"Yixingမင်းဘယ်လိုလုပ်လိုက်တာလဲ။ အခုပြဿနာကိုဘယ်လိုမှရှင်းမရတော့ဘူး"
"ဟိုလူကိုတရားစွဲမယ်။အဲ့လိုလူထောင်ထဲကနေကိုမထွက်သင့်တာ"
"Yixingငါပြောနေတာမင်းပြဿနာကွ။မင်းကိုအခုHomoလို့ပြောနေကြပြီ"
"ဟုတ်တယ်လေ။Jaeသာတကယ်ယောကျာ်းလေးဖြစ်ခဲ့ရင်သူတို့ပြောသလိုကျွန်တော် ဂေးပေါ့။"
"စကားကိုလက်လွတ်စပယ်မပြောစမ်းနဲ့။အေးဟုတ်တယ်။မင်းခုလိုပြဿနာတွေမရှိပဲJaeနဲ့သာ
နာမည်မထွက်ပဲမင်းသာHomoလို့ဝန်ခံကြည့်OTPအားပေးတဲ့ကလေးတွေထကမှာ။ခုဟာကJaeကြောင့်နဲ့မင်းခုလိုသတင်းထွက်နေတာလေ"
"သူတို့ပြောတာမှားမှမမှားတာ။Jaeကအခုမိန်းကလေးဖြစ်နေလို့ကျွန်တော်ပုံမှန်ဖြစ်နေတာလေ။သူသာယောကျာ်းဖြစ်ရင်အားလုံးပြောနေသလိုကျွန်တော်Homoပေါ့။သူယောကျာ်းလေးဖြစ်နေ
လို့ကျွန်တော်မချစ်ဘဲနေမှာမှမဟုတ်တာ။"
"မင်းခေါင်းမမာနဲ့Yixing။ခုမင်းဘယ်လိုဆက်လုပ်မယ်စိတ်ကူးလဲ"
"ကျွန်တော့်ကိုလက်မခံနိုင်တဲ့ပတ်ဝန်းကျင်မှာကျွန်တော်ဆက်နေသင့်တယ်လို့Hyungထင်
သလား"
Recorderလေးကိုပိတ်ပြီးကြည့်လာသောManager Hyung၏မျက်လုံးတွေကိုJaeရင်
မဆိုင်ဝံ့ပါ။ဒါတွေအားလုံးကJaeကြောင့်သာဖြစ်လာခဲ့တာလေ။
"အရင်Koreaမှာတည်းကOppaပြောခဲ့တာကိုMijaeမှတ်မိမယ်ထင်တယ်။EXOဆိုတာOppaအတွက်တော့ဒုတိယမိသားစုပဲ။သူတို့အားလုံးကOppaကြည့်လာခဲ့ရတဲ့ကလေးတွေ။ပင်ပင်ပန်း
ပန်းနဲ့တည်ဆောက်ထားခဲ့တဲ့သူတို့ကမ္ဘာကိုဘာအကြောင်းနဲ့မှအပျက်စီးမခံနိုင်ဘူး။"
"Nae...ကျွန်တော်ဘာလုပ်ပေးရမလဲသာပြောပါ"
"အရင်ဆုံးYixingကိုHomoလို့ပြောနေကြတာကို အရင်ပျောက်အောင်လုပ်ရမယ်။ပြီးတာနဲ့
Mijaeကသူ့အနားကထွက်သွားပေးပါ။ဒါနှစ်ယောက်လုံးအတွက်အကောင်းဆုံးနည်းလမ်းပါ။
Mijaeတို့နှစ်ယောက်အတူတူရှိနေရင်နှစ်ယောက်လုံးထိခိုက်ရလိမ့်မယ်။"
"Nae~"
Jae က ဘာပြောနိုင်မှာတဲ့လဲ။ဒါMijaeတို့ဘဝတွေပဲလေIdolတစ်ယောက်ကို ချစ်ခဲ့မိသည့် မိန်းကလေးတစ်ယောက်ရဲ့ဘဝပေါ့။
"Oppaကိုသူကပြောတယ်။Jaeကိုဘယ်လိုနည်းနဲ့မှPublicရှေ့မထွက်စေရဘူးတဲ့။ဒါကြောင့်
သူငြင်းနေရင်တောင်Mijaeကဖြစ်တဲ့နည်းနဲ့ရိုက်ကွင်းကိုရအောင်လိုက်ခဲ့ပါ။ပြီးတော့Oppaတို့
စီစဉ်ထားတဲ့အတိုင်းလုပ်ပေးပါ။Oppaသိတယ်။အခုလိုတွေမလုပ်ခိုင်းသင့်မှန်း..."
