"မင်းကိုချစ်တယ်"
ရိုးရိုးလေးပါပဲ။သို့ပေမယ့်... ရင်ခွင်တစ်စုံအတွက်အဏုမြူ လက်နက်အလား။
နလန်ပြန်ထူဖို့ အစီအစဉ်တောင်ဘယ်ဆီနေမှန်းမသိခင် နောက်ထပ်ဇီဝလက်နက်
တွေနဲ့ကိုယ်နန်းစံရာ ရင်ခွင်နန်းတော်ဆီကို့ရောင်စုံပန်းခင်းဖန်တီးပြပြန်သည်။ Hyung က တ
ကယ်ကိုနူးညံ့ခြင်းစစ်သည်တော်လေလား။
"Jaeမင်းHyungကိုယုံပါ့မလားမသိပေမယ့်..."
Jae၏တုန်ယင်နေပြီဖြစ်သောလက်ဖျားထိပ်လေးတွေကိုကိုယ့်ဘာသာကိုယ်အားတင်းဆုပ်
ကိုင်ရင်းအလံဖြူ ပြကြည့်သည်။
"မ...မပြောပါနဲ့တော့"
"Wae...Hyungကိုမယုံတာလား"
"ကြောက်တယ်"
"Hyungကိုလား"
"Ar...Arniyar။Hyungထိခိုက်မှာကြောက်တာ။"
"မင်းHyungကိုမချစ်ဘူးလား။ Hyungကိုတစ်ယောက်တည်းထားခဲ့နိုင်လို့လား"
YiXing မေးတော့ ကလေးငယ်သည် ခေါင်းငုံ့လျက်နှင့်ပင် ခေါင်းခါပြသည်။
ဒါသည်ပထမမေးခွန်းအတွက်အဖြေမဟုတ်မှန်းသူလည်း သိပါသည်။ Jae သူ့ကိုချစ်ဘူးလား
မမေးချင်တော့ဘူး။ သူကပဲချစ်ပေးနေရင်ရပြီပဲလေ။သူလိုIdolတစ်ယောက်ရဲ့ချစ်တယ်
ဆိုတဲ့နှုတ်ထွက်စကားတစ်ခုကို Jaeယုံချင်မှယုံမှာလေ။ ဒါကို YiXing နားလည်ပေးနိုင်သည်။
အချိန်တွေနဲ့ပဲသက်သေပြသွားမှာပါ ။
Jaeကသူ့ဘဝအတွက်ဘယ်လောက်ထိအရေးပါနေပြီလဲဆိုတာကိုစကားလုံးတွေနဲ့မပြောပြချင်ဘူး။ယောကျာ်းတစ်ယောက်အနေနဲ့ပဲ သက်သေပြချင်မိ၏။
Jae က သိပ်ငယ်သေးသည်။ သူ့အိပ်မက်တွေအကောင်မထည်မဖော်ရသေးဘူး။ဒါတွေ
လည်းJaeအတွက်တွေးပေးရမယ်ဆိုတာလည်း YiXingသိသည်။ Healing angelလေး၏ အတောင်ပံတွေကိုသူ့ အချစ်ကွန်ယက်အောက်ဖွက်ထားဖို့မသင့်ဘူးလေ။
Jaeကိုပျံသန်းခွင့်ပေးရမယ်မှန်းသိပေမယ့်အခုချိန်မှာတော့ခွဲနေဖို့အဆင့်သင့်မဖြစ်သေးလို့ပါ။ Jaeကိုသေသေချာချာတောင်ဂရုစိုက်မပေးရသေးဘူး။သူ့အတွက်ကြည်နူးဖွယ်ရာအမှတ်တရ
တွေလည်းမဖန်တီးပေးရသေးဘူး။
Jae သူ့ကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ခဲ့သလို သူကတစ်လှည့်ပြန်ပြီးအနွံတာတွေခံချင်သေးသည်။
Jae စိတ်ကောက်ရင်စိတ်ရှည်လက်ရှည်နဲ့ချော့ပေးချင်သေးသည်။သူကြိုက်တတ်တဲ့အစားအစာ
တွေကို ကိုယ်တိုင်ချက်ကျွေးချင်သေးသည်။
Beauty saloonမှာအလှပြင်နေတာကိုအနောက်ကနေသဘောတကျငေးကြည့်
ချင်သေး၏။ သူနဲ့အတူခရီးတွေသွားချင်သေးသည်။ ဖြူ ဖြူစင်စင်လေးအိပ်မောကျနေပုံလေးကို
ပီတိတွေနဲ့အမြတ်တနိုးငေးကြည့်ချင်သေးသည်။ ဒီလို အခွင့်အရေးတွေအတွက်ဘယ်သူ့ဆီမှာ
တိုင်တည်ပြောဆိုရမလဲမသိပေမယ့်...
