Im Group ၏ ရုံးချုပ်ရှေ့သို့ ကားသေး
သေးလေးတစ်စီးရပ်လိုက်တာနဲ့ အပေါက်
ဝမှာရပ်နေတဲ့လုံခြုံရေးမှူးတစ်ယောက်
ပျာပျာသလဲကားဆီသို့ပြေးလာပြီး
Driver seat ဘက်ကကားတံခါးကို
ဖွင့်ပေးလိုက်၏။Yoona ကားပေါ်ကဆင်းပြီးတာနဲ့
ဘေးမှာအဆင်သင့်ရပ်နေသည့်လုံခြုံ
ရေးဝန်ထမ်းကို ကားသော့ပစ်ပေးလိုက်
ပြီး......"ကြာမှာဆိုတော့ ကားကို parking
မှာသွားထားပေးပါ""Nae......"
Company ထဲဝင်လိုက်တာနဲ့
အထဲမှာရှိတဲ့ဝန်ထမ်းတွေအားလုံးက
ကျွန်မကိုတွေ့တော့ အံ့ဩသွားကြပြီး
မှ ဦးညွတ်ကာနှုတ်ဆက်ကြသည်။
အေးပေါ့လေ ကျွန်မကလည်းတစ်နှစ်
နေလို့မှ ဒီကိုတစ်ခေါက်မလာလိုတော့
သူတို့အံ့ဩမယ်ဆိုရင်လည်းမထူးဆန်း
တော့ပါဘူး။ ဝန်ထမ်းတွေကိုပြန်ပြုံးပြ
နှုတ်ဆက်ပြီးတာနဲ့ Appa ၏ရုံးခန်းရှိ
ရာ အပေါ်ဆုံးထပ်သို့ သွားရန် ဓာတ်
လှေကားထဲဝင်လိုက်သည်။ ဓာတ်လှေ
ကားထဲမှာ ကျွန်မထက်အရင်ရှိနေပြီးသား
အနောက်တိုင်းဝတ်စုံကိုသေသေသပ်သပ်
ဝတ်ထားပြီး ဆွဲဆောင်မှုရှိလွန်းလှတဲ့
ယောကျာ်းလေးတစ်ယောက်၊ သူက
ကျွန်မဝင်လာတော့ သိတဲ့ပုံစံနဲ့ပြုံးပြပြီး
နှုတ်ဆက်လာသည်။"မင်္ဂလာပါ ဗျာ၊ ဥက္ကဌ ကြီးရုံးခန်းကို
သွားမလို့နဲ့တူတယ်နော်""မင်္ဂလာပါ၊ ကျွန်မကိုသိတယ်လား"
"Nae....သိတာပေါ့၊ ကျွန်တော်က
ဒီမှာဝန်ထမ်းဖြစ်နေတာ ၃ နှစ်လောက်
ရှိနေပြီးမှ Ms.Im ကိုမသိရင် ကျွန်တော်
ရူးနေလို့ဘဲဖြစ်မှာပေါ့""ဟုတ်ပါပြီ၊ ရှင်ကကျွန်မကိုသိပေမယ့်
ကျွန်မကရှင့်ကိုမသိဘူးလေ၊ အဲဒီတော့
ရှင့်ကိုဘယ်လိုခေါ်ရမလဲ""Nae..... Chaw နာမည်က......."
သူ့နာမည်ကိုပြောမလို့ပြင်နေတုန်း
သူနှိပ်ထားတဲ့အထပ်ကိုရောက်ပြီး
ဓာတ်လှေကားတံခါးပွင့်လာတော့သူက
ဆက်မပြောတော့ဘဲနဲ့ ကျွန်မကိုဦးညွတ်
ပြကာ....."Chaw သွားမယ့်အထပ်တောင်
ရောက်နေပြီ၊ နောက်မှပဲ Chaw နာမည်
ကိုပြောပြပါ့မယ်၊ ပြန်ဆုံခဲ့ရင်ပေါ့
အခုတော့ခွင့်ပြုပါဦးအလုပ်ရှိသေးလို့ပါ"