"Ar--Arniရပါတယ်။သူ့အတွက်ပဲ။ထိုက်တန်ပါတယ်"
"Oppa...Eunwooကိုဖုန်းဆက်ထားတယ်"
"Oppa!"
"Miyannae။ဒီကိစ္စတွေပြီးတာနဲ့Mijaeဒီနိုင်ငံကရောKoreaကပါထွက်သွားပေးပါ။Mijaeရဲ့တကယ့်ဘဝအမှန်ကိုပြန်သွားပါ။"
"သူ့ကိုပေါ်ပေါ်ထင်ထင်ချစ်ခွင့်မရှိတာကိုတော့ကျွန်တော်သည်းခံနိုင်ပါတယ်။ကျွန်တော့်အချစ်တွေကို
တော့သူမဟုတ်တဲ့တခြားတစ်ယောက်လက်ထဲထည့်ခိုင်းတာကတော့...ဟင့်အင်းကျွန်တော်မလုပ်
နိုင်ဘူး"
"EunwooကိုMijaeချစ်ခဲ့ဖူးတာပဲလေ"
"ချစ်ခဲ့ဖူးတာပါ။ချစ်နေတာမှမဟုတ်ပဲ"
"ထားပါအဲ့ဒီအထိတော့Oppaဝင်မပါသင့်ပါဘူး။ အခုချိန်နှစ်ယောက်သားခွဲနေတာကအကောင်းဆုံး
ပါ။အချိန်ကကုစားပေးမှာပါ။နှစ်ယောက်စလုံးလည်းအဲ့ဖက်ပိုင်းမှာအတွေ့အကြုံရှိပြီးသားပဲလေ"
လွယ်လိုက်တာလို့Jaeတွေးမိသည်။အခုဘာလဲသူကJaeတို့နှစ်ယောက်ကိုသာမန်အနေနီးလို့စိတ်ကစားတယ်လို့ထင်နေတာလား။အချိန်ကကုစားမယ်တဲ့လား။ အင်းလေအချို့ကုထုံးတွေကကုနေရင်းနဲ့ရောဂါကိုသာပိုတိုးလာစေတတ်တဲ့အကြောင်းမရှင်းပြချင်
တော့ပါဘူးရယ်
"Nae...ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါ့မယ်"
"အင်းOppaတကယ်အားလည်းနာတယ်။ပြီးတော့Mijaeကိုယုံတယ်။Yixingမထိခိုက်
အောင်Mijaeကပဲကာကွယ်ပေးနိုင်မှာ"
***
#ယောကျာ်းအချင်းချင်းမြူဆွယ်ရအောင်မင်းကGayလား
#ပြောပါတယ်။EXOတွေကGayတွေပါဆို။အခုတော့ကြည့်လေ။ဝန်ခံရှာပြီ
#ဘာလားပဲZhang Yixing ။ကိုယ့်ထက်၄နှစ်လောက်ငယ်တဲ့ကလေးတစ်ယောက်ကို၈လ
တောင်ခေါ်ပြီးအတူူတူုနေတယ်ဆိုတည်းကဟားတွေးလေအန်ချင်လေ
#ကလေးမုန့်ပေးကြိုက်တယ်ဆိုတာဒါမျိုးလား
#သူ့ဟာလေးတခြားသူထိတော့ သေမလိုပဲ။မင်းရိုးသွားရင်လေလံတင်စမ်းပါကွာ
#သိပါဘူးအစကDramaရိုက်နေတယ်ထင်တာ။အော်သတင်းစာရှင်းလင်းပွဲကြည့်မှပဲမင်းဘာဆိုတာသိသွားတော့တယ်
#ကဲတစ်ယောက်တော့ဝန်ခံသွားရှာပြီ။ကျန်သူတွေကောအမှတ်စဉ်မှတ်ပြီးပြီလား။
Commentsတွေကိုကြည့်ရင်းJaeကိုယ့်ကိုကိုယ်သတ်သေချင်မိတော့သည်။နောက်ကနေ
