Xingmi

1.9K 181 15
                                    

#Beijing
လူအများစုပြောတာကျတော်ကြားဖူးတယ်။တစ်
ရက်တစ်ရက်ကုန်လွယ်လိုက်တာတဲ့။ကျတော်တစ်
ယောက်တည်းအတွက်ပဲကမ္ဘာ့လည်ပတ်နှုန်းနှေး
နေသလားဟုပင်ထင်ယောင်မှားမိတယ်။တစ်နေ့
တစ်နေ့မရပ်မနားဟိုဟိုဒီဒီသွားနေရတာတောင်
နေ့ရက်တွေကမုန်းစရာကောင်းလောက်အောင်
ရှည်ကြာမြဲ။ကျတော် China~Koreaအခေါက်
ခေါက်အခါခါကူးတယ်။ပေးလာသမျှSchedule
တွေ။ခေါ်သမျှProgramတွေအကုန်သွားတယ်။
ကျတော့်ကိုသူနေ့တိုင်းမြင်နေမှဖြစ်မှာလေ။
သူကျတော့်ကိုမဆက်သွယ်ခဲ့ပေမယ့်ကျတော့်ကို
ဥပက္ခာပြုထားနိုင်မှာမဟုတ်ဘူးဆိုတာကျတော်သိ
တယ်။ဒါကြောင့်သူ့အာရုံထဲကျတော်ရှိနေ
ဖို့Mediaတွေပေါ်ကကျတော်လုံးဝပျောက်သွားလို့မဖြစ်ဘူး

ပင်ပန်းနေပြီလား??

ဆိုတဲ့သတင်းမေးစကားတစ်ခွန်းရဖို့ကျတော်တစ်
နှစ်နီးပါးအားလပ်ရက်မယူပဲအလုပ်တွေလုပ်ခဲ့
တယ်။
သို့ပေမယ့် သူကပဲမြိုသိပ်စွန်းအားကြီးနေပြီလား
ပဲ??သတင်းစကားတစ်ခွန်းတလေတောင်မကြား
ခဲ့ရပါဘူး။
သူအခုဘာတွေလုပ်နေမလဲ??အရင်ဆိုသူ့
အဖေလုပ်တဲ့ပွဲတိုင်းသူကလှလှပပပါဝင်တတ်
တယ်လို့Daeတို့Kyungsooတို့ကပြောပြကြ
ပေမယ့်ခုခါတွင်တော့အရိပ်ကလေးတောင်မတွေ့
ရတော့ပါ။ခုချိန်ဆံပင်တွေပဲရှည်နေပြီလား??
အရင်တုန်းကလို Fashion ကျကျနဲ့လှပ
နေပြီလား??သူဘယ်လိုနေနေမလဲ??နေမ
ကောင်းဖြစ်နေချိန်သူ့ဘေးဘယ်သူမှမရှိရင်သူငို
နေမလား??Ommaဆိုပြီးယောင်ရမ်းငိုနေချိန်စိတ်ရှည်လက်ရှည်နဲ့ချော့သိပ်ပေးမယ့်လူရှိပါ့မလား??စာတွေလုပ်ရလွန်းလို့ စိတ်ညစ်နေပြီလား??
အစားရောပုံမုန်စားဖြစ်ရဲ့လား??သူကနဂိုတည်း
ကအစားနည်းတာ။ဂရုတစိုက်ကျွေးမယ့်လူမှ
ရှိပါ့မလား?
အနည်းဆုံးပေါ့အသေးဆုံးအခွင့်အရေးလေးအ
ဖြစ်

""Fighting"

ဆိုပြီးပြောဖို့တောင်ကျတော့်မှာအခွင့်အရေးမရှိခဲ့
ကျတော်ဖွင့်ပေးခဲ့သောIG accကိုလည်းဖျက်ပစ်
ခဲ့တာလေ။ကျတော့်ချစ်သူတကယ်သွေးအေးတယ်နော်။

