Start Trouble Of Her Simple Life

1.4K 118 5
                                    

At Jung Mansion,🏡🏡🏡

အနုပညာဆန်စွာ အသေးစိတ် decoration လုပ်ထားတဲ့ အိပ်ခန်း
တစ်ခုတွင် အပြစ်ကင်းစွာ နှစ်နှစ်ခြိုက်
ခြိုက်အိပ်မောကျနေတဲ့ မိန်းကလေး
တစ်ယောက်မှာ အပြင်မှတံခါးခေါက်
သံ နဲ့အတူ တစ်ဆက်တည်းထွက်လာ
တဲ့အသံကြောင့် မဖွင့်ချင်တဲ့ မျက်လုံး
ကို အတင်းပြူးပြဲဖွင့်ကာ နိုးလာပါတယ်၊

🚪🚪🚪Knock....Knock.....

"မမလေး ရဲ့ Omma ကနိုးခိုင်းလိုက်လို့
ပါ အောက်မှာမနက်စာ စားဖို့ အဆင်သင့်
ဖြစ်နေပါပြီ"

"Ok.....Ok... Omma ကို ခနနေရင်ဆင်း
လာခဲ့မယ်လို့ ပြောလိုက်"

"Nae......မမလေး"

At Dining room,

Sooyeon မှာ မနက်စာကို တိတ်ဆိတ်
စွာစားနေရင်း သူမ နဲ့ မျက်နှာချင်းဆိုင်
မှာထိုင်နေတဲ့ သူမအမေကစကားစ
တာနဲ့ မနက်စာ စားနေတာကိုရပ်ပြီး
နားထောင်လိုက်တယ်၊

"သမီးကိုပြောစရာရှိတယ်၊ သမီးလည်း
မငယ်တော့ဘူး၊ အိမ်ထောင်ပြုသင့်တဲ့
အရွယ်ရောက်နေပြီ၊ သမီးမှာ ချစ်သူ
မရှိဘူးလား"

"Arni.....Omma,သမီးလက်မထပ်ချင်
သေးဘူး၊ ဒီအတိုင်းပဲနေချင်သေးတယ်၊
ပြီးတော့ Omma တို့နဲ့မခွဲနိုင်သေးဘူး"

"စကားတတ်တိုင်းလာချွဲမနေနဲ့ Sooyeon
အိမ်ထောင်ပြုချိန်တန်ရင်တော့ ပြုရမှာပဲ
သမီးကို ဒီနှစ်ကုန်တာနဲ့လက်ထပ်ပေးဖို့
စဉ်းစားထားတယ်၊ ချစ်သူရှိရင်လည်းခေါ်
ခဲ့၊ မရှိဘူးဆိုရင် Omma တို့စီစဉ်တဲ့သူ
နဲ့ယူရမယ်ကြားလား"

"Arrrr....Omma သမီးကလေ......."

စကားမဆုံးခင်သူ့ Omma ကဖြတ်ပြော
လိုက်တာကြောင့် ပြောစရာစကားလုံး
တွေတစ်ဝက်နဲ့ရပ်သွားတယ်

"ဟိုဟာဒီဟာမလုပ်နဲ့ Sooyeon အဲဒါ
တကယ်ပြောတာနင်လုပ်ကိုလုပ်ရမှာ
ငြင်းဖို့မစဉ်းစားနဲ့၊ နင်ပြီးရင် နင့်ညီမ
ကျန်သေးတယ်"

သူ့ Omma ၏တစ်ချက်လွတ်အမိန့်
ကြောင့် ပြန်မငြင်းရဲတော့ပေမဲ့ဘေး
မှာထိုင်နေတဲ့ သူ့ Appa ကို စစ်ကူ
တောင်းသလိုကြည့်ကာ

"Appa ပြောပေးပါအုံး Omma ကို
သမီးလက်မထပ်ချင်ဘူးလို့နော်...."

သူ့ Appa ပြန်ပြောတဲ့စကားကြောင့်
နောက်ဆုံး Sooyeon ၏ လက်ကျန်
မျှော်လင့်ချက်လေးမှာ မီးစာသေးသေး
လေးကိုလေပြင်းတိုက်လိုက်သလိုတမ
ဟုတ်ချင်း ငြိမ်းသွားလေသည်။

"Appa ရဲ့ သဘောထားကလည်း
ဒီအခါတော့ သမီးရဲ့ Omma လိုပဲ
နှစ်ကုန်ဖို့လည်းနည်းနည်းလိုသေး
တာပဲ၊ ချစ်သူမရှိသေးရင် ဒီကြားထဲမှာ
ရှာထားပေါ့၊ မဟုတ်ရင် Appa တို့ပေး
စားတဲ့သူကိုယူရမယ်"

Sooyeon လည်းအားမရှိတဲ့လေသံနဲ့

"Nae..... သမီးနားလည်ပါပြီ Appa
ဒီနေ့ ပန်းချီဆွဲဖို့ Outdoor သွားမလို့
အပြန်နည်းနည်းနောက်ကျလို့ရတယ်
မလား"

"မိုးလည်းအရမ်းမချုပ်နဲ့အုံး သမီးက
အကြီးနော် ညီမလေးရဲ့စံပြဖြစ်နေရ
မှာ ကြားလား"

"ဟုတ်ကဲ့ပါ Appa ဒါဆိုသမီးသွားဖို့
ပြင်စရာလေးရှိသေးလို့ အပေါ်တက်
တော့မယ်နော်"

🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

အချိန်ပေးပြီး ဖတ်ပေးတဲ့သူတွေ
အားလုံးကို ကျေးဇူးတင်ပါတယ်🙏🙏

To be continued🔜🔜🔜🔜🔜🔜

♒Sblvz♒

My BelovedWhere stories live. Discover now