ကံကြမ္မာကိုစီရင်ပိုင်ခွင့်ရှိသူဘယ်သူပဲဖြစ်ဖြစ် Jae အပေါ်ထားသည့် သူ့
စိတ်ရင်းအမှန်ကိုသာတွေ့မယ်ဆိုသူမျက်ကွယ်မပြု သွားနိုင်ပါဘူး။
***
တစ်ယောက်တည်းမထားခဲ့နိုင်ဘူးမလားတဲ့။ Hyung က တကယ်ကိုအရှိုက်ထိအောင်
ပြောတတ်သည်။ သူ့ကိုချစ်လားလို့သူပြန်မမေးခဲ့ပါဘူး။ မထားခဲ့နိုင်သည် Jae ကိုသာ ထိထိမိမိရှိ
လှသောချောင်ပိတ်မေးခွန်းကိုသာမေးခဲ့သည်။ ဆယ်ကျော်သက်အရွယ်တည်း
ကလူအများ၏ချစ်ခင်နှစ်လိုခြင်းကိုခံယူခွင့်ရခဲ့သူမို့လားမသိ။လူတိုင်းလူတိုင်းHyungကို
ချစ်မယ်လို့ထင်နေပုံပင်။တကယ်လည်းသူ့ကိုချစ်ကြတာပဲလေ။သူ့ပုံရိပ်လေးတစ်ခုနဲ့
တင်အသံကုန်ကျုံ းအော်ကြသူတွေရှိသည်။ Hyungဆိုပြသောသံစဉ်ပိုင်းလေးတစ်ခုနဲ့ပင်
ကျေနပ်ဝမ်းမြောက်သူတွေရှိသည်။ သူ့ကိုယ်ခန္ဓာယိမ်းနွဲ့မှုကိုအံ့သြမင်သက်သွားရသူတွေ
ရှိသည်။ လူပေါင်းများစွာရဲ့ချစ်ခြင်းတွေုကိုဘာမဟုတ်တဲ့ကလေးသာသာကောင်မလေး
တစ်ယောက်နဲ့သူလဲရဲနိုင်ရဲ့လား။သူလဲရဲတယ်ဆိုရင်တောင်Jaeလက်မခံနိုင်။မထိုက်
တန်ဘူးဟုထင်သည်။အမြဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေခဲ့တဲ့ Jaeကသူနဲ့တွေ့ချိန်မိန်းမ
မာနမာယာစသည့်အရာအားလုံးသူ့ရိုးသားမှုအောက်ကားလိပ်ချခဲ့ရသူပါ။မသိခဲ့ဘူးလေ
ဒီလောက်ထိဖြစ်သွားခဲ့မယ်လို့။
မျှော်လင့်ခြင်းဆိုတာကိုတောင်ကိုယ်နဲ့မဆိုင်တဲ့အရာတစ်ခုလို ချို းနှိမ်ဥပက္ခာပြု ပြီးသူ့နားနေခဲ့တာ၈လ။အခုလိုဖြစ်လာတော့Jaeဝမ်းသာသင့်သည်လား။
ဝမ်းသာခြင်းကစိုးရိမ်ခြင်းအောက်ခေါင်းမဖော်ရဲလောက်အောင်ပြားပြားဝပ်နေရတဲ့အခြေအနေမှာ သူ့စိတ်တွေကိုပိုယိုင်အောင်မလုပ်သင့်ဘူးလေ။
YOU ARE READING
Healing
FanfictionThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.