J ?

104 13 0
                                    


Exoတွေနဲ့အတူတူနေချင်သောFanများကို Dormထဲမှာ၂ရက်လောက်ခေါ်သွင်းထားချင်သည်။
သူတို့ထွက်ပြေးမှာတော့မဟုတ်လောက်ဘူးထင်ရဲ့။
Scheduleတွေအပြည့်နှင့်သူတို့သည်သူများအိပ်မက်မက်ကောင်းနေသောအချိန်တွင်အိပ်ရာထကြရ
သည်။ရေချို းပြီးမှအပြင်ထွက်ချင်သူများကရေချို းခန်းလုကြခြင်းဖြင့် မနက်၃နာရီလောက်
မှာပင်တဝုန်းဝုန်းနှင့်ယောက်ယက်ခတ်နေတတ်ကြ၏။နောက်တွေ့ရာအဝတ်ထုတ်
ဝတ်။အပြင်ထွက်တော့မှ
"ဒါငါ့အင်္ကျ ီမလား။မင်းငါ့ဘောင်းဘီကြီးကောက်စွပ်ပြန်ပြီလား။ဟာာ...Hyungအဲ့ဒါ
ကျွန်တော့်ဖိနပ်ကြီး" စသည်စသည်ဖြင့်အော်ဟစ်သံတွေဖြင့် ပွတ်လောရိုက်နေတတ်သည်။
ညရောက်ပြန်တော့လည်းဂါထာတစ်မျို းတစ်ဘာသာ။Dormထဲဝင်သည်နှင့်Baekhyun
ကအသံစမ်းသည်။Dormတစ်ခုလုံးသူ့အသံချဉ်းပင်။ပြီးတော့ဟိုလူ့လိုက်စဒီလူ့လိုက်စ
နှင့်အရပ်ကြီးထိုးထိုးထောင်ထောင်နှင့်ပတ်ပြေးနေတတ်သူကHappy virusကြီးကိုလည်းတွေ့ရမည်။
ဒါနဲ့ပြီးသေးလားမပြီးသေး။Scheduleဆက်နေသူများကိုVideo callဝိုင်းခေါ်ကြ။
ညဉ့်နက်သန်းခေါင်မပီကလာပီကလာနှင့်တရုတ်စာအော်ကျက်သူလည်းရှိရဲ့။အဲဘေး
ကနေအမေကြီးတစ်ယောက်လို အိပ်ရေးပျက်ခံပြီးMaknaeလေးစာကျက်သည်ကို
ထိုင်စောင့်ပေးနေတတ်သည့်Suho Hyung၏ဂရုတစိုက်ချစ်တတ်ပုံကကိုတော့တကယ်လေးစားသည်။
Jae၏Xing ကတော့။အဲ့လဲ့ Jae ၏ Xingလို့သုံးလိုက်မိသည်လား။
အင်း...ထားပါတော့သူကတော့ Dormမှာအလိမ္မာဆုံးလေးပင်။ ပြန်ရောက်သည်နှင့်အိပ်ဖို့ပြင်
သည်။Jaeကတခြားသူများနှင့်အလုပ်ကိစ္စမေးမြန်းဆွေးနွေးနေလျှ င်လည်း အတင်း
လာခေါ်တတ်သည်။
ယောကျာ်းလေးကိုးယောက်ကြားယောကျာ်းလေးတစ်ယောက်လိုနေရသည်ကထင်သည်
ထက်မလွယ်။ပြီးတော့သူတို့လိုဖော်ရွေပြီးဟန်ဆောင်မှုကင်းသူတွေကြားမို့ပိုခက်သည်။
Jaeအကြောက်ရဆုံးက Kyung sooနှင့်JongDaeပင်။Kyung sooကစကားနည်းပေမယ့်
လို့တစ်ခါတလေJaeကိုစူးစမ်းသလိုကြည့်နေတတ်၍Jong Daeကတော့ဟိုနေ့က
ဘာရယ်မဟုတ်
"Jaeနဲ့တူတဲ့ကောင်မလေးတစ်ယောက်ကိုသူတွေ့ဖူးသည်" ဟူ၍ပြောလာတည်းက
