Two Bodies,One Soul{Part - 1}

1.5K 104 15
                                    



ပုံမှန်အတိုင်းဖက်အိပ်နေကျ
ဖက်လုံးကခါတိုင်းထက်နူးညံ့နေကာ
ပုံမှန်ထက်လည်းနွေးထွေးနေသည့်
အထိအတွေ့ကြောင့် ရင်ခွင်ထဲက
ဖက်လုံးကြီးကို ပို၍တိုးဖက်လိုက်ပြီး
ခံစားနေရသည့်နွေးထွေးမှုကိုပို၍
ရရှိအောင်လုပ်ယူနေမိသည်။

Yoona ဖက်ထားရသည့်ဖက်လုံးကြီးက
ခါတိုင်းထက်လည်းပြောင်ချောနေပြီး
ကိုင်လို့ကောင်းနေတာမို့ လက်လှမ်းမီရာ
ခပ်ဖွဖွပွတ်သပ်နေမိကာ ကြာလာတော့
အသည်းယားလာမိ၍ ကိုင်ယုံတင်
အားမရတော့ဘဲ အားရပါးရကိုက်
ချလိုက်မိသည်။

"အင့်....."

အိပ်တစ်ဝက်နှိုးတစ်ဝက်အခြေအနေမှာ
ရောက်နေသည့် Yoona ကြားလိုက်
ရသည့်အသံကြောင့် သူမကိုက်လိုက်
မိသည့်ဖက်လုံးကြီးကို မျက်စိတစ်ဖက်
ဖွင့်ကာငုံ့ကြည့်လိုက်မိသည်။

"ဟင်"

မီးရောင်မှိန်မှိန်ဖြင့် ခပ်ရေးရေးမြင်လိုက်
ရသည့်မြင်ကွင်းကြောင့် Yoona
'ဟင်' ခနဲဖြစ်သွားပြီး မျက်လုံးနှစ်ဖက်လုံး
ပြူးကျယ်သွားကာ အိပ်ချင်စိတ်တွေက
နေထွက်လာလို့ မြူကင်းသွားသဘိကဲ့သို့
လွင့်ပါးကုန်သည်။

ဖက်လုံးထင်၍အားပါးတရ ဖက်ထားတာကလည်း
ဖက်လုံးမဟုတ်တော့ဘဲ
တစ်ကိုယ်လုံး naked
ဖြစ်နေသည့် သူမ၏ပူပူနွေးနွေးဇနီး
လေးဖြစ်နေသည်။

သူမ၏ဇနီးက ဘယ်ချိန်ကတည်းက
အဝတ်မဲ့နေသည်မသိဘဲ Yoona
ဖက်ထားရာကနေလွတ်လိုက်တာမို့
အေးသွားတာကြောင့်ထင်သည်
အနွေးဓာတ်ရှိရာသူမ၏ ရင်ခွင်ထဲကို
ပြန်တိုးဝင်လာသည်။

သူမမြင်နေရသည့် ပန်းပုထုထား
သကဲ့သို့ပြည့်စုံလှသည့်
အလှတရားကြောင့် Yoona
ရင်ထဲမှာဘင်ခရာဝင်တီးနေသလို
တဒုန်းဒုန်းမြည်နေပြီး တစ်ကိုယ်လုံး
ရှိန်းတိန်းဖိန်းတိန်းဖြစ်လာ၏။

ဒီအခြေအနေအတိုင်းဆိုပါက
ကြာလျှင်ခက်တော့မည်မို့
Sooyeon ကိုသူမရင်ခွင်ထဲက
အသာထုတ်လိုက်ပြီး စောင်ကိုသေချာ
ခြုံပေးထားလိုက်သည်။

Sooyeon ကဘယ်လောက်ထိ
အိပ်မောကျနေသည်မသိ
အဲလောက်လှုပ်လှုပ်ရှားရှားလုပ်နေ
သည်ကိုမနှိုးလာဘဲ အွန်း...အဲ
မြည်ကာအိပ်ပျော်နေပြန်သည်။

My BelovedWhere stories live. Discover now