ခင်းထားသည့်အိပ်ရာခင်းကသိပ်ထူတာမျို းမဟုတ်တော့ကျသည့်အရှိန်နဲ့နာသွားရှာမှာ
"미안미안우리아기많이아바?" (Sorry sorry ငါတို့ကလေးလေးအရမ်းနာလား)
"နာတာပေါ့ဗျ။"
YiXing ဘာလုပ်လို့လုပ်ရမှန်းမသိနဲ့ဖြစ်နေပြီးမှ မေးဖျားကို တဖူးဖူးနဲ့မှုတ်ပေးမိသည်။
"အာာ!ယားတယ်။ဘာတွေလာလုပ်နေတာလဲ။ထတော့""
ရှက်တာလားဘာလားမသိ။အတင်းထရပ်သည်။
"Jae yar"
"ဘာတုန်း"
"မင်းနှုတ်ခမ်းမွှေးတွေဘာတွေလည်းမရှိဘူးနော်။ဘာတွေလုပ်ထားလဲ"
"ကျွန်တော်နှုတ်ခမ်းမွှေးမရှိတာခင်ဗျားအပူလား။မြန်မြန်ထ"
ဘာလဲကွာ။ဘာတွေသွားပြောပြန်နေတာလဲYiXingရာ။အဲ့လိုသွားမေးစရာလား ဟုသာသူ့ဘာသာသူ
ဆူပူရတော့သည်။
သူပေါက်ကရတွေအမေးကောင်းလို့ Jae က တစ်မနက်လုံးသူ့ကို မရဲတရဲနှင့်မို့Manager Hyungကပင်မေးယူနေရပြီ။
"မင်းနဲ့Jaeဘာဖြစ်ထားကြတာလဲ"
"မနက်ကကျွန်တော်ကြောင့်သူ့မေးနဲ့နှာခေါင်းနာသွားတယ်"
"ဟင်!!မင်းဘာလုပ်လိုက်ပြန်တာလဲ"
"ကျွန်တော့်အိပ်ရာပေါ်ပြု တ်ကျတာ"
"ဘာ!"
"ဟာHyung တိုးတိုး"
Staffများပင်အလန့်တကြားလှည့်ကြည့်တော့မှManager hyung အနေအထားမှန်ပြန်
လည်ဆယ်ယူလျက်နားနားကပ်ကာ
"နေပါအုံးမင်းအိပ်ရာပေါ်သူပြု တ်ကျရအောင် မင်းတို့နှစ်ယောက်မနေ့ညကအတူတူ
အိပ်ကြတာလား"
"အင်း~~အိမ်မှာနေလည်းညတိုင်းအတူတူအိပ်ကြတာပဲလေ"
"ဘာ!!ညတိုင်းအတူတူအိပ်တယ်!"
Manager hyungမသိသေးတာလား ။ အခုမှသိသည့်ပုံစံနှင့် အံ့သြခြင်းမကအံ့သြကာ
ပါးစပ်တွေဟစိဟစိလက်ညို းကြီးထိုးမျက်လုံးပါပြူ းနေသေးသည်။
"အိမ်စရောက်တဲ့ညပဲArjimarပြင်ပေးခဲ့တဲ့အခန်းထဲမှာအိပ်တာ။နောက်ကျွန်တော်အခန်းထဲခေါ်သိပ်
တာ။သူ့ကြောင့်ပဲSleep walkingတောင်ပျောက်သလိုဖြစ်နေပြီ"
"မင်းတို့နှစ်ယောက်ကဘာလဲ"
ရုတ်တရက် သူဘာပြန်ပြောရမလဲ။ Hyungဘာကိုမေးမှန်းသူသေချာမသိ၍ဒီအတိုင်းပြန်
နေနေလိုက်သည်။ သူစဉ်းစားကြည့်သည်။
Jaeနဲ့သူအတူတူအိပ်တာပဲ၈လကျော်နေပြီ။Hyungကတကယ်မသိတာလားပြီးတော့တစ်ခုခုကို
စိုးရိမ်နေဟန်။သူ ပြန်ကြည့်တော့ သူ့ကိုစူးစမ်းသလိုပြန်ကြည့်နေသောManager hyung။
ရိုက်ကူးရေးပြန်စဖို့ဆော်သြသံကြောင့်ရိုက်ကွင်းထဲသို့ပြန်ဝင်လာလိုက်တော့သည်။
