First Impression & Little Trouble

1.5K 106 7
                                    

Sooyeon ပန်းချီဆွဲဖို့ထွက်လာတဲ့နေရာ
လေးက သာယာလှပပြီးကြည်လဲ့နေတဲ့
ရေကန်လေး၊ ကန်ရဲ့ဘေးပတ်လည်
နီးပါး အရိပ်ရတဲ့ သစ်ပင်လေးတွေလည်း
ရှိပါတယ်၊ တိတ်ဆိတ်အေးချမ်းပြီး လူ
လည်းအများကြီးမရှိပဲ၊ သာယာနာပျော်
ဖွယ်တေးသီနေတဲ့ငှက်တစ်ချို့လည်း
ရှိတာကြောင့် သူမ ပတ်ဝန်းကျင်ကို
မေ့ကာ ပန်းချီထဲစိတ်နှစ်ပြီး သက်ဝင်တဲ့
အနုပညာတစ်ခုကို ပုံဖော်နေတယ်။

တစ်ခဏကြာ စိတ်ဝင်တစားဆွဲနေရင်း
မျက်စိကိုခနအနားပေးဖို့ ပတ်ဝန်းကျင်
ကို တစ်ချက်ဝေ့ကြည့်တော့ သူ့ရှေ့က
သစ်ပင်အောက်မှာ မည်သည့်အချိန်က
ရောက်လာမှန်းမသိတဲ့ ကောင်မလေး
နှစ်ယောက်၊ တစ်ယောက်က အရပ်နည်း
နည်းပိုရှည်ကာ ကြည့်ကောင်းတဲ့ရုပ်ရည်
နဲ့ ဖြစ်ကာ၊ ကျန်တစ်ယောက်ကတော့
သာမန်ရုပ်ရည်လောက်မျှသာဖြစ်သည်။

"ဟိုအရပ်ပိုရှည်တဲ့တစ်ယောက်ကို
ငါမြင်ဖူးပါတယ်၊ ဘယ်မှာပါလိမ့်......
Arrr.. သိပြီ TV ထဲမှာ Im Group
ကပဲ Mr.Im ရဲ့ သမီး Im Yoona
ငါကြားထားတဲ့သတင်းကိုအစကမဖြစ်
နိုင်ဘူးထင်တာ၊ အခုတော့ တကယ်ပဲ
ဒီလိုတိတ်ဆိတ်တဲ့နေရာမှာကို ကောင်
မလေးတစ်ယောက်နဲ့ လာချိန်းနေတယ်
ရုပ်ကိုကြည့်တော့ကလေးလိုနဲ့ထင်
တောင်မထင်ထားဘူး၊ သူ့အဖေကတော်
ပြီးအများကလေးစားရသလောက်သူ
ကတော့ အထင်ကြီးစရာတစ်ကွက်မှ
မရှိဘူး၊ ထားလိုက်ပါတော့လေ
သူလိုလူအကြောင်းအချိန်ကုန်ခံပြီး
တွေးနေစရာအကြောင်းလည်းမရှိပဲနဲ့
ငါ့ပန်းချီဆွဲနေတဲ့ feel တောင်ပျက်တယ်"

Yoona တို့ဖက်ကြည့်နေတာကို မျက်နှာ
လွဲကာ သူမပန်းချီကားဆီကိုပဲ အာရုံပြန်
စိုက်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို
နောက်တစ်ခါပြန်မေ့သွားလေသည်။

Yoona လည်း သူနဲ့ပါလာတဲ့ NaNa
ကိုကြည့်ကာ စကားပြောနေရင်း
တစ်ယောက်ယောက်က စိုက်ကြည့်နေ
သလိုခံစားရတာကြောင့် ဘေးဘီဝဲယာ
ကိုမျက်စိကစားမိတော့ သူနဲ့ သိပ်မဝေး
တဲ့နေရာမှာပန်းချီဆွဲနေတဲ့ မိန်းကလေး
တစ်ယောက်......

" Oh.... ကြည့်ပါအုံး ပန်းချီဆွဲနေတဲ့
သူမမျက်နှာလေးနဲ့ ပုံစံကဂန္တဝင်ဆန်
လိုက်တာ၊ တော်တော်လှတဲ့အမျိုးသမီး
ပါလား"

My BelovedWo Geschichten leben. Entdecke jetzt