Jong Daeနှင့်မျက်နှာချင်းမဆိုင်မိအောင်နေရသည်။
***
Xing မျက်လုံးထဲ Jaeတစ်ယောက်Koreaရောက်မှပိုသွက်လာသလိုပင်။
Chinaမှာနေစဉ်ကသူ့တစ်ယောက်တည်းပဲစကားပြောတတ်သည့်Jaeကအခုတော့
Exoတစ်ဖွဲ့လုံးနှင့်သာမက Rookiesလေးတွေနဲ့ပါ ခင်ခင်မင်မင်။ဟိုနေ့ကဆို Make
up roomထဲ Selfieတွေဘာတွေတောင်ဆွဲလိုက်သေး၏။
Jဝင်တယ်ပြောရအောင်လည်း မကောင်းဘူးနော်အဲ့အတွေးက... Xing ကိုယ့်ကိုယ်ကိုယ်ပြန်သတိ
ပေးရ၏။ အခုလည်းတစ်ဖွဲ့လုံးအလုပ်ရှုပ်နေစဉ်သူကခုံလေးပေါ်ထိုင်နေရင်းMake upပြင်နေ
သည့်သူတို့ကိုကြည့်နေသည်ကိုမှန်မှတစ်ဆင့်မြင်နေရသည်။အနှီဆရာဝန်လောင်း
လေးသည်ဆေးပညာစာအုပ်တွေထက်Fashion Magazineတွေကိုပိုဖတ်တတ်သူ။
"အားခဏနော် Yi Xing"
"Waeyo!!Hyungဘာဖြစ်"
သူ Makeup artist hyungမျက်နှာတွင်ချွေ းစေးများပြန်လာပြီးဗိုက်ကိုလက်နှင်ဖိထားသဖြင့်
သူသဘောပေါက်သွားသည်။
"သွားလေHyung" ဟု အလိုက်တသိပြောပေးရသည်။
"ဟာတစ်ယောက်လောက်မရှိဘူးလား။ ဒီမှာYi Xingကို ပြင်ပေးဖို့"
အားလုံးအာရုံမဝင်စားကြ။ ကိုယ့်အလုပ်နှင့်ကိုယ်အလျင်မီအောင်လုပ်နေကြရသည်လေ။
"ခဏလေးSehunကိုအင်္ကျ ီလဲပေးပြီးလာ
ခဲ့မယ်""
ဘေးက Makeup artist Hyungကပြောပေမယ့်Sehunပြီးမှဆိုတော်တော်အချိန်ကပ်နေလိမ့်
မည်။
"ကျွန်တော်လုပ်ပေးမယ်"
"အင်?"
အားလုံးအကြည့်က Makeup artist Hyungေ့ရှရပ်နေသောJaeထံရောက်လာကြသည်။
"မင်းကYi Xing PAမလား"
"PAဆိုတာထက်ကျန်းမာရေးစောင့်ရှောက်ပေးရသူဆိုပိုမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တောဒါ
တွေလည်းကျွ မ်းတယ်"
Makeup artist Hyungကမယုံမရဲပြန်ကြည့်သည်။
"Hyungသွားမှာဖြစ်တော့မယ်ထင်တယ် ။ သန့်စင်ခန်းကထွက်လာတာနဲ့ပိုးသတ်ဆေး
သောက်ထားလိုက်ပါ။ဝမ်းကိုက်တာကို ပေါ့ရင်ပိုခံရတယ်။ပူပူနွေးနွေးအစားအစာတွေ
စားပါ။အစပ်တော့မပါစေနဲ့ပေါ့"
Makeup artist Hyungလက်ထဲမှ Dryerကိုလှမ်းယူရင်းဆက်တိုက်ပြောသွားသောသူ့ပုံစံက
ယုံကြည်မှုအပြည့်ရှိနေဟန်။ ဘေးမှ Sehunသည်လည်းပြူ းကြောင်ကြောင်လေးနှင့်ပြန်ကြည့်နေသ