ဒိုင်ခံလိုက်ရှင်းပေးနေကြသောLတွေကိုလည်းJaeတကယ်အားနာလာပြီ။ခုချိန်သူတို့ဘယ်လို
ခံစားနေရမလဲJaeနားလည်တယ်။တချို့စိတ်မထိန်းနိုင်တဲ့ကလေးတွေJaeကိုပေါက်ကွဲကြတာ
လည်းJaeသည်းခံပေးနိုင်တယ်။သူ့အတွက်သူ့ကိုချစ်တဲ့သူတွေအတွက်Jaeလုပ်ရပ်ကအများကြီး
ထိုက်တန်လွန်းပါသည် ။ ဒီလိူလုပ်လိုက်လို့သူ့ထံပါးနှလုံးသားအပ်နှင်းထားသောအမျိုးသမီးထုထိတ်
လန့်သွားစေမည်။Jaeကိုမုန်းချင်မုန်းသွားနိုင်စေမယ်ဆိုတာသိသော်ငြားAntiတွေ၏သိက္ခာချနေ
မှုများကိုတော့ ရှင်းလင်းစေနိုင်ကောင်းပါရဲ့။အနည်းဆုံးတော့သူဟာAsiaအသိုင်းအဝိုင်းက
လက်မခံနိုင်သေးသောလူတန်းစားထဲပါဝင်သူမဟုတ်ဘူးဆိုတာသေချာသွားဖို့သာအဓိကပါ။
"မလိုက်ရဘူး။မင်းနေလည်းမကောင်းသေးဘူးပြီးတော့အပြင်မှာ..."
သူဆက်မပြောဘဲ စကားကိုရပ်လိုက်သည်။ဒါကိုအခွင့်ကောင်းယူကာ
"လိုက်ခဲ့မယ်။ဘယ်အချိန်ထိခင်ဗျားကျွန်တော့်ကိုအကျယ်ချုပ်ထားမှာလဲ။ဒီတရုတ်အိမ်သေးသေး
လေးထဲမှာထားပြီးကျွန်တော့်ကိုလူတောမတိုးရဲအောင်ခင်ဗျားစီမံကိန်းချနေတာမလား"
"Jae yah...ဘာလို့ဂျစ်တိုက်နေရတာလဲကွာ။Hyung ညနေစောစောပြန်လာမယ်။ ဟုတ်ပြီလား။"
"ဟင့်အင်းကျွန်တော်လိုက်ချင်တယ်"
"သူလိုက်ချင်ရင် ခေါ်ခဲ့လိုက်ပေါ့ကွာ"
"Hyung!!"
ဝင်ပြောသောManager hyungကိုဒေါသသံရာခိုင်နှုန်းများစွာပါဝင်နေသောအသံနှင့်တုံ့ပြန်မိ
သည်။သူမမြင်တာလဲမဟုတ်။Jaeနဲ့ပတ်သတ်တဲ့commentတွေ။ခုချိန်Jaeအတွက်ဘယ်
လောက်အန္တရာယ်များလည်းသူမသိတာလည်းမဟုတ်။အပြင်မှာတွေ့တာနဲ့ သတ်ပစ်မယ်ဆိုတဲ့သွေးနဲ့ရေးထားသောSasaengတွေရဲ့ခြိမ်းခြောက်စာတွေမြင်ထားတဲ့
သူကJaeကိုခုလိုအိမ်ထဲကအိမ်ပြင်မထွက်ခိုင်းရဲခဲ့တာပါ။ကိုယ့်ကျောပိုးအိတ်ထဲသွေးစာလာထည့်ခံ
ရတုန်းကတောင်သူဒီလောက်မတုန်လှုပ်ခဲ့ပါ။သူချစ်ရသူကိုတော့သူ့အတွက်ကြောင့်နဲ့မထိခိုက်စေ
ချင်သည့်စိုးရိမ်လွန်ကဲမှုကိုအတ္တလို့သမုတ်ပါကကျေနပ်စွာခံယူပါမည်။
"လိုက်ခဲ့မယ်။ကားပေါ်မှာပဲနေခဲ့မယ်လေ။ကျွန်တော်ကိုနည်းနည်းအားနာပါအုံး။ကြာရင်ကျွန်တော်
လူဆိုရင်Hyungလောက်ပဲမြင်ဖူးတော့မယ်"