DirectorကCutလို့ခေါ်သည်နှင့် သူ့ဆီအပြေးတပိုင်းနှင့်ရောက်လာပြီးရေဘူးကမ်း
ပေးချွေးသိပ်စေဖို့ ပန်ကာသေးသေးလေးနဲ့ရောယပ်တောင်လေးနဲ့ပါ ယက်ခက်ပေးလေ့
ရှိသော ဘေဘီဒေါက်တာသည်ခုတော့အရိပ်အယောင်တောင်မတွေ့။စိတ်ထဲမတင်မကျ
နှင့်Manager hyungဆီသွား၍
"Hyung!!Jaeရော" ဟုသာ ပေါ်ပေါ်ထင်ထင်ထုတ်မေးရတော့သည်။
"အာာ~~တည်းခိုတဲ့အိမ်မှာHyungအိတတစ်လုံးကျန်ခဲ့လို့သွားယူခိုင်းတယ်"
"Boarr"
အသိစိတ်ထဲ ခပ်စူးစူးကြည့်တတ်သူ၏မျက်နှာက ကွတ်ခနဲပေါ်လာသည်။
မလှမ်းမကမ်းကစက်ဘီးကိုဆွဲယူဒေါက်ဖြု တ်ကာအားကုန်နင်းထွက်လာမိသည်။
အနောက်မှာခေါ်သံတွေကိုဂရုမစိုက်နိုင်စိုးရိမ်စိတ်ကသာတစ်ကိုယ်လုံးအဆိပ်တွေလိုပျံ့နှံပူလောင်နေ
၏။ဒီအချိန်ဆိုတစ်အိမ်လုံးလယ်ထဲဆင်းနေတဲ့လူနဲ့ကျောင်းသွားတဲ့လူနဲ့။အလုပ်လက်မဲ့ဖြစ်တဲ့ထိုလူပဲရှိ
နေမှာ။ ခိုင်းရက်လေခြင်းဆိုပြီးManager Hyungကိုလည်းဒေါသမထွက်စဖူးထွက်နေရပြီ။
ထင်သည့်အတိုင်းပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။စက်ဘီးကိုဒီအတိုင်းလှဲ
ချထားခဲ့ပြီးတံခါးဖွင့်လျက်သားရှိနေသောခြံဝင်းထဲသို့အပြေးတပိုင်းဝင်လာလိုက်သည်။
သူ့ရင်တစ်ခုလုံးတလှပ်လှပ်။ Jaeသာတစ်ခုခုဖြစ်သွားရင်။ပလုံးပထွေးရေရွတ်သံ။နှစ်ဆင့်ထွက်လာ
သောပြင်းပြင်းထန်ထန်ရိုက်လိုက်သံ။သွေးတို့ပွတ်ပွတ်ဆူလာသည်။
အိမ်တွင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်သူ့တစ်ကိုယ်လုံးမီးဟုန်းဟုန်းတောက်သွားပြီလား
တောင်ထင်ရသည်။Layဆိုသောသူပျောက်ကွယ်သွားခဲ့ပြန်ပါပြီ။
Jae အပေါ်ကအုပ်မိုးထားသောကိုယ်လုံးကြီးကြီးအားအတင်းဆွဲချ ပြီးစိတ်ရှိလက်ရှိ -----။
ပြေးဝင်လာသံတွေကြားတယ်။ရင်းနှီးနေတဲ့Cameraမီးရောင်တဖျပ်ဖျပ်တွေ။
"ခင်ဗျားသူ့ကိုမထိနဲ့။သူ့ကိုမထိနဲ့"
"တော်ပါတော့။Hyung တော်ပါတော့။"
သူ့ လက်မောင်းပေါ်ကျလာသောပူနွေးနွေးမျက်ရည်စက်တွေ။
"Jae"
ပြန်ဝင်လာသော အသိစိတ်နှင့်အတူ သူ့ရင်ခွင်ထဲမြှု ပ်နေသောကိုယ်လေးကတသိမ့်သိမ့်နှင့်လှုပ်ခတ်