လိုGameနှိပ်နေသောKaiသည်ပင်လျှ င်ခေါင်းေ့မာ့ကြည့်သည်။သူကိုယ်တိုင်လည်းဘာမှ
မထူးပါဘူး။ဒီအတိုင်းပဲလေ။
Jaeကတော့မှန်ရှေ့မှDesign ပုံကြမ်းစာအုပ်ကိုလှန်ကြည့်သည်။ပြီးနောက်Sparyဗူး
ကိုင်ကာသူ့ဆံပင်တွေကိုပုံစံသွင်းနေပြီ။
"မင်းဒါတွေဘယ်လိုလုပ်တတ်နေတာလဲ"
"အမှန်ကကျွန်တော်ကStylistဖြစ်ချင်တာ"
ခပ်တိုးတိုးသာပြန်ဖြေပြီးလုပ်စရာရှိသည်များကိုယုံကြည်မှုအပြည့်နှင့်ဆက်လုပ်နေ၏။
Jaeသူ့ကိုယ်သူ ယုံကြည်တာလည်းမပြောနဲ့။ခဏတွင်းပင်လိုချင်သောHair styleထွက်လာသည်။
ပြီးသောအခါတွင်လည်း ဘာမပြောဘာမပြောနှင့် မေးကိုဆွဲမကာ သူ့ မျက်နှာကိုသေချာ
လာကြည့်နေသည်။ဘာလဲ ဟု စိတ်ထဲ ရေရွတ်မိသည်အထိပင်။ ရုတ်တရက်မို့
လည်ချောင်းတွေပင်ခြောက်လာသလိုလိုဖြစ်နေပေမဲ့ Jae ကတော့အေးဆေးပင်။
"Make upကိုလက်စမသတ်ရသေးဘူးပဲ" ဟု ခပ်တိုးတိုးပြောလာ၏။
ပြောပြောဆိုဆိုနှင့်Xing ရှေ့ကထိုင်ခုံကိုဆွဲယူထိုင်လျက်ဘီးတပ်ထားသော သူ့
ထိုင်ခုံကိုလည်းဖြတ်ခနဲဆိုသလို ဆွဲလိုက်သည်။ နှစ်ယောက်သား နီးနီးကပ်ကပ်အနေအထားနှင့်ပင်
"အပေါ်ကိုကြည့်Hyung!!"
အမိန့်မဆိုသာသော်လည်းartist တွေဆီကကြားနေကျမို့လို့လားမသိအလိုလိုကိုအပေါ်
ကိုကြည့်မိသည်။မျက်လုံးအောက်က ခပ်အိအိအတွေ့။
"ရပြီHyung"
မျက်လုံးကပုံမှန်အနေအထားရောက်နေပေမယ့်လို့Jaeနှင့်တော့မျက်နှာချင်းမဆိုင်မိ။
ဘာလို့ဆို Jaeက သူ့ကိုမကြည့်ဘဲ ခုံပေါ် တင်ထားသော ပစ္စည်းတွေထဲမှစုပ်တံသေးသေးလေး
တစ်ချောင်းကိုလှည့်ရှာနေလို့ပင်။ မကြာခင် တွေ့သွားပါ၏။
"နှုတ်ခမ်းနည်းနည်းဟHyung"
နှုတ်ခမ်းသားများပေါ်ရောက်လာသောစုပ်တံပျော့ပျော့။
မနီးလွန်းသော်လည်းသူ့မျက်နှာပေါ်လာထိသော Jae ၏ ထွက်သက်နွေးနွေးကိုခံစားသိရှိနေသည်။
ခပ်ဟဟဖြစ်နေသောသွေးရောင်ပြည့်နေသောနှုတ်ခမ်းပါးကသဘာဝအတိုင်းလှနေသည်။
ဘုရားတမိပါ၏။ သူက...Yi Xing ဆိုသည့်သူကJaeကိုလှတယ်လို့ထင်နေတာလား။
ဘာဆိုဘာမျှမသိသော Jaeကတော့ သူ့မျက်နှာကိုကျေနပ်သလိုပြုံ းကြည့်ပြီးမှ
"Hyungတို့ကနဂိုအသားအရည်လှတော့နည်းနည်းလေးတင်လိုက်တာနဲ့ကို
ကြွေလိုပြောင်တင်းလာတာပဲ။" ဟုအားရပါးရပြောနေသည်။