ဟုတ်တော့လည်းဟုတ်သည်။ Jaeအိမ်အပြင်မထွက်ရတာတစ်လနီးပါးရှိနေပြီလေ။ခြိမ်း
ခြောက်ထားသောpostတွေမမြင်စေချင်၍ဖုန်းကိုလည်း YiXing က သိမ်းထားခဲ့သည့်အတွကဒီအ
တောတွင်း Yixingဆိုသည့်လူသားကိုသာမြင်တွေ့ခဲ့ရသည်။
"တကယ်နော်။Hyungပြန်မလာမချင်းကားထဲမှာပဲနေနော်"
"Arlaryo"
Jae တကယ်အပြင်ထွက်ချင်ရုံသက်သက်မဟုတ်မှန်းသိခဲ့ရင်။ photo shootingတစ်
ခုရိုက်နေစဉ်အတွင်း Manager Hyungနဲ့တိတ်တဆိတ်တွေ့ခဲ့မှန်းကြိုသိခဲ့ရင် သူ မဖြစ်မနေကို Jae ကို
တားခဲ့မှာ။တားရုံတင်မဟုတ်သူနဲ့အတူထွက်ပြေးမိခဲ့မယ်ထင်ပါရဲ့။
Go fightingဆက်ရိုက်နေရ၍နယ်မြို့လေးတစ်ခုသို့ရောက်လာခဲ့ရသည်။
"ကားထဲမှာပဲနေခဲ့နော်။HyungBreakတိုင်းချိန်ရတိုင်းဖုန်းဆက်မယ်သိလား။ဗိုက်ဆာရင်ထမင်းဗူးတွေဖွင့်စားနော်။Hyungကိုစောင့်မနေနဲ့ဆာရင်စားထားနှင့်"
တတွတ်တွတ်မှာတမ်းခြွေနေသူကို Jaeမျက်နှာလွှဲထားလိုက်မိသည်။သတင်းစာရှင်းလင်းပွဲပြီးတည်း
ကHyungကိုJaeကောင်းကောင်းမွန်မွန်ကိုမပြောတော့သလိုအရင်လိုရင်းရင်းနှီးနှီးလည်းမနေတော့။
ဒါတောင်သူကခွင့်လွှတ်မြဲ။နေမြဲအတိုင်းနေမြဲ။ပြောစရာရှိတာကိုအပြုံးလေးတစ်ခုနဲ့ချော့မော့ပြောဆဲ။
ကားပေါ်မှဆင်းသွာသောသူ့ကိုကြည့်နေရင်းမှManager Hyungနဲ့အကြည့်ချင်းဆုံတော့
ခေါင်းသာညိတ်ပြလိုက်မိသည်။သူကနှုတ်ဆက်ပြုံးလေးတစ်ခုနဲ့Jaeကိုလက်ပြ၏။
Stickerကပ်ထားသောကားကိုလက်လှမ်းပြကာပြုံးနေသောသူ့အပြုအမူကြောင့်တစ်ချို့ကဇဝေဇဝါ
ရယ်။Manager Hyungကတော့ပြောသည်။ စိတ်သက်သာရာရစေဖို့လားသူ့ကိုစိတ်မချဘူးဟူ
သည့်ဆင်ခြေနှင့်သူ့အနားတွယ်ကပ်မနေစေချင်၍လားမသိ။Yixing ရိုက်ကွင်းတွေမှာအဆင်ပြေ
နေတာပဲတဲ့လေ။ဟုတ်မှာပါ။Hyungကအရွယ်ရောက်ပြီးရင့်ကျက်နေပြီဖြစ်တဲ့ယောကျာ်းတစ်ယောက်ပဲ။Jaeလိုကလေးသာသာကောင်မလေးမရှိလည်းသူကအဆင်ပြေပြေနေနိုင်မှာပါ။
မြင်ကွင်းထဲသူရှိမနေတော့သောအချိန်တိတ်ဆိတ်သောကားထဲသေမိန့်စောင့်နေသူတစ်