နေမှုကိုပါ ခံစားလိုက်ရသည်။ Jae၏ ပါးပြင်ပေါ်ကနီရဲရဲလက်ချောင်းရာတွေ။သူဝတ်နေကျ ရှပ်အကျီ
အညို ရောင်မှိုင်းမှိုင်းလေးတွင်ကြယ်သီးတစ်ချို့ပြု တ်ထွက်နေ၍မနေ့ကညနေက YiXing ပေး
ထားသောT-Shirtအနီရောင်လေးကိုတစွန်းတစမြင်နေရသည်။အမြဲအကျ ီ ၤတွေ၂
ထပ်၃ထပ် ဝတ်တတ်သောအရှက်သည်းသူကိုမှ။ဒူးအထက်ဘောင်းဘီတိုလေးမှပြု တ်
ထွက်နေသောအပေါ်ကြယ်သီးတစ်လုံးကိုတပ်ပေးရင်းအမြင်အာရုံကိုဝေဝါးစေသောမျက်ရည်များကို
လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်ဖယ်မိသည်။
Manager Hyung၏ဓာတ်ပုံမရိုက်ရန်တားမြစ်နေသံတွေကိုကြားသည်။ သူသိနေ၏။ ဒါပေမယ့်သူ
ဘာမှမတုံ့ပြန်နိုင်။ကြောက်လွန်း၍တုန်ယင်နေသောJaeကိုသာရင်ခွင်ထဲမလွတ်တမ်းဖက်ထားမိသည်။
"Hyungရှိတယ်။မကြောက်နဲ့တော့။ဘာမှမဖြစ်တော့ဘူး။Hyungရှိနေတယ်"
ဤသို့သောစကားတွေကိုသာအထပ်ထပ်ပြောရင်းမှနေရာမှမရွှေ့နိုင်သေး။
"YiXing ထ။Jaeကိုလွှတ်"
Jaeကိုဖက်ထားသောသူ့လက်တွေကိုလာဆွဲဖြု တ်သည်။မလွှတ်ပေးနိုင်ဘူး။သူ့ Jaeကို
မလွှတ်ပေးနိုင်ဘူး။
"Yixing Cameraတွေနဲ့လေ။Hyungပြောနေတယ်"
"나가(ထွက်သွား)"
"Yixing စိတ်ထိန်းလေ"
Manager Hyung က သူ့ကိုဆွဲထူသည်။ သူ့ရင်ခွင်ထဲမှJae ကိုလည်း ဆွဲထုတ်သည်။
သူတို့နားမလည်ကြဘူးလား။ Jaeဒီလောက်ကြောက်နေတာကိုသူတို့မမြင်ဘူးလား။ကြောက်ရွံ့ ရွံရှာ
ဖွယ်အဖြစ်အပျက်ဆိုးကြီးကနေအခုမှလက်မတင်လေးလွတ်မြောက်လာတာသူတို့မသိ
ဘူးလား။ အခုချိန်မှာသူသာရောက်မလာခဲ့ရင်အတွေးမဆုံးခင် Jaeကိုသာပို၍တင်းတင်းကျပ်ကျပ်
ဖက်ထားမိသည်။ YiXing ကိုဆွဲခေါ်တော့Jae ကိုမလွှတ်ခဲ့ပါ။ရိုက်ကွင်းသတင်းယူရန်
ရောက်လာကြသောသတင်းထောက်များကခုလိုသာမန်ရိုက်ကွင်းထက်ထူးခြားသောသတင်းကသူတို့
အတွက်မုတ်ဆိတ်ပျားစွဲသလိုမှတ်ယူဟန်ဖြင့်အတင်းအကျပ်ကိုမေးမြန်းကြသည်။
လူတွေရဲ့စိတ်အစဉ်ကိုပထမဆုံးအကြိမ် YiXing မုန်းလာမိသည်။Manager Hyungက
ရှေ့ဆက်ဖြစ်လာမည်များကိုတွေးပူနေဟန်ဖြင့်ကားတံခါးကိုဝုန်းခနဲမြည်အောင်ပိတ်သည်။
"Jae"
ပါးပြင်ပေါ်မှနီရဲရဲ လက်ချောင်းရာတွေကြောင့်ပါးပြင်တစ်ဖက်ယောင်စပြု နေပြီ။ဘယ်နှစ်ချက်ရိုက်ခံ