Jaeမျက်နှာတွင်လုပ်ချင်တာကိုလုပ်လိုက်ရသောကလေးတစ်ယောက်၏ဝမ်းမြောက်အားရမှုကိုတွေ့မြင်
နေရသည်။ သူ့မျက်နှာကိုပြုံ းပြုံ းလေးစိုက်ကြည့်နေပုံက ရုပ်လုံးပေါ်လာသောပန်းပု
လေးကိုကျေနပ်စွာပီတိဖြာလျက်ကြည့်မဝဖြစ်နေသလိုမျိ ု း။ခက်သည်က Xing ဆိုသည့်သူက
ပန်းပုမှမဟုတ်တာလေ။သွေးသားစီးဆင်းမှုရှိသူတစ်ယောက်လေ။
"ပြီး...ပြီးပြီမလားJAE"
"အာ Naee!!Dressတွေလဲတော့လေ"
Dressလဲပြီးမှသူ့ makeup artist ကရှုံ့မဲ့မဲ့နှင့်ပြန်ထွက်လာသည်။သူ့ကိုကြည့်ပြီးအံ့သြနေသည်။
"JAEမင်းဘယ်designကျောင်းကဆင်းတာလဲ"
"Seoul တက္ကသိုလ်မှာ Diplomaတန်းပြီးထားတာBachelorတက်ဖို့အခွင့်အရေးမရတာနဲ့"
သူ့ဂုတ်ပိုးမှာ မိုက်ကြို းကိုတိတ်အကြည် လေးနှင့်ကပ်ပေးရင်း ပြန်ဖြေသည်။
"ဒါဆိုJaeကဆေးကျောင်းတစ်ဖက်နဲ့ ဒီဟာတွေကိုလေ့လာခဲ့တာပေါ့"
"Nae"
"Wow"
ဒါအခန်းတွင်းရှိလူများ၏ချီးမြောက်သံ။ Jae ကတော့ခပ်ပြုံ းပြုံ းလေးသာတုံ့ပြန်ပေ
မယ့်ကျေ နပ်အားရမှုတွေအပြည့်ရှိနေသောမျက်ဝန်းများကိုကြည့်ရင်း Yi Xingစိတ်တွေ
လေးလာရသည်။သူနဲ့နှစ်လနီးပါးမခွဲမခွာရှိနေခဲ့တာတောင်Jaeဖြစ်ချင်သည့်ဆန္ဒတွေ
ကိုသူမသိခဲ့။tခုတော့အခြားသူတွေနဲ့အတူသိခွင့်ရခဲ့သည်ကိုသူ့စိတ်ထဲမတင်မကျ ။
ဒါဘာလဲ၊ Jaeနဲ့ပတ်သတ်သမျှ ကို သူပဲအရင်ဆုံးသိချင်နေတာလား။ ဒါမှန်သည်ဟုထင်
သည်။ တကယ်ဆိုလည်း Jaeအရင်းနှီးဆုံးကသူပဲလေ။အခုလူတွေကအခုမှတွေ့တာ။
"Jaeရေ ဒါလေးလာကူပေးပါအုံး"
"Hyungခဏနော်"
အတွေးတောင်မဆုံးသေး Xiumin Hyungရှိရာသို့ပြေးထွက်သွားပြီး Xiumin Hyung
၏မိုက်ကြို းတွေကိုဝိုင်းကူရှင်းပေးနေသည်လေ။ တွေကာရပ်နေသောသူ့အားတစ်စုံတစ်
ယောက်ကပခုံးလာပုတ်သဖြင့်လှည့်ကြည့်တော့Jong Daeဖြစ်နေသည်။
"နေရခက်နေရင်Walletထဲကကြယ်သီးလေးကိုကိုင်ထားလေ။သက်သာသွားလိမ့်မယ်"
ဒါဘာကိုလာပြောနေတာလဲ ။ အခုချိန်ထိသူ့walletထဲရှိနေသည့်အနီရောင်ကြယ်သီး
ကိုမြင်ဖူးထားသောJong Daeသည်ခပ်ပြုံ းပြုံ းမျက်နှာထားနှင့်ပြောနေသည်ကဘာ
သဘောလဲ။ နားမလည်သဖြင့်ဘာပြန်ပြောရမှန်းလည်းမသိ။ နဂိုတည်းက သူက ဘာသာ