ကျတော်တို့နေခဲ့တဲ့အိမ်လေးကိုလည်းကျတော့်
ထက်ဦးအောင်ဝယ်လိုက်သေးလေရဲ့။အဲ့နေ့ကတစ်ပတ်အတွင်းဆင်းပေး
ရမယ်လို့မျက်နှာကြောတင်းတင်းနဲ့လာပြောတဲ့ရှေ့နေဆိုတဲ့လူကြီးကိုဆွဲမထိုးမိစေဖို့မနည်းစိတ်
်ထိန်းထားရတာ။ဘယ်လောက်ပေးပေးမင်းကိုတော့မရောင်းနိုင်ဘူးတဲ့။ကျတော်သိတယ်ကျတော့်Jae
ကအဲ့လိုတွေပြောခိုင်းလိုက်မှာတော့မဟုတ်ဘူး
ဆိုတာ။အဲ့ကလေးရဲ့စိတ်ကိုကျတော်အသိဆုံးဆို
တာသူတို့မှမရိပ်မိပဲ။ပြောလိုက်ချင်တယ်ခင်ဗျား
တို့ဥာဏ်တစ်ထွာတစ်မိုက်နဲ့ ကျတော်တို့နှစ်
ယောက်ကိုသွေးခွဲလို့မရဘူးလို့။ဘယ်မှာနေနေပါသူ့အငွေ့အသက်တွေက ကျတော့်ရဲ့ကိုယ်ပိုင်ရနံ့တစ်ခုလိုစွဲနေပြီပဲလေဆို
တဲ့စိတ်နဲ့အိမ်ကိုမရမကပြန်ဝယ်ဖို့မကြိုးစားတော့
ဘူး။သို့ပေမယ့်သူအိပ်ခဲ့တဲ့ခုတင်။အိပ်ရာခင်း
ခေါင်းအုံးနောက်သူ့ရဲ့ခရမ်းရောင်tooth
Brush။သူနောက်ဆုံးသွားတိုက်ဆေးထည့်ပေးသော
ကျတော့်Tooth Brushပါ
မကျန်ကျတော်အကုန်သယ်ချလာခဲ့တယ်။ခုတော့
အားလုံးကကျတော့် Hotelခန်းထဲမှာ။
Roomserviceပေးထားတဲ့ခေါင်းအုံးတွေနဲ့ကျတော်မအိပ်ဘူး။
ဘယ်လောက်ကြီးပဲသက်တောင့်သက်
သာရှိပါတယ်ပြောပြောသူ့ခေါင်းအုံးပေါ်မှာအိပ်မှ
ကျတော်အိပ်ပျော်တယ်ဆိုတာသူတို့မသိဘူး
King size ကုတင်ကြီးရှိနေ
ပါသော်လည်းသူအိပ်ခဲ့တဲ့တစ်ယောက်အိပ်ကု
တင်သေးသေးလေးပေါ်မှာပဲ ခွေခွေခေါက်ခေါက်
အိပ်ရတာကိုကျတော်ဘာလို့သဘောကျနေမှန်း
သူတို့ကိုရှင်းမပြချင်ဘူး။။ဒီခေါင်းအုံးလေးထဲခေါင်းဝှက်ပြီးသူငိုခဲ့ဖူးလိမ့်မယ်ဆိုတာကျတော်သိတယ်။ဒီတစ်ချိန်တော့ကျတော်ငိုရမယ့်အလှည့်ပေါ့။
ညပြန်ရောက်လာချိန် ဘယ်တော့မှခေါ်လို့မရ
တော့တဲ့ဖုန်းကိုအကြိမ်ကြိမ်ခေါ်ပြီး အသံတိတ်ငြင်းဆန်ခြင်းခြေရင်း
ကျတော့်မျက်ရည်တွေခံစားခဲ့ရတဲ့ညပေါင်းတွေမနည်းတော့ဘူး
အမှန်ဆို။အဲ့လိုဖုန်းမကိုင်မယ့်အစား မနှောင့်ယှက်
နဲ့ဆိုပြီးကျတော့်ဆူပူနေမယ်ဆို တော်သေးတာ
ပေါ့။အနည်းဆုံးတော့သူ့အသံလေးကြားရမှာလေ
သူသိမှာပါ။သူ့လောက်ကျတော်ကိုဘယ်သူမှဂရု
မစိုက်ဘူးဆိုတာ။Stageမီးတွေအောက်အမြဲပြုံးရွှင်နေတတ်တဲ့ကျတော်ကတစ်ယောက်ထဲအခန်းထောင့်ကပ်
ပြီးသူ့ကိုစောင့်စားနေရတယ်ဆိုတဲ့ခံစားချက်ဆိုးဆိုးကိုရင်ဆိုင်နေရမယ်ဆိုတာဘယ်သူမှမသိပါဘူး
သူ့ဆီကဂရုစိုက်မှုတွေကိုပြန်လိုချင်တယ်။

HealingDonde viven las historias. Descúbrelo ahora