ခဲ့ရတာလဲ။ ဘယ်လောက်တောင်ကြောက်လန့်ခဲ့ရရှာမလဲ။ကူကယ်ရာမဲ့နေတဲ့ခံစားချက်တွေနဲ့
ဘယ်လောက်သွေးပျက်နေရှာမလဲ။
"Miyan Hyung!!Miyan"
တုန်တုန်ယင်ယင်လေးနဲ့တောင်းပန်နေပြန်သည်။ကျဆင်းလာသော Jaeမျက်ရည်တွေကို
သုတ်ဖယ်ပေးရင်း
"Hyungကသာတောင်းပန်ရမယ့်လူပါ။" ဟူသော စကားကို ထပ်ခါထပ်ခါ ဆိုမိသည်။
"တောက်!!သတင်းတွေကချက်ချင်းပြန့်ကုန်ပြီ။Yixingမင်းပြန်ရောက်တာနဲ့အပြင်မထွက်
နဲ့တော့။မင်းကိုယ်မင်းဘာလို့မထိန်းနိုင်ရတာလဲဟမ်"
"ထိန်းရမယ်။ဘာကိုထိန်းရမှာလဲ။ခုJaeကိုသူလုပ်ထားတွေကိုHyungမမြင်ဘူးလား။ ကျွန်တော်အခု အဲ့လူကိုသတ်လို့ရရင်တောင်သတ်ချင်နေတာ"
သူဆယ်ကျော်သက်အရွယ်SMကိုစရောက်တည်းကအစ်ကိုတစ်ယောက်လိုစောင့်
ရှောက်ပေးခဲ့တဲ့Hyungကို ပြန်အော်နေမိသည်။ အခုအားလုံးက Layဆိုတဲ့သူ့ကိုပဲမြင်နေတာလား။
တကယ်နစ်နာသူ Jae ထက်သူ့ ImageကJaeထက်ပိုအရေးကြီးနေတာလား။ Jaeကသူတို့
အတွက်ဘာမှမဟုတ်ပေမယ့် YiXingအတွက်အရေးပါဆုံးလူသားလေးပါ။
အခုဆိုသူပိုတောင်သိသွားပြီ။သူ Jae ကို ဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်တော့မှန်း။
"="Hyung~~"
ရင်ခွင်ထဲမှနေ၍ သူ့အကျီ ၤစလေးကိုဆုပ်ကိုင်ရင်းပြန်မပြောဖို့တားမြစ်နေသောသူ့ကိုငုံ့မိုးကြည့်
ရင်းသူ့လက်သေးသေးများကို သူဆုပ်ကိုင်အားပေးတော့အနည်းငယ်တွန့်သွားသဖြင့်ပြန်ကြည့်တော့မှ
လက်ဆစ်လေးတွေညို မဲနေပြီးလက်သည်းတွေလည်းသွေးစို့နေသည်ကို တွေ့လိုက်ရသည်။
အော်ဟစ်ရုန်းကန်ရင်းရခဲ့တဲ့ဒဏ်ရာတွေ... Jaeလက်ဖမိုးပေါ်သူ့မျက်ရည်တွင်ပြို ကျရလာပြန်သည်။
"တောင်းပန်ပါတယ်။တကယ်တောင်းပန်ပါတယ်Jae yah"
***
ဘယ်ရုပ်သံလိုင်းဖွင့်ကြည့်ကြည့် YiXingသတင်းချည်းသာ။Search engineတွင်လည်းVideoတက်ပြီး
၁နာရီအတွင်းထိပ်ဆုံးရောက်နေတာအခုဆိုသုံးရက်ရှိပြီ။နောက်တစ်ထစ်တောင်မဆင်း
သေး။လူတွေကလည်းPositive Newထက်Negative Newကိုပိုစိတ်ဝင်စားကြသည်။
သတင်းတက်လာပြီးအကြောင်းရင်းခိုင်ခိုင်လုံလုံမသိပဲထင်တာမြင်တာတွေရေးရင်း
နှင့်သတင်းကအမှန်တရား၏လမ်းခွဲနားဆိုက်ရောက်လုဖြစ်နေပြီ။အနားမှာအတူတူ