စကားနားလည်မှုအားနည်းခဲ့သူမလား။
"한나두새 Exo 사랑해 "
စင်ပေါ်မတက်ခင်သူတို့အော်နေကျအတိုင်းလက်တွေထပ်ကာအော်ကြသည်။Stageပေါ်
တက်ရန်အဆင်သင့်ဖြစ်နေကြစဉ်
"Hyungခဏ" ဟု ပြောရင်းသူ့ ရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သောJaeကိုအားလုံးက
ငုံ့ကြည့်သည်။ သူူ့ ဖိနပ်ကြို းကိုသာသေသေသပ်သပ်ပြန်ချည်ပေးလေသည်။
"Wow!!Yi Xing Hyungကိုအားကျတယ်"
"Manager Hyungကိုပူဆာရမယ်ကျွန်တေ့ာ်ကိုလည်းPAတစ်ယောက်ထားပေးဖို့"
အငယ်ဆုံးနှစ်ယောက်က ကလေးပီပီစိတ်ထဲမှာရှိသည့်အတိုင်းပြောနေကြသည်။
သူတို့ အဖွဲ့နာမည်ကြေငြာနေသည်မို့အားလုံးကStageပေါ်တက်ရန်အာရုံစိုက်
နေကြပြီ။အခန်းတွင်းပစ္စည်းသိမ်းနေသောStaffအနည်းငယ်ရှိနေ၍သူ့နားကပ်ကာ
တိုးတိုးလေးပြောမိသည်။
"နောက်ဒါမျို းတွေမလုပ်ပေးပါနဲ့။"
အံ့သြခြင်းနှင့် ဝမ်းနည်းခြင်းရောယှက်သွားသည့် Jaeမျက်လုံးကို ရှောင်လွှွဲနိုင်ဖို့ရန်
ပြောပြောပြီးချင်း သူအမြန်ကျောခိုင်းခဲ့သည်။ မဖြစ်သင့်ဘူးလေ။Stylistဖြစ်ချင်သည့် Seoul
တက္ကသိုလ်ထွက်ကောင်လေးတစ်ယောက်ကသူ့ဝေယျာဝစ္စတွေကိုအောက်ခြေသိမ်း
လိုက်လုပ်ပေးနေတာမဖြစ်သင့်ဘူး ဟု သူထင်သည်။
သိသိသာသာ ငြိမ်ကျသွားသည့် Jaeနှင့်သူစကားပြောဖို့လိုနေပြီဆိုတာ သိပေမဲ့ တကယ့်တကယ်တမ်း
ပွဲပြီးသွားပေမယ့်စကားပြောချိန်မရပါ။
"Jae!!HyungကိုMake-upဖျက်ပေး"
လက်ဆွဲကာတောင်းဆိုလာသူကExo's Maknae
"သူပြီးရင်Hyungကိုဖျက်ပေး"
အနားတွင်Make-upဖျက်ဖို့တန်းစီနေကြသူတွေ။ Sehun ၏ထင်ရှားသောJaw Lineကို
လက်ဖျားလေးနှင့်ပင့်တင့်ကာစိတ်ရှည်လက်ရှည်Make-upဖျက်ပေးနေသူ။
ထိုသို့သောမြင်ကွင်းမျိုးတွေကြောင့် သူ့အနားတွင် Jaeမထားချင်သလိုမထားလည်းမထား
ရက်တော့ဘူး။ ဘာကြောင့်ရယ်ဘယ်လို ကြောင့်ရယ်မသိပေမယ့် Jaeကိုဒီထက်မြင့်
တဲ့နေရာကိုပို့ပေးချင်တယ်။ Jaeစိတ်မပါဘဲနဲ့သူ့ကိုစောင့်ရှောက်ပေးနေရတာမျိုးကိုလည်း သူမကြိုက်
ဘူး။
တော်ပြီပေါ့နော်သူ့အနားမှာ ဒီကောင်လေးကို ခေါ်ထားတာတော်သင့်ပြီပေါ့။

HealingWhere stories live. Discover now