ခန်းဆီးကြားထဲမှတိုးဝင်နေသည့်
နေရောင်ခြည်က အပြင်ဖက်မှာ
နေအတော်မြင့်နေပြီဆိုသည့်အကြောင်းအတိုင်းအတာတစ်ခုထိ ပူပြင်းနေသည့် အပူချိန်နဲ့အတူ အေးချမ်းစွာအိပ်ပျော်
နေသည့်မိန်းကလေးနှစ်ယောက်ကြား
တိုးဝှေ့ရင်း နေ့သစ်ကိုကြိုဆိုသင့်ပြီ
ဆိုတာကိုသတိပေးနေပေမယ့်
တစ်ယောက်ရင်ခွင်ထဲတစ်ယောက်
တိုးဝင်ဖက်တွယ်ကာ ကြည်နူးစရာ
အိပ်မက်ကမ္ဘာလေးထဲရောက်နေသည့်
မိန်းကလေးနှစ်ယောက်ကတော့
အပူအပင်ကင်းကင်းအိပ်ပျော်နေဆဲ။ထိုသို့ အေးချမ်းနေသည့်မိန်းကလေး
နှစ်ယောက်၏အိပ်မက်ကမ္ဘာလေးကို
ကျယ်လောင်စွာထွက်ပေါ်လာသည့်
ဖုန်းမြည်သံတစ်ခုက နှောင့်ယှက်လာ၏။လစ်လျူရှူထားလို့မရသည့်
ကျယ်လောင်လှသည့်ဖုန်းမြည်သံက
မိန်းကလေးတစ်ယောက်၏
အိပ်မက်ကမ္ဘာလေးကို ဖျက်ဆီးနိုင်
ခဲ့ပါသည်။ကုတင်ဘေးစားပွဲပေါ်တင်ထားသည့်
သူမ၏ဖုန်းမှ အရပ်မနားထွက်လာသည့်
ဖုန်းသံကြောင့် Yoona အိပ်ချင်မူးတူးနဲ့
မျက်လုံးမဖွင့်သေးဘဲ လက်နဲ့အသံလာရာ
မှန်းဆလိုက်သည်။ဟိုစမ်းဒီစမ်းနဲ့ သူမလက်ထဲဖုန်းက
ရောက်လာပေမယ့် ခေါ်ဆိုသူကိုကြည့်နိုင်
လောက်အောင်မျက်လုံးနှစ်ဖက်လုံး
မဖွင့်နိုင်သေးတာမို့ ဖွင့်လို့ရသည့်
မျက်လုံးတစ်ဖက်နဲ့ပဲ မနည်းပြူးပြဲ
ကြည့်ကာအစိမ်းရောင်ခလုတ်ကို
နှိပ်၍ ပျင်းတိပျင်းရွဲနဲ့လေးကန်စွာ
ထူးလိုက်၏။"Hello"
"Yoona Ya...မနေ့ညကအခြေအနေ
ကောင်းရဲ့လားဟင်"အခုမှအိပ်ရာနှိုးခါစမို့ အသိစိတ်က
ကောင်းကောင်းမကပ်သေးချိန်မှာ
အဆက်အစပ်မရှိမေးလာသည့်
မေးခွန်းပိုင်ရှင်၏အသံကို ရင်းနှီး
နေပေမယ့်လည်း ဘယ်သူဆိုတာကို
စဉ်းစားမရဘဲ သူမဘက်က
မေးခွန်းပြန်ထုတ်လိုက်သည်။"Nae.....ဘယ်သူလဲမသိဘူး?"
"Ya....Im Yoona နင်ကတစ်ညထဲနဲ့
ငါ့အသံကိုတောင်မမှတ်မိတော့ဘူး
ပေါ့လေ၊ ဘယ်သူရမှာလဲ၊
နင့်ကျေးဇူးရှင် Taeyeon လေ၊
Kim Taeyeon........လောကကြီးမှာ
နှစ်ယောက်မရှိတဲ့ Kim Taeyeon
သေချာမှတ်ထားငါ့နာမည်ကို"
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်