ရှိနေပေးသည်ကMemberတွေနှင့် Lတွေ။ ပြီးတော့ (Xingmi)တွေ။အဲ့နေ့က
YiXing နောက်ဓာတ်ပုံလိုက်လာကြသောFansiteက သြဇာအာဏာရှိFansite admin
တွေက မဟုတ်မမှန်သတင်းရေးစားသူများကိုတိုက်ရိုက်ရှင်းပေးကြသည။်ချက်ချလက်
ကျနှင့်ရှင်းပြသည်မှာCompanyမှပြောရေးဆိုခွင့်ရှိသူများထက်ပင်ပိုမိုစနစ်ကျ ကြသေး၏
အနေအေးသည်ဟုနာမည်ကြီးကြသောFansiteAdminများသည်ခုတစ်ခါတွင်တော့တရားသောစစ်ပွဲ
ကိုဆင်နွှဲနေကြသောစစ်သူကြီးများကဲ့သို့သူ့ ရှေ့မားမားမတ်မတ်ရပ်ကာ ကာကွယ်ပေးနေကြ၏။
နောက်Jae။Jaeကိုအပြင်မှာမြင်ဖူး၍သူ့ကိုစောင့်ရှောက်ပေးနေသောဆရာဝန်လောင်းလေးမှန်းသိကြ
သောFS adminအချို့သည်Jaeကိုချစ်ကြသည်။အရင်တစ်ခါကဆိုအမြဲMaskတပ်ထားသောသူ့
စတိုင်ကိုကျက်မိနေသောXingmiအချို့က အရုပ်ပုံကလေးတွေပါသောMaskများပင်လက်ဆောင်ပေး
ကြသည်။အခုတော့ သူ၏ဖျောက်ပစ်ရန်ခက်ခဲနေသောSleepwalkingကိုပျောက်
ကင်းအောင်ကုသပေးခဲ့သူ။အရာရာကိုသူ့ကိုယ်သူထက်ပို၍ဂရုစိုက်ပေးခဲ့သူက ခုခါ
အိပ်ရာထဲမှာ။၃ရက်လုံးဘာမှလည်းကောင်းကောင်းမစား။ဒဏ်ရာတွေကိုဆေးထည့်ပေး
တော့ငိုတယ်။နာလို့ငိုတာမျို းမဟုတ်ပဲ သူ့ကိုသာတောင်းပန်တယ် ဆိုသည်ကိုသာတတွတ်တွတ်
ပြောနေဆဲ။ညဖက်တွေဆိုလည်းအဖြစ်ဆိုးကြီးကအိပ်မက်ဆိုးအနေ နဲ့Jaeကိုလာရောက်နှိပ်စက်
နေသေး၏။ ထိုအချိန်ဆို YiXing၏ထွေးပွေ့မှု အောက်"Omma"ဟူသောခပ်တိုးတိုး
ခေါ်သံလေးဖြင့် ရင်ခွင်ထဲခေါင်းတိုးဝင်လာတတ်သည်။ရင်ခွင်ကိုစိုစေတဲ့မျက်
ရည်တွေနဲ့အတူ YiXingပါးပြင်သည်လည်းအခါခါစိုနေခဲ့မြဲ ။ ဲJaeသက်သာစေဖို့သူ
ဘာလုပ်ပေးရမှန်းမသိပေမယ့်လို့သူ့ရင်ငွေ့က Jae အတွက် အမေတစ်ယောက်ကဲ့သို့လုံခြုံ
နွေးထွေးစေနေသည်လားဆိုသည့်အတွေးစတစ်ခုကိုလက်ကိုင်စွဲရင်းအားတင်းခဲ့ရ
သည်မှာခုဆိုတစ်ပတ်ပြည့်နေပြီ။ Jae ပုံမှန်မဖြစ်သေး့သည့်တိုင်အနည်းငယ်တော့
တည်ငြိမ်စပြု နေပြီ။နောက်ရက်ဆို YiXingလည်း သတင်းစာရှင်းလင်းပွဲ လုပ်ရတော့မည်။
မနက်ခင်းနေရောင်ခြည် ထိုးကျနေသောအိမ်ရှေ့ခန်းထဲ သူ့ကောင်မလေး (အင်း
ခုအဲ့လိုသေချာပြောလို့ရပြီပေါ့) ထိုင်နေသည်။
"Jae!!"