ယောက်လို။လျို့ဝှက်ခေါက်ဖုန်းအပေါစားထဲကစာသေမိန့်အလား။ သေမိန့်မဟုတ်ပါဘူး။ကယ်တင်ခြင်းစေညွှန်လွှာပါ။ရှေ့မှချောင်းတိုလေးကိုဖြတ်ထိုးထား
သောတံတားလေးကိုလှမ်းမျှော်ရင်းရှပ်အကျကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်လိုက်ပြီးကားပေါ်မှဆင်းခဲ့သည်။ Manager Hyung ပြောသည့်အစီအစဉ်ကရိုးရိုးလေး ။ ရွာထိပ်က ချောင်းပေါ်ဖြတ်ဆောက်ထားသည့် တံတားပေါ်ကနေ ချောင်းထဲခုန်ချလိုက်။ သူအသင့်လွှတ်ထားသည့်လူတွေက လာကယ်မယ်။ ရှူတင်အဖွဲ့တွေပါ ရောက်လာကြပြီး အသက်ကယ်ဖို့လုပ်ကြရင်ရှပ်ကြယ်သီးတွေဖြုတ်ထားသည့်Jaeကိုအားလုံးကမိန်းကလေးမှန်းသိသွားကြမည်။ သူ နဲ့ဇာတ်တိုက်ထားသည့် သတင်းသမားတွေကလည်း Jaeကသာ YiXingကို သဘောကျလွန်းလို့ ယောကျာ်းလေးယောင်ဆောင်ပြီး YiXingနားရောက်အောင်လာခဲ့ခြင်းဖြစ်သည်။ YiXingက ဒါတွေကိုမသိဘဲ ယောကျာ်းလေးလို့သာထင်ပြီး ညီလေးတစ်ယောက်လိုချစ်ပေးခဲ့ စောင့်ရှောက်ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်ပေါ့။ ထိုအစီအစဉ်က လက်မခံနိုင်စရာအကြောင်းမရှိ။
ထို့ကြောင့်လည်းအခုကဲ့သို့Jaeရောက်လာခဲ့ခြင်းဖြစ်သည်။ဘေးပတ်ဝန်းကျင်တွင်ဘယ်သူမှမရှိ။ချောင်းကသိပ်မနက်ပေမယ့်Manager hyungအပြောအရလူ့တစ်ရပ်တော့ကျော်သည်ဟု သိရသည်။
တံတားလေးကိုဖြတ်ကူးလိုက်ရင်ဟိုဖက်ချောင်းစပ်ဆိုရင်နည်းနည်းရေနိမ်သည်။ တိတ်ဆိတ်နေ
သောပတ်ဝန်းကျင်တွင်လေတိုးသံရှဲရှဲ။ရိုက်ကွင်းဆီကလွင့်လာသောစကားသံလုံးလုံး။
တံတားကချောင်းနှင့်သိပ်တော့မကွာ။သို့ပေမယ့်တော်ရုံအမြင့်တော့ရှိတယ်။တသွင်သွင်စီးနေသောချောင်းရေအောက် ကျောက်စရစ်ခဲရောင်စုံကိုအတိုင်းသားမြင်နေရသည်။
"ရန်သူကိုတံတားပေါ်မှာတွေ့တယ်ဆိုတာတကယ်မှန်တာပဲ"
မျက်နှာချင်းဆိုင်အနေအထားဖြင့်Jaeဆီသို့လျှောက်လာသောအနီရောင်ခေါင်းစည်းတွေနှင့်
အမျိုးသမီးငယ်သုံးယောက်။ Sasaengတွေ။Jaeဘာလုပ်သင့်ပါသလဲ။ရုတ်တရက်လည်ချောင်းတွေခြောက်လာ
သည်။ချောင်းထဲခုန်ဆင်းဖို့မကြောက်ပေမယ့်လို့ဒေါသသွေးရဲရဲတောက်နေသူများကိုတော့ဆောင်း
ပါးများတွင်ဖတ်ရတည်းကကြောက်ခဲ့ရတာ။
"ဟမ်။ငါထင်တော့ထင်သားOppaကားထဲကိုလက်ပြနှုတ်ဆက်တည်းကနင်ပါလာမယ်ဆိုတာ"
"ငါတို့oppaကိုကတိပေးထားတယ်နင့်ကိုရောက်တဲ့နေရာတွေ့တဲ့အချိန်သတ်မယ်လို့"
"နင့်ကြောင့်ငါတို့Oppaနာမည်ပျက်နေရတာပိုင်းလုံးကောင်ရဲ့"
ပြောရင်းပြေးဝင်လာကြသည်။Jaeဘာလုပ်သင့်ပါသလဲစဉ်းစားနေချိန်မရပါ။Jaeပေါ်ကျရောက်လာသောရိုက်ချက်တွေ။နေရာမလတ်ကျလာသောနာကျင်မှုများကိုတွန်းလှန်ဖို့ရန်အားမှမရှိတာရယ်။
ရှက်စိတ်ဝမ်းနည်းစိတ်တို့နှင့်အတူပူစပ်သွားသောပါးပြင်။ကျောပေါ်ကျရောက်လာတဲ့ကန်ချက်တွေ
ကြားအတွေးထဲဝင်လာတာကSasaengတွေအခုသူနဲ့အနီးဆုံးကိုရောက်နေတာပဲသူရော။
သူ့ကိုရောအန္တရာယ်မပြုကြတော့ဘူးတဲ့လား။
သူ့ကိုအခုသွားပြောမှဖြစ်မှာ။ကြိုးစားထရပ်ချိန်။ဆွဲဆောင့်ခံလိုက်ရ၍်ပြုတ်ထွက်သွားသောကြယ်သီးနဲ့အတူ ထွက်ကျလာသောအာမေထိဋ်သံတွေ။
"Yar...သူက...သူကမိန်းကလေးဟ"
ဒေါသမီးထဲခံပြင်းဓာတ်ဆီလောင်းထည့်လိုက်သည့်အလား။
"မြေခွေးမ"
"နင်ဒီနေ့သေပြီ"
ရှိသမျှအားနဲ့ရုန်းကန်မိသော်လည်းJaeကိုယ်သည်လေဟာနယ်ထဲသို့။အေးစိမ့်နေသောရေထုထဲအရှိန်ပြင်းစွာ။ကျောက်စရစ်ခဲတွေနဲ့ထိတွေ့မိချိန်ကျောပြင်တစ်ခုလုံးစူးအောင့်လာသလို ဒဏ်ရာတွေကရေအေးအေးနှင့်ထိတော့စပ်ဖြင်းဖြင်း။ရေကူးတတ်ပါသော်လည်းနောက်ပြန်ပြုတ်
ကျလာသဖြင့်ချက်ချင်းပြန်မထနိုင်ဖြစ်နေစဉ်ပါးစပ်နှင့်နှာခေါင်းထဲသို့အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့ရေတွေ။Jaeရေနစ်နေပြီ။အစီအစဉ်တိုင်းဆိုဒီအချိန်ကမ်းပေါ်မှာတစ်ယောက်ယောက်ရှိနေရမှာလေ။ခုမရှိတာလား။
Jaeသေရတော့မှာလားဟင်။မသေချင်သေးဘူး။သူ့ကိုဒီလိုအဖြစ်ဆိုးကြီးနဲ့သူ့ကြောင့်ဆိုတဲ့စိတ်
ကြီးနဲ့တစ်သက်လုံးမခံစားခဲ့စေချင်ဘူး။Jaeကိုလာကယ်ပါ။တစ်ယောက်လောက်အမြန်လာကယ်ကြပါ
သူ မြင်နေရသည့်မြင်ကွင်းကသွေးပျက်စရာ။ Jaeအနားမှာယောကျာ်းတွေဝိုင်းနေကြ၏။ ကောင်
လေးတစ်ယောက်ရေနစ်နေတယ်ဆိုသည့်သတင်းကြောင့်shootingတစ်ဖွဲ့လုံးချောင်းစပ်ကို
ရောက်လာကြပြီးမှ ရေနစ်သူမှာ Jae ဖြစ်နေခဲ့သည်။
"Jae!"