ခေါင်းကိုခပ်ပွပွပုတ်ကာခေါ်တော့သူ့ ကိုပြန်မော့ကြည့်သည်။
"ဒီနေ့ဘယ်လိုနေသေးလဲ"
"ကျွန်တော်အဆင်ပြေပါတယ်။"
ခပ်တိုးတိုးရယ်ပါသည်။
"မနက်ဖြန်Hyung သတင်းစာရှင်းလင်းပွဲရှိတယ်မလား။"
"အင်းစိတ်မပူပါနဲ့။အဆင်ပြေသွားမှာပါ။Arjimarကိုခေါ်ပေးထားမယ်။အိမ်မှာနေခဲ့နော်။ဘာစား
ချင်သေးလဲ။Hyungဝယ်လာခဲ့မယ်"
Hyungတဲ့လား။ အခေါ်အဝေါ်တွေမပြောင်းလဲသေး။အပြုံ းတွေမပြောင်းလဲသေး။အရင်
လိုရင်းရင်းနှီးနှီးကြင်ကြင်နာနာပြောဆိုနေသောသူ့ကိုကြည့်ရင်းငိုချင်လာပြန်သည်။
"Miyannae Hyung။Hyungနားကကျွန်တော်ထွက်သွားပေးမှာပါ"
ပါးချို င့်များရှောင်ကွာပြေးလျက်မျက်ဝန်းဝိုင်းများနှင့် Jae ကိုပြန်ကြည့်သည်။
"ဘာ--ဘာလို့ လဲ"
"Hyungကျွန်တော့်အဖြစ်မှန်ကိုသိသွားတာနဲ့Hyungဆီကကျွန်တော်ထွက်သွားရမှာ။
ဒါကျွန်တော်ချု ပ်ထားခဲ့ရတဲ့စာချု ပ်ပါ။"
"Ar...arni။မင်းငါ့နားကထွက်သွားခွင့်မပြု ဘူး။"
"ကျွန်တော်ရှိနေရင်hyungထိခိုက်မှာ"
"မဟုတ်ဘူး။မင်းအနားမှာမရှိမှငါ့ဘဝကြီးပိုဆိုးသွားမှာ။ဒီမှာ!မင်းယောကျာ်းလေးဖြစ်
ဖြစ်မိန်းကလေးဖြစ်ဖြစ်မင်းကမင်းပဲ။ဘာမှမပြောင်းလဲဘူး။မင်းယောကျာ်းလေးဖြစ်
နေလို့Hyungအဆင်ပြေနေတာမဟုတ်သလိုမိန်းကလေးအဖြစ်ရှိနေလို့လည်းHyungပို
ဆိုးသွားတာမျို းမရှိဘူး။မင်းနဲ့အတူတူရှိနေချင်တာ ယောကျာ်းမိန်းမကွဲပြားမှုတွေနဲ့ဘာမှမဆိုင်ဘူး။
မင်းဆိုတဲ့လူသားလေးကိုချစ်သွားခဲ့တာ။ဟုတ်တယ်မင်းကိုကျားမ ရေရေရာရာမခွဲခြားနိုင်ခင်
တည်းကချစ်တာ။မင်းကိုချစ်တယ်Jae"
ရှေးဟောင်းတရုတ်အိမ်လေးထဲ နေရောင်ခြည်နွေးနွေးအောက် ဖြူ လျော့လျော့ကောင်
မလေးတစ်ယောက်ရယ် ထိုကောင်မလေးအတွက်အရာရာရင်ဆိုင်ဖို့ဆုံးဖြတ်ချက်တွေ
ခိုင်မာနေတဲ့ကောင်လေးတစ်ယောက်ရယ်။လောကကြီးကကောင်လေးထင်သလိုရိုးရှင်းလွန်းရင်
သိပ်ကောင်းခဲ့မှာ
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.