ManagerHyungကသူ့လက်ကိုဖမ်းဆွဲထားသည်။YiXingရှိသမျှအားနဲ့ဆွဲဖြုတ်လျက် Jaeရှိရာသို့အားကုန်ပြေးမိသည်။
"သူကမိန်းကလေးဟ"
ဆိုသည့်အသံကို Jaeနားမရောက်ခင်တည်းကကြားလိုက်ရသည်။ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့အာခေါင်ခြစ်အော်လိုက်မိသည်။
"ခင်ဗျားတို့လက်တွေကိုအခုဖယ်လိုက်"
ဖြုတ်နေတဲ့ကြယ်သီးတွေ။တစ်ပိုင်းတစ်စပေါ်နေပြီဖြစ်သောအတွင်းခံဖြူဖြူလေး။
"ခင်ဗျားတို့ကိုဖယ်လို့ပြောနေတယ်လေ"
ရှပ်အကျီ ၤဆွဲချွတ်ကာ Jaeကိုယ်လေးပေါ်လွှမ်းခြုံပေးစဉ် အနောက်ဖက်လူအုပ်ကြီးမှ
"မိန်းကလေးဟ"ဆိုသည့်အံ့သြရေ ရွတ်သံတွေကိုဂရုမစိုက်နိုင်အားဘဲအေးစက်ပြီးနီရဲနေတဲ့သူ့ပါး
ပြင်ကိုသာခပ်ဖွဖွပုတ်ကာJaeနာမည်ကိုအရူးတစ်ယောက်လိုတွင်တွင်အော်နေမိသည်။
"Jae!!Jae!!ထပါ။ဘာဖြစ်တာလဲ။Hyungခေါ်နေတယ်လေ။Jae!!"
"သူရေနစ်ထားတာလေ"
အနောက်မှလှမ်းပြောသံ။နှလုံးခုန်သံလေး သူကြားနေရသေးတယ်။အသက်ငွေ့နွေးနွေး
ကိုလည်းခံစားနေမိသေးသည်။ သူ့ကိုဒီလိုပုံစံနဲ့မထားခဲ့ပါဘူး။
သူ့အဆုပ်ထဲမှလေများကို Jae ထံသို့လွှဲပြောင်းပေးသလိုသူနှလုံးခုန်သံကိုလည်း
ပြန်လည်ရှာဖွေနေမိသည်။
"Jae!!Jae!!"
ချောင်းတစ်ချက်ဆိုးကာပြာနေပြီဖြစ်သောနှုတ်ခမ်းပါးမှရေတွေထွက်ကြလာသည်။
"Jae!!"
"Hyung"
YiXingဘာမှမစဉ်းစားနိုင်အား...Jaeကိုကောက်ပွေ့ကာနားနေခန်းဆီသို့သာ့ခေါ်လာလိုက်သည်။
"ဒါဘယ်သူတွေလုပ်လိုက်တာလဲ"
အရေပြားတွေပေါ်မှညိုမဲကွက်များကိုကြည့်ရင်းမေးတော့ခပ်နွမ်းနွမ်းလေးသာပြုံးပြရင်းYiXing
ကိုငေးကြည့်ရင်း
"တော်သေးတယ်"ဟူ၍သာပြောလာသည်။ Jaeဘာတွေပြောနေတာလည်း YiXingနားမလည်။
"Jaeဘာဖြစ်တာလဲ။ဘာကိုတော်သေးတာလဲ"
"ကျွန်တော့်ကိုမိန်းကလေးမှန်းသိသွားကြပြီ။ခုဆိုHyungကိုသူတို့တွေ ဂေးလို့မပြောနိုင်
တော့ဘူးလေ"
"ဘာ!ဒါ--ဒီလိုဖြစ်အောင်တမင်ဖန်တီးလိုက်တာလား။ဘာလို့အဲ့လိုတွေလျှောက် လုပ်ရတာလဲ
Jaeရာ။မတော်မင်းခုထက်ဆိုးတာမျိုးဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။အခုလိုလူပုံအလယ်မှာမင်းအရှက်
တရားကိုချပြရလောက်အောက်ထိHyungကထိုက်တန်လို့လား"
"ထိုက်တန်တာပေါ့။"

VOCÊ ESTÁ LENDO
Healing
FanficThere is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And then she finds her